လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

ဆရာတော်များ၏ဂုဏ်ကျေးဇူးများအားခြေတော်ဦးခိုက် ရှိခိုးကန်တော့ပါ၏ဘုရား

ဆရာလေးနှင့် သုကုမာရ

လယ်တီဆရာတော်ဘုရားကြီး၏ သုကုမာရဘာသာကို ဆရာလေးသီလရှင် ဝတ်တဲ့နှစ်မှာ စပြီးသင်ခဲ့ရပါတယ်၊သီလရှင်ဝတ်စတုန်းကတော့ မပျှော်ရင် ၁နှစ်တော့ဝတ်မယ်၊ ပျှော်ရင်တော့ ၃ နှစ်ဆိုပြီးတော့ပေါ့၊ သီလရှင်ဝတ်မယ်ပြောတော့ အားလုံးကသဘော မတူပါဘူး၊ အတိတ်ကရေစက်ကြောင့်လားတော့အသိဘူး၊ အခုသီလရှင်ဝါ- ၁၃-ဝါရှိသွား ပါပြီ၊ သုကုမာရဘာသာက မူလတန်းတုန်းကသင်ခဲ့ရတာပါ၊ အရမ်းစိတ်ဝင်စားတယ်၊ ဘာကြောင့်လည်းဆိုတော့ ကဗျာလေးတွေလိုကျက်ပြီး မှတ်ရလို့ပါ၊ စာပြန်တော့မယ်ဆို အလုအယက်ဘဲ ၊ဘယ်လောက်စိတ်ဝင်စားသလဲဆိုတော့ ၊ သီလရှင်ဘဝလေးမြဲသွား တာလဲ သုကုမာကြောင့်လို့ဘဲဆိုချင်ပါတယ်၊ အားလုံးလည်းသုကုမာရကို ဖတ်ဖြစ်အောင် ဖတ်စေချင်ပါတယ်။

သုခကာမီ ပညာရေးကျောင်း ကထိန်ပွဲ

2008년 8월 23일 토요일

ခွင့်လွှတ်နားလည်ပေးတယ်ဆိုတာရှုံးနှိမ့်ခြင်းမဟုတ်


ခွင့်လွှတ်တယ်ဆိုတာ အနိုင်ယူတာလည်းမဟုတ်ဘူး၊

အရှုံးပေးတာလည်းမဟုတ်ဘုး၊

အထက်စီးကနေတာလည်းမဟုတ်ဘူး၊

အောက်ကျို့တာလည်းမဟုတ်ဘူး၊

ခွင့်လွှတ်လိုက်တာဟာ ကိုယ့်ကိုယ်ကို

လွတ်လပ်မူ့ပေးလိုက်တာပါ၊

ကိုယ့်စိတ်ကို ငြိမ်းချမ်းခွင့်ပေးလိုက်တာပါဘဲ၊

ငါအရှုံးပေးလိုက်ရတယ်လို့စိတ်မကောင်းမဖြစ်ပါနဲ့၊

ငါ့ စိတ်အေးချမ်းမူ့ရသွားတယ်လို့ဝမ်းသာပီတိဖြစ်ပါ။

댓글 없음: