(၁) သေမင်းကိုကွဲ့၊ မိတ်ဆွေဟဲ့၊ ဖွဲ့၍မရချေ။
(၂) မသေလိုပြန်၊ လာဘ်ထိုးခံ၊ အမှန်မရချေ။
(၃) မရဏဆိုး၊ သေမင်းမျိုး၊ စစ်ထိုးမရချေ။
(၄) သေမင်းကိုမှု၊ ပြိုင်သည့်လူ၊ နိုင်သူမရှိချေ။
(၅) သေမင်းထံမှောက်၊ လူတိုင်းရောက်၊ သက်ပျောက် ဇီဝိန်ကြွေ။
တေသကုဏဇာတ်မှ...
ဆရာတော်များ၏ဂုဏ်ကျေးဇူးများအားခြေတော်ဦးခိုက် ရှိခိုးကန်တော့ပါ၏ဘုရား
ဆရာလေးနှင့် သုကုမာရ
လယ်တီဆရာတော်ဘုရားကြီး၏ သုကုမာရဘာသာကို ဆရာလေးသီလရှင် ဝတ်တဲ့နှစ်မှာ
စပြီးသင်ခဲ့ရပါတယ်၊သီလရှင်ဝတ်စတုန်းကတော့ မပျှော်ရင် ၁နှစ်တော့ဝတ်မယ်၊
ပျှော်ရင်တော့ ၃ နှစ်ဆိုပြီးတော့ပေါ့၊ သီလရှင်ဝတ်မယ်ပြောတော့ အားလုံးကသဘော
မတူပါဘူး၊ အတိတ်ကရေစက်ကြောင့်လားတော့အသိဘူး၊ အခုသီလရှင်ဝါ- ၁၃-ဝါရှိသွား
ပါပြီ၊ သုကုမာရဘာသာက မူလတန်းတုန်းကသင်ခဲ့ရတာပါ၊ အရမ်းစိတ်ဝင်စားတယ်၊
ဘာကြောင့်လည်းဆိုတော့ ကဗျာလေးတွေလိုကျက်ပြီး မှတ်ရလို့ပါ၊ စာပြန်တော့မယ်ဆို
အလုအယက်ဘဲ ၊ဘယ်လောက်စိတ်ဝင်စားသလဲဆိုတော့ ၊ သီလရှင်ဘဝလေးမြဲသွား
တာလဲ သုကုမာကြောင့်လို့ဘဲဆိုချင်ပါတယ်၊ အားလုံးလည်းသုကုမာရကို ဖတ်ဖြစ်အောင်
ဖတ်စေချင်ပါတယ်။
댓글 없음:
댓글 쓰기