လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

ဆရာတော်များ၏ဂုဏ်ကျေးဇူးများအားခြေတော်ဦးခိုက် ရှိခိုးကန်တော့ပါ၏ဘုရား

ဆရာလေးနှင့် သုကုမာရ

လယ်တီဆရာတော်ဘုရားကြီး၏ သုကုမာရဘာသာကို ဆရာလေးသီလရှင် ဝတ်တဲ့နှစ်မှာ စပြီးသင်ခဲ့ရပါတယ်၊သီလရှင်ဝတ်စတုန်းကတော့ မပျှော်ရင် ၁နှစ်တော့ဝတ်မယ်၊ ပျှော်ရင်တော့ ၃ နှစ်ဆိုပြီးတော့ပေါ့၊ သီလရှင်ဝတ်မယ်ပြောတော့ အားလုံးကသဘော မတူပါဘူး၊ အတိတ်ကရေစက်ကြောင့်လားတော့အသိဘူး၊ အခုသီလရှင်ဝါ- ၁၃-ဝါရှိသွား ပါပြီ၊ သုကုမာရဘာသာက မူလတန်းတုန်းကသင်ခဲ့ရတာပါ၊ အရမ်းစိတ်ဝင်စားတယ်၊ ဘာကြောင့်လည်းဆိုတော့ ကဗျာလေးတွေလိုကျက်ပြီး မှတ်ရလို့ပါ၊ စာပြန်တော့မယ်ဆို အလုအယက်ဘဲ ၊ဘယ်လောက်စိတ်ဝင်စားသလဲဆိုတော့ ၊ သီလရှင်ဘဝလေးမြဲသွား တာလဲ သုကုမာကြောင့်လို့ဘဲဆိုချင်ပါတယ်၊ အားလုံးလည်းသုကုမာရကို ဖတ်ဖြစ်အောင် ဖတ်စေချင်ပါတယ်။

သုခကာမီ ပညာရေးကျောင်း ကထိန်ပွဲ

2008년 10월 12일 일요일

အအေးဓာတ်ပိုင်ချင်ရင် အအေးဓာတ်ပိုင်ရှင်ကို သတိရပါ


စိတ်အပူအလောင် မှန်သမျှ
ကင်းစင်တော်မှုသော မြတ်စွာဘုရား
လို့ပွားလိုက်တာနဲ့ တစ်ပြိုင်နက်
ကိုယ့်စိတ်ကလေးလည်း
အပူအလောင်တွေ
ချက်ချင်းကင်းပျောက်ပြီးတော့
အေးချမ်းသွားသလို ခံစားရပါတယ်။
တကယ်လည်းအေးချမ်းသွားပါတယ်။
စိတ်အညစ်အကြေးမှန်သမျှ
ကင်းစင်တော်မှုသော မြတ်စွာဘုရား
လို့ပွားလိုက်တာနဲ့ တစ်ပြိုင်နက်
ကိုယ့်စိတ်ကလေးလည်း
အညစ်အကြေးတွေ
ချက်ချင်းကင်းပျောက်ပြီးတော့
သန့်စင်သွားသလို ခံစားရပါတယ်။
စိတ်အနောက်အကျု မှန်သမျှ
ကင်းစင်တော်မှုသော မြတ်စွာဘုရား
လို့ပွားလိုက်တာနဲ့ တစ်ပြိုင်နက်
ကိုယ့်စိတ်ကလေးလည်း
အနောက်အကျုတွေ
ချက်ချင်းကင်းပျောက်ပြီးတော့
ကြည်လင်သွားသလို ခံစားရပါတယ်။
တကယ်လည်းကြည်လင်သွားပါတယ်။
စိတ်အရှုပ်အထွေး မှန်သမျှ
ကင်းစင်တော်မှုသော မြတ်စွာဘုရား
လို့ပွားလိုက်တာနဲ့ တစ်ပြိုင်နက်
ကိုယ့်စိတ်ကလေးလည်း
အရှုပ်အထွေးတွေ
ချက်ချင်းကင်းပျောက်ပြီးတော့
ရှင်းလင်းသွားသလို ခံစားရပါတယ်။
တကယ်လည်းရှင်းလင်းသွားပါတယ်။



댓글 없음: