လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

ဆရာတော်များ၏ဂုဏ်ကျေးဇူးများအားခြေတော်ဦးခိုက် ရှိခိုးကန်တော့ပါ၏ဘုရား

ဆရာလေးနှင့် သုကုမာရ

လယ်တီဆရာတော်ဘုရားကြီး၏ သုကုမာရဘာသာကို ဆရာလေးသီလရှင် ဝတ်တဲ့နှစ်မှာ စပြီးသင်ခဲ့ရပါတယ်၊သီလရှင်ဝတ်စတုန်းကတော့ မပျှော်ရင် ၁နှစ်တော့ဝတ်မယ်၊ ပျှော်ရင်တော့ ၃ နှစ်ဆိုပြီးတော့ပေါ့၊ သီလရှင်ဝတ်မယ်ပြောတော့ အားလုံးကသဘော မတူပါဘူး၊ အတိတ်ကရေစက်ကြောင့်လားတော့အသိဘူး၊ အခုသီလရှင်ဝါ- ၁၃-ဝါရှိသွား ပါပြီ၊ သုကုမာရဘာသာက မူလတန်းတုန်းကသင်ခဲ့ရတာပါ၊ အရမ်းစိတ်ဝင်စားတယ်၊ ဘာကြောင့်လည်းဆိုတော့ ကဗျာလေးတွေလိုကျက်ပြီး မှတ်ရလို့ပါ၊ စာပြန်တော့မယ်ဆို အလုအယက်ဘဲ ၊ဘယ်လောက်စိတ်ဝင်စားသလဲဆိုတော့ ၊ သီလရှင်ဘဝလေးမြဲသွား တာလဲ သုကုမာကြောင့်လို့ဘဲဆိုချင်ပါတယ်၊ အားလုံးလည်းသုကုမာရကို ဖတ်ဖြစ်အောင် ဖတ်စေချင်ပါတယ်။

သုခကာမီ ပညာရေးကျောင်း ကထိန်ပွဲ

2008년 8월 16일 토요일

ဖတ်ပါ မှတ်ပါ လိုက်နာပါ

၁။ စာမဖတ်တတ်သောသူသည် မျက်မမြင်နှင့်တူ၏။

၂။ စာဖတ်တတ်ပါလျှက် မဖတ်သောသူသည် အသွားရှိပါလျှက် မခုတ်ဘဲထားသော ဓားနှင့်တူ၏။

၃။ စာဖတ်ပါလျှက် မှတ်သားခြင်းမရှိသူသည် ရေပြင်၌ရေးထားသော အရုပ်နှင့်တူ၏။

၎။ မှတသားပါလျှက် ကျိုးကြောင်းမှန်မှား မစဉ်းစားသောသူသည် အစာအဟာရကို

ညက်ညက်ဝါးမစားဘဲ မျိုချ၍စားသောသူနှင့်တူ၏။

၅။ ကျိုးကြောင်းမှန်မှား စဉ်းစားပြီး အမှန်ကိုသိပါလျှက်နှင့် လက်ခံကျင့်သုံးခြင်း

မရှိသောသူသည် ဟင်းလျှာ၏အရသာကို မြည်းစမ်းကြည့်ပြီးကောင်းမှနးသိပါလျှက်နှင့်

မစားသုံးသောသူနှင့်တူ၏။

(ဗုဒ္ဓဓမ္မလောကစာစောင်မှ)

* Read, Note and follow! *
1. One who does not know the three Rs is like a blind man.

2. One who knows how to read but who does not read is like

a sword blade that is never used.

3. One who reads but does not what he reads is like a picture written

on the water of a river.

4. One who notes what he reads irrespective of right or wrong,

is like a person who swallows his food down his throat without eating it properly.

5. One, who fails to follow in practice what he notes correct,

is like a person who does not eat the fod he has tasted as good.

(Buddha Dhamma Loka)

댓글 없음: