လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

ဆရာတော်များ၏ဂုဏ်ကျေးဇူးများအားခြေတော်ဦးခိုက် ရှိခိုးကန်တော့ပါ၏ဘုရား

ဆရာလေးနှင့် သုကုမာရ

လယ်တီဆရာတော်ဘုရားကြီး၏ သုကုမာရဘာသာကို ဆရာလေးသီလရှင် ဝတ်တဲ့နှစ်မှာ စပြီးသင်ခဲ့ရပါတယ်၊သီလရှင်ဝတ်စတုန်းကတော့ မပျှော်ရင် ၁နှစ်တော့ဝတ်မယ်၊ ပျှော်ရင်တော့ ၃ နှစ်ဆိုပြီးတော့ပေါ့၊ သီလရှင်ဝတ်မယ်ပြောတော့ အားလုံးကသဘော မတူပါဘူး၊ အတိတ်ကရေစက်ကြောင့်လားတော့အသိဘူး၊ အခုသီလရှင်ဝါ- ၁၃-ဝါရှိသွား ပါပြီ၊ သုကုမာရဘာသာက မူလတန်းတုန်းကသင်ခဲ့ရတာပါ၊ အရမ်းစိတ်ဝင်စားတယ်၊ ဘာကြောင့်လည်းဆိုတော့ ကဗျာလေးတွေလိုကျက်ပြီး မှတ်ရလို့ပါ၊ စာပြန်တော့မယ်ဆို အလုအယက်ဘဲ ၊ဘယ်လောက်စိတ်ဝင်စားသလဲဆိုတော့ ၊ သီလရှင်ဘဝလေးမြဲသွား တာလဲ သုကုမာကြောင့်လို့ဘဲဆိုချင်ပါတယ်၊ အားလုံးလည်းသုကုမာရကို ဖတ်ဖြစ်အောင် ဖတ်စေချင်ပါတယ်။

သုခကာမီ ပညာရေးကျောင်း ကထိန်ပွဲ

2009년 1월 31일 토요일

အလှူဒါနအကြောင်းသိကောင်းစရာများ

လှူတတ်လျှင်မြတ်သည်၊ အလှူပေးသူဌေးဖြစ်ဟူသော စကားများရှိပါသည်။

အလှူဒါနဟူသမျှသည် အကျိုးပေးသည်ချည်းဖြစ်ပါသည်၊သို့သော်အကျိုးပေးပုံချင်းတော့မတူချေ။

အလှူခံပုဂ္ဂိုလ်၊ လှူဘွယ်ဝတ္ထု၊ အလှူရှင်ရဲ့စိတ်စေတနာ စသည်တို့ကွဲပြားသည်နှင့်အမျှ အကျိုးပေးလည်း

ကွဲပြားသွားပါတယ်၊ အားလုံးလည်းကြားဖူးကြမှာပါ၊ ညောင်းစေ့လေးလောက်လှူသော်လည်း ညောင်ပင်ကြီး

လောက်အကျိုးပေးကိုရရှိတယ်၊ညောင်ပင်ကြီးလောလှူသော်လည်း ညောင်စေ့လေးလောက်အကျိုးပေးသည်

ဟူသောစကား၊ ဒီစကားကမှန်ပါသည်၊ ဘာဖြစ်လို့လဲဆိုတော့ လှူတဲ့သူရဲ့စိတ်စေတနာတွေ ကွဲပြားတဲ့အတွက်

ကြောင့်ပင်ဖြစ်သည်၊အလှူရှင်စိတ်စေတနာ၊ လှူဘွယ်ဝတ္ထု၊ အလှူခံပုဂ္ဂိုလ်တို့ရဲ့ စိတ်နှလုံးတွေ စင်ကြယ်

မြင့်မြတ် မှန်ကန်စေရန် ရည်ရွယ်ပြောဆိုထားတဲ့စကားလည်းဖြစ်ပါတယ်၊

မြတ်စွာဘုရှင်ကိုယ်တော်မြတ်ကြီးသည် အလောင်းတော်ဘဝတွင် ပါရမီဖြည့်ကျင့်ရာ၌ ဒါနပါရမီကို ရှေးဦးစွာ

ဆောက်တည်တော်မှုခဲ့ပြီး ဘုရားဖြစ်တော်မှုသာအခါ ပါရမီဆယ်ပါးတွင် ဒါနပါရမီကို ဦးစွာဟောတော်မှုခဲ့သည်။

ဒါနပါရမီကို များစွာသောလူတိုင်း ပြုကျင့်နိုင်ကြပါသည်၊ သို့သော်စိတ်ထားတတ်ဖို့တော့ လိုအပ်ပါသည်၊။

ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့သည် ကံ-ကံ၏အကျိုးကို ယုံကြည်သည့်အားလျှော်စွာ အလှူရေစက် လက်နဲ့မကွာ

