ဆရာတော်များ၏ဂုဏ်ကျေးဇူးများအားခြေတော်ဦးခိုက် ရှိခိုးကန်တော့ပါ၏ဘုရား
ဆရာလေးနှင့် သုကုမာရ
2008년 11월 30일 일요일
ပညာတတ်ဟုဆိုသည်မှာ
တရားတော်တွေကို စဉ်းစားနေရတာ စိတ်ချမ်းသာတယ်။
လောကကြီးအကြောင်း တွေးနေရတာ သံဝေဂဖြစ်တယ်။
ကိုယ့်စိတ်ကို ချမ်းသာအောင် မထားတတ်သေးဘူးဆိုရင်
မိမိမှာ ဘာပညာမှမတတ်သေးဘူးလို့မှတ်ပါ။
(မဟာဂန္ဓာရုံဆရာတော်- အရှင်ဇနကာဘိဝံသ)
စိတ်စွမ်းအင်
အဓိကပန်းတိုင်ထားရမည်၊ ထိုစိတ်ကို ပုံမှန်ထား၍ ကံ၊ ဥာဏ်၊ဝီရိယ စွမ်းအင်ကို
အခြေအနေအလျောက် အရင်းတည်ပြီး မနေမနား ကျိုးစားလေ့ရှိသူများသည်
ထန်းပင်၊ ပေပင်ကြီးများကဲ့သို့ အစဉ်တိုးတက်နေကြသည်။
မရိုးသားသူများအပါ် ကျော်တက်သွားမြဲဖြစ်သည်။
ရိုးသားဖြောင့်မတ်သူများသည် မရိုးသားသူများကို နောက်ချန်ထားခဲ့ကြမြဲဖြစ်သည်။
(တောင်တန်းသာသနာပြုဆရာတော်-ဦးဥတ္တမသာရ)
စိတ်သန့်ရှင်းပါစေ
စိတ်ကို မထိခိုက် မနစ်နာအောင် ကျိုးစားရပါမယ်။
ခန္ဓာကိုယ်က မစင်ကြယ်သေးတဲ့ အရာတွေ ထားလိုက်ပါအုန်း၊
စိတ်၌ဖြစ်တဲ့ အညစ်အကြေးတွေကိုတော့ အရင်ဆေးကြောပါ။
စိတ်ဟာ ကိလေသာ အညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်နေပြီဆိုရင်
ခန္ဓာကိုယ်ကြီး ပုတ်နေသော်လည်း အဲဒီစိတ်စင်ကြယ်နေတဲ့ ပုဂ္ဂိုလ်ဟာ
ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်ပါ။
ခန္ဓာကိုယ်၌ ရောဂါဖြစ်နေရင် အဲဒီရောဂါကို အသာထားပြီး
စိတ်၌ဖြစ်တဲ့ရောဂါကို အရင်ကုသဆုံးမပါ။
2008년 10월 17일 금요일
ပျိုးခင်းနှင့် ပိုးတစ်သင်း
ထား သတိကြီး
ဒီစာကို Select ပေးပြီးရေးပါ...
Type the rest of your post here.
2008년 10월 13일 월요일
မမြဲခြင်းဟာ ဒုက္ခပါဘဲ
2008년 10월 12일 일요일
အအေးဓာတ်ပိုင်ချင်ရင် အအေးဓာတ်ပိုင်ရှင်ကို သတိရပါ
2008년 10월 11일 토요일
ကုသိုလ်ပင်ရင်းအနှစ်ပွားလာလို့ အခုလိုမြင်ချင်းချစ်သွားကြတာပါ
2008년 8월 26일 화요일
ပရဟိတမြတ်ဗုဒ္ဓ
အမြင်ထူးခြား၊ လွန်သနား၍၊ အများအကျိုး၊
ကောင်းရာတိုးဖို့၊ ကိုယ်ကျိုးစွန့်ခွာ၊ ဖြည့်ကျင့်ကာ၊
မြတ်စွာဗုဒ္ဓ ပေါ်လာသည်။
ဒုက္ခလွတ်ရန်၊ ချမ်းသာရန်နှင့်၊ အမှန်ကယ်ရေး၊
နည်းလမ်းပေးဖို့၊ ဖြူဖွေးနှလုံး၊ အစဉ်သုံးကာ
ဖြည့်ကျင့်လာ၊ မြတ်စွာဗုဒ္ဓ၊ ပေါ်လာသည်။
ပရဟိတ၊ မြတ်ဗုဒ္ဓ၊ ထူးလှအာဇာနည်။
2008년 8월 23일 토요일
ခွင့်လွှတ်နားလည်ပေးတယ်ဆိုတာရှုံးနှိမ့်ခြင်းမဟုတ်
ခွင့်လွှတ်တယ်ဆိုတာ အနိုင်ယူတာလည်းမဟုတ်ဘူး၊
အရှုံးပေးတာလည်းမဟုတ်ဘုး၊
အထက်စီးကနေတာလည်းမဟုတ်ဘူး၊
အောက်ကျို့တာလည်းမဟုတ်ဘူး၊
ခွင့်လွှတ်လိုက်တာဟာ ကိုယ့်ကိုယ်ကို
လွတ်လပ်မူ့ပေးလိုက်တာပါ၊
ကိုယ့်စိတ်ကို ငြိမ်းချမ်းခွင့်ပေးလိုက်တာပါဘဲ၊
ငါအရှုံးပေးလိုက်ရတယ်လို့စိတ်မကောင်းမဖြစ်ပါနဲ့၊
ငါ့ စိတ်အေးချမ်းမူ့ရသွားတယ်လို့ဝမ်းသာပီတိဖြစ်ပါ။
2008년 8월 22일 금요일
ခွင့်လွှတ်ခြင်းဟာစွမ်းအား
ခွင့်လွှတ်နိုင်ခြင်းဟာ အလွန်ကြီးမားတဲ့ စွမ်းအားဖြစ်တယ်၊
ခွင့်လွှတ်တယ်ဆိုတာ စိတ်ဓာတ်ရော အသိဥာဏ်ပါ
ကြီးမားတဲ့သူရဲ့ လုပ်ရပ်ဖြစ်တယ်
ခွင့်မလွှတ်နိုင်တာဟာ စိတ်ဓာတ်ကော အသိဥာဏ်ပါ
အင်အားနည်းသေးတဲ့သူရဲ့ အလုပ်ဖြစ်တယ်
မိမိကသူတပါးရဲ့ ခွင့်လွှတ်နားလည်မူ့ကို လိုချင်ရင်
သူတပါးအပေါ်ကို မိမိကခွင့်လွှတ်တတ်အောင်ကျိုးစားရမယ်။
ကိုယ့်လောကကျယ်အောင်စိတ်ကိုပြင်ပါ
လူထဲကလူဖြစ်နိုင်အောင်အမြဲတမ်းကျိုးစားရမယ်
မိမိစိတ်ကို မိမိမှတပါးပြင်ဆင်နိုင်မည့်သူမရှိပါ
သဘောထားကြီးအောင်စိတ်ကိုပြင်ပါ
သဘောထားကြီးပြီးဆက်ဆံရေး အဆင်ပြေလာရင်
ကိုယ့်လောကဟာလည်း ကျယ်လာမှာပါ။
2008년 8월 19일 화요일
မိနှင့်ဘ
* အကျိုးလိုကာ၊ မေတ္တာဖြူဖွေး၊ အရိပ်ပေး၊
ငြိမ်းအေးကူမ၊ မိနှင့် ဘ။
* သမီးနှင့်သား၊ သနားကျင်နာ၊ ယုယကာ
ကောင်းစွာဖေးမ၊ မိနှင့် ဘ။
*တိုးတက်ကြီးပွါး၊ အောင်မြင်သွားမှု
စိတ်ထားဖြူစွာ၊ မုဒိတာ၊
ဝမ်းသာရွှင်ပြ၊ မိနှင့် ဘ။
* ကိုယ့်လမ်းကိုယ်သွား၊ ကိုယ့်အားကိုယ်ကိုး၊
စွမ်းရည်တိုးလာ၊ ဥပေက္ခာပြု၊
လျစ်လျူရှု့ကြ၊ မိနှင့် ဘ။
2008년 8월 18일 월요일
ဗုဒ္ဓခေတ်မြတ်တွေ့ကျိုးနပ်အောင်
မမြဲဆင့်ကဲ၊ စိပ်မြဲစိပ်ပါ
မဖြတ်ပါနှင့်။
အကျိုးနိဗ္ဗာန်၊ မျှော်ရိုးမှန်က
ရုပ်၊ နာမ်ခွဲခြား၊ ကျင့်တရားသာ
သံသရာဝဋ်၊ ထွက်လွတ်စေကြောင်း
လမ်းမှန်ကောင်းဟု၊ ညွတ်ပျောင်းစိတ်ထဲ
ယုံကြည်စွဲလျှက်၊ အမြဲနေ့ည
ဝိပဿနာ၊ ဘာဝနာကို
ခိုင်မာဆန္ဒ၊ ကြိုးလုံ့လမှ
ဗုဒ္ဓခေတ်မြတ်၊ တွေ့ကျိုးနပ်မည်
ကြပ်ကြပ်သတိ၊ ရှိပါလေ။
မှတပါးအခြားမရှိ
ပျိုရွယ်ခြင်းဟာ၊ အိုမင်းခြင်း...
