"မြင်မြင်ချင်းကွယ် ၊ ဘာကြောင့်များချစ်ချင်တယ်
ဘဝဟောင်းက၊ ပျို့ဆုတောင်းကြောင့်ထင်တယ်,
ဆိုတဲ့စာသားလေးရှိတယ်နော်။
အမှန်က
ဆုတောင်းသက်သက်နဲ့တော့ မြင်မြင်ချင်း
မချစ်နိုင်ပါဘူး။
စိတ်တူ ကိုယ်တူ
ကုသိုလ်အတူတူ ပြုခဲ့ဖူးမှ
တစ်ယောက်အကျိုးတယောက်
မေတ္တာအပြည့်နဲ့ ဆောင်ခဲ့ဖူးမှ
မြင်မြင်ချင်းချစ်နိုင်တာပါ။
အတိတ်က
ကုသိုလ်ကောင်းမှု့လည်း
အတူပြုခဲ့ဖူးမယ်၊
တစ်ယောက်နဲ့တစ်ယောက်
မေတ္တာသက်ဝင်ပြီး
ဘဝတိုင်း
ဆုံတွေ့ချင်စိတ်လည်းရှိမ်ဆိုရင်
ဆုံတွေ့တဲ့ဘဝမှာ
မြင်မြင်ချင်းချစ်သွားတတ်ကြပါတယ်။
မြင်မြင်ချင်းချစ်တယ်
ဆိုတဲ့နေရာမှာ
အမျိုးသားနှင့်အမျိုးသမီး
သမီးရည်စားချစ်
ချစ်သွားတာတစ်ခုတည်းကို
ဆိုလိုတာမဟုတ်ပါဘူး။
ညီအကိုလို၊ မောင်နှမလို
သားသမီးလို၊ မိဘလို ချစ်သွားတာတွေ
ချစ်တာအားလုံးပါဝင်ပါတယ်။
ဆရာတော်...အရှင်ဆန္ဒာဓိက
댓글 없음:
댓글 쓰기