ဒါနမပါ၊ ဖြစ်လေရာ၊ ဥစ္စာမွဲတတ်သည်။
ဥစ္စာမွဲက၊ လူ့ဘဝ၊ အောက်ကျလွန်းလှသည်။
သီလမပါ၊ ဖြစ်လေရာ၊ ရောဂါထူတတ်သည်။
ရောဂါထူက၊ မရွှင်ပြ၊ ဒုက္ခကြီးလှသည်။
ဘာဝနာမပါ၊ ဖြစ်လေရာ၊ ပညာမဲ့တတ်သည်။
ပညာမဲ့က၊ လူ့ဘဝ၊ အသုံးမကျပြီ။
ဒါန၊ သီလာ၊ ဘာဝနာ၊သုံးဖြာပြုသင့်သည်။
ကုသိုလ်မပါ၊ သံသရာ၊ ရှည်ကြာဆင်းရဲသည်။
ကုသိုလ်ပြုမှ၊ကောင်းကျိုးရ၊ ဒုက္ခကင်းဝေးမည်။
ဒုက္ခကင်းလို၊ များလူဗိုလ်၊ ကုသိုလ်ပြုရမည်။
ဆရာတော်များ၏ဂုဏ်ကျေးဇူးများအားခြေတော်ဦးခိုက် ရှိခိုးကန်တော့ပါ၏ဘုရား
ဆရာလေးနှင့် သုကုမာရ
လယ်တီဆရာတော်ဘုရားကြီး၏ သုကုမာရဘာသာကို ဆရာလေးသီလရှင် ဝတ်တဲ့နှစ်မှာ
စပြီးသင်ခဲ့ရပါတယ်၊သီလရှင်ဝတ်စတုန်းကတော့ မပျှော်ရင် ၁နှစ်တော့ဝတ်မယ်၊
ပျှော်ရင်တော့ ၃ နှစ်ဆိုပြီးတော့ပေါ့၊ သီလရှင်ဝတ်မယ်ပြောတော့ အားလုံးကသဘော
မတူပါဘူး၊ အတိတ်ကရေစက်ကြောင့်လားတော့အသိဘူး၊ အခုသီလရှင်ဝါ- ၁၃-ဝါရှိသွား
ပါပြီ၊ သုကုမာရဘာသာက မူလတန်းတုန်းကသင်ခဲ့ရတာပါ၊ အရမ်းစိတ်ဝင်စားတယ်၊
ဘာကြောင့်လည်းဆိုတော့ ကဗျာလေးတွေလိုကျက်ပြီး မှတ်ရလို့ပါ၊ စာပြန်တော့မယ်ဆို
အလုအယက်ဘဲ ၊ဘယ်လောက်စိတ်ဝင်စားသလဲဆိုတော့ ၊ သီလရှင်ဘဝလေးမြဲသွား
တာလဲ သုကုမာကြောင့်လို့ဘဲဆိုချင်ပါတယ်၊ အားလုံးလည်းသုကုမာရကို ဖတ်ဖြစ်အောင်
ဖတ်စေချင်ပါတယ်။
댓글 없음:
댓글 쓰기