2008년 8월 17일 일요일
မင်္ဂလာသင်ကြစို့
မကြိုးစားက၊ တို့များဘာသာ၊ ဆုတ်ယုတ်မှာမို့၊
ဘာသာတရား၊ တည်တံ့ပွားအောင်၊
တို့များညီညာ၊ လက်တွဲကာဖြင့်၊
မင်္ဂလာတရား၊ စာပေများကို၊
သင်ကြားကျင့်သုံးကြပါစို့။
မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ။
ဥစ္စာမွဲက၊ လူ့ဘဝ၊ အောက်ကျလွန်းလှသည်။
သီလမပါ၊ ဖြစ်လေရာ၊ ရောဂါထူတတ်သည်။
ရောဂါထူက၊ မရွှင်ပြ၊ ဒုက္ခကြီးလှသည်။
ဘာဝနာမပါ၊ ဖြစ်လေရာ၊ ပညာမဲ့တတ်သည်။
ပညာမဲ့က၊ လူ့ဘဝ၊ အသုံးမကျပြီ။
ဒါန၊ သီလာ၊ ဘာဝနာ၊သုံးဖြာပြုသင့်သည်။
ကုသိုလ်မပါ၊ သံသရာ၊ ရှည်ကြာဆင်းရဲသည်။
ကုသိုလ်ပြုမှ၊ကောင်းကျိုးရ၊ ဒုက္ခကင်းဝေးမည်။
ဒုက္ခကင်းလို၊ များလူဗိုလ်၊ ကုသိုလ်ပြုရမည်။
ဆုတောင်းတိုင်းပြည့်လိုသော်
ထိုထိုများစွာ၊ သတ္တဝါ၌
သဒ္ဓါ၊ သီလ၊ သုတ၊ စာဂါ
ပညာတရား၊ ဤငါးပါးနှင့်
ပြည့်ငြားသူသာ၊ လိုရာရာလျှင်
ပတ္ထနာဆုတောင်း၊ တောင်းတိုင်းမုချ
ရတတ်စွတည်း။
(မဃဒေဝလင်္ကာသစ် အပိုဒ်...၂၅၃)
စစ်ကိုင်းရွှေဟင်္သာဆရာတော်ဘုရားကြီးသြဝါဒ
အများအကျိုး၊ ရွက်သယ်ပိုးက
ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း
မရွဲ့မစောင်း၊ ကိုယ့်လမ်းကြောင်းကို
စိတ်ကောင်းနှင့်ယှဉ်၊ ရှေးရှု့နှင်လော့။
2008년 8월 16일 토요일
မင်း၊ သူ၊ ငါ ညီညာမှ
၁။ ငါ မပါ ဘယ်ဟာမှမပြီး၊
ငါ့ ချည်းတော့လည်း ဘယ်ဟာမှမပြီး
၂။ သူ မပါ ဘယ်ဟာမှမပြီး
သူ ချည်းတော့လည်း ဘယ်ဟာမှမပြီး
၃။ မင်း မပါဘယ်ဟာမှ မပြီး
မင်း ချည်းတော့လည်း ဘယ်ဟာမှမပြီး
၎။ မင်း သူ ငါ ညီညာစုံမှ၊အလုံးစုံ အကုန်ပြီး
ပေါင်းကြစုစည်း
(မြင်းမူ၊ ထီးဆောင်းရွာဆရာတော် ဦးစက္ကပါလ)
သာသနာနဲ့တွေ့ရကျိုးနပ်အောင်
ကုသိုလ်မှ ရမသွားဘူးဆိုရင် သာသနာတော်နှင့် တွေ့ရကျိုးမနပ်ဘူး။
ဘာကြောင့်လဲဆိုတော့ ဒါန၊ သီလ၊ သမထ ကုသိုလ်ဆိုတာတွေက
သာသနာပမှာလဲရှိတယ်၊ ဝိပဿနာ ကတော့ သာသနာပမှာ မရှိဘူး။
ဒါကြောင့်ပါပဲ
(မဟာစည်ဆရာတော်)
မြတ်စွာဘုရာရှင်နှင့် သုဘလုလင် အမေးအဖြေ
လောကမှာ လူချင်းတူပါလျှက် အဘယ့်ကြောင့် အသက်တို.ရှည်၊ ရောဂါများ..ကင်း၊ ရုပ်အဆင်းလှ..မလှ၊
ခြွေရံများ..နည်း..၊ ချမ်းသာ..ဆင်းရဲ၊ မျိုးနွယ်ယုတ်..မြတ်၊ ဥာဏ်ကောင်း..မကောင်းကွဲပြားရပါသနည်း?
* ဘုရားရှင်အဖြေ *
၁။ သူများအသက်၊ သတ်သည့်တွက်၊ အသက်ကိုယ့်မှာတို။
၂။ မသတ်ရှောင်းရှား ၊ထိုသူများ၊ ရှည်လျားအသက်ကို။
၃။ နှိပ်စက်ကလူ ၊ညှင်းဆဲသူ ၊ပြောထူရောပါဆို။
၎။ သနားစိတ်သွင်း၊ မနှိမ်နင်း၊ ကင်းရှင်းရောဂါကို။
၅။ ထန်ပြင်းဒေါသ၊ ကြီးတတ်က၊ အလှပျက်မည်ဆို။
၆။ ဒေါသကင်းစင်၊ မေတ္တာယှဥ၊် ကြည်လင်လှသကို။
၇။ မနာလိုပြန၊် ဣဿာထန၊် ခြံရံကင်းမည်ဆို။
၈။ ဣဿာမထား၊ ဝမ်းမြောက်ငြား ၊ပေါများခြွေရံကို။
၉။ မလှူမတန်း၊ မပေးကမ်း ၊ခြောက်ခမ်းဥစ္စာဆို။
၁၀။ စွန့်ကြဲလေတ၊ုံ ပြုပါကုန၊် ကုံလုံကြွယ်ဝလို။
၁၁။ မာန်မာနကြွယ်၊ ထိုသူဝယ၊် မျိုးနွယ်ညံ့မည်ဆို။
၁၂။ ထိုက်သူရိုကျိုး၊ မာန်ကိုချိုး၊ အမျိုးမြတ်သကို။
၁၃။ သိဖွယ်ဟူသမျှ၊ မမေးက၊ ဖျင်းအပညာဆို။
၁၄။ ကြားမြင်များအောင်၊ မေးလေ့ဆောင၊် ခုနောင်တတ်သိလို။
(ဆရာတော် အရှင်ဇနကာဘိဝံသ)
အားကိုးရာအစစ်
မိတ်ဆွေအစစ်ကား...... ကံ ,ဥာဏ် ,ဝီရိယ
ရန်သူအစစ်ကား...... လောဘ, ဒေါသ, မောဟ
နေ့စဉ်အလုပ်ကား...... ဒါန, သီလ, ဘာဝနာ
နှလုံးသွင်းရန်အစစ်ကား...... အနိစ္စ ,ဒုက္ခ ,အနတ္တ
အမြဲတမ်းလက်ကိုင်ထားရန်ကား...... ခန္တီ ,မေတ္တာ, သစ္စာ
( တရားကိုသာ အားကိုးပါ၊ အရာရာ ပြီးမြောက်၏။
နှေးတာမြန်တာ၊ ဤမျှသာ၊ ကွာဟတာပဲခြားနား၏။)
ဖတ်ပါ မှတ်ပါ လိုက်နာပါ
၂။ စာဖတ်တတ်ပါလျှက် မဖတ်သောသူသည် အသွားရှိပါလျှက် မခုတ်ဘဲထားသော ဓားနှင့်တူ၏။
၃။ စာဖတ်ပါလျှက် မှတ်သားခြင်းမရှိသူသည် ရေပြင်၌ရေးထားသော အရုပ်နှင့်တူ၏။
၎။ မှတသားပါလျှက် ကျိုးကြောင်းမှန်မှား မစဉ်းစားသောသူသည် အစာအဟာရကို
ညက်ညက်ဝါးမစားဘဲ မျိုချ၍စားသောသူနှင့်တူ၏။
၅။ ကျိုးကြောင်းမှန်မှား စဉ်းစားပြီး အမှန်ကိုသိပါလျှက်နှင့် လက်ခံကျင့်သုံးခြင်း
မရှိသောသူသည် ဟင်းလျှာ၏အရသာကို မြည်းစမ်းကြည့်ပြီးကောင်းမှနးသိပါလျှက်နှင့်
မစားသုံးသောသူနှင့်တူ၏။
(ဗုဒ္ဓဓမ္မလောကစာစောင်မှ)
* Read, Note and follow! *
1. One who does not know the three Rs is like a blind man.
2. One who knows how to read but who does not read is like
a sword blade that is never used.
3. One who reads but does not what he reads is like a picture written
on the water of a river.
4. One who notes what he reads irrespective of right or wrong,
is like a person who swallows his food down his throat without eating it properly.
5. One, who fails to follow in practice what he notes correct,
is like a person who does not eat the fod he has tasted as good.
(Buddha Dhamma Loka)
2008년 8월 15일 금요일
ပညာမတတ်သောသဋ္ဌေးသားအကြောင်း
ရှေးသရောအခါ၊ ပြည်ဗာရာဝယ်
ကုဋ္ဋေကြွယ်သား၊ သဋ္ဌေးအားလျှင်
သားတစ်ယောက်ဖြစ်၊ ချစ်၍တစေ
အိမ်မှာနေ၍၊ စာပေမကျ
မိဘစုတေ့၊ ခန္ဓာရွေ့သော်
အရှေ့အနောက်၊ တောင်မြောက်ဘယ်ညာ
မသိပါငြား၊ သူဋ္ဌေးသားသည်
သိုထားမတတ်၊ အရပ်ရပ်၌
နှံအပ်ဥစ္စာ၊ ရှိသည်ငှာကို
များစွာကျွန်ပေါင်း၊ မကောင်းခိုးသူ
ယူ၍ပြေးရှောင်း၊ အိမ်ကိုရောင်း၍
ထောင်းထောင်းကြေလျှက်
ခွက်လက်စွဲကာ၊ တောင်းစားပါလည်း
နင်သာလူမိုက်၊ ဒုစရိုက်ဟု
ရိုက်ပုတ်လိုက်ကြ၊
ရွာမှထွက်လေ၊ တောမှာသေသည်
ကောင်သေလင်းတ ကျ၏တည်း။
(ဆားတုံဆရာတော်)
အသင်းအဖွဲ့ပျက်စီးကြောင်း
ငွေသဘော၌၊ ချောမောမပြေ
ဤသုံးထွေ၊ မှတ်လေသင်းပျက်ကြောင်း။
ပညာပြည့်ဝနှလုံးလှ
ကိစ္စကြီးငယ်၊ ဆောက်သဖွယ်လျှင်
ကျဉ်းကျယ်ထွင်းဖောက်
ပြတ်တောက်လိုရာ၊ ပြီးနိုင်စွာ၏။
(မဃဒေဝ)
မှတ်ဖွယ်မှတ်ရာ
ရှာ၍မပြတ်၊ အိမ်တွင်ဖတ်။
ဖတ်ပြန်သော်ကား၊ ဖတ်ပြန်များက
သားမယားပင်၊ သိမြင်ကင်းကွာ
မလိမ္မာလည်း၊ စာပေစကား
နေ့တိုင်းကြားက
ထူးခြားလိမ္မာ ရှိသည်သာတည်း။
(ရှင်မဟာရ ဋ္ဌသာရ)