လှူဒါန်းသည့်ဓလေ့သည် ရှိပြီးဖြစ်နေပါသည်၊ ထို့ကြောင့်မိမိတို့လှူဒါန်းသော အလှူဒါနအပေါ်တွင် အဓိကက

စိတ်ထားတတ်ဖို့ နောက်မိမိတို့လှူဒါန်းတဲ့ အလှူရဲ့အကျိုးပေးလေးတွေ သိထားစေဖို့၊ ကိုယ်လှူဒါန်းလိုက်သည့်

အလှူအပေါ်ပီတိသုခဖြစ်စေဖို့အတွက် သာသနာရေးဝန်းကြီးဌာနမှ ထုပ်ဝေသော စာအုပ်မှ ရေးသားကုသိုလ်

ပြုအပ်ပါသည်။


အလှူ၏သဘောတရား


မြတ်စွာဘုရားသည် အလှူဒါနကို ဟောတော်မှုရာ၌ မိမိပြုလုပ်သော အလှူဒါနကြောင့် သတ္တဝါတို့

သေကြေပျက်စီးမှု မရှိစေရန် ဟောတော်မှုပါသည်။အလှူအတန်းနှင့် ပတ်သက်၍ မလိုအပ်ဘဲ ဗုံးပေါလအော

လှူဒါန်းမှုမျိုးကိုလည်း အားပေးတော်မမှုပေ၊ အလှူခံပုဂ္ဂိုလ်တို့သည် လိုအပ်သမျှ ပမာဏအထိသာလျှင်

အလှူခံသင့်သည်ဟု ဟောတော်မှုပါသည်။ မိမိအင်းအားအလိုက် လေးပုံတစ်ပုံသာလှူဒါန်းရန် ဟောတော်

မှုပါသည်။ အလှူဒါနကြောင့်ဘဝပျက် နစ်နာသွားစေမည့် ပကာသနများကို လိုလားတော်မမှုပေ။

အထူးသဖြင့် သာသနာတော်တွင် ထာဝရအကျိုးရှိစေမည့် အလှူမျိုး မိမိသီတင်းသုံးရာကျောင်း၊အာရာမ်

မြို့ရွာနယ်ပယ်နှင့် အမျိုးဘာသာသာသနာနှင့် လောကကြီးတစ်ခုလုံးကို အရှည်တည့်တံ့ကောင်းကျိုးတိုးပွားစေ

မည့် ထာဝရဒါနမျိုးကို အားပေးတော်မှုပါသည်။

အလှူဟူသည် နတ်ပြည်၏စောင်းတန်းလှေခါးဖြစ်၍ မြတ်သောရိက္ခာထုပ်ဖြစ်သည်။ခရီးဖြောင့်တန်းသည်။

မြတ်သော မဂ်ဖိုလ်နိဗ္ဗာန်၏အကြောင်းဖြစ်သည်။ အစိုးရခြင်းကိုဖြစ်စေတတ်၏။ စည်းစိမ်ချမ်းသာကို ပေးတတ်၏။

မိမိကိုယ်ကိုစောင်မတတ်၏။ မယဉ်ကျေးသူတို့ကိုလည်း ယဉ်ကျေးစေတတ်၏။ အလုံးစုံသောအကျိုးကို ပြီးစေတတ်၏။

အမွန်မြတ်ဆုံး မင်္ဂလာတစ်ပါးလည်းဖြစ်၏။

ကံကံ၏အကျိုးကို သိမြင်ယုံကြည်ကာ စေတနာသုံးတန် ပြည့်ဝစွာ လှူဒါန်းသောဒါနသည် သံသရာအတွက် မိတ်ဆွေကောင်း

ကြီးဖြစ်သည်။

အလှူ၏လက္ခဏာများ

အလှူဒါနနှင့်ပတ်သက်လာလျှင် စေတနာသည် မပါမပြီးအရေးကြီးပါသည်။စေတနာမရှိလျှင် မလှူဒါန်းနိုင်။စေတနာရှိမှသာ လှူဒါန်း

နိုင်ပါသည်။ စေတနာဆိုရာမှာလည်း ပုဗ္ဗ၊ မုဉ္စ၊ အပရဟူ၍ သုံးမျိုးရှိသည်။

မလှူဒါန်းမီ ရှေ့အဖို့၌ လှူဖွယ်ပစ္စည်းများကို စုဆောင်းရှာဖွေရာ အခါမှစ၍ ငါသည် လောကီလောကုတ္တရာများစွာသော စည်းစိမ်း၏

အကြောင်းဖြစ်သော အနုဂါမိက(ဘဝစဉ်ဆက် လိုက်တတ်သော) အလှူကုသိုလ်ပြုရတော့မည် စသည်ဖြင့် ဝမ်းမြောက်ဝမ်းသာ

ဖြစ်နေခြင်းသည် ပုဗ္ဗစေတနာမည်၏။

လှူဖွယ်ပစ္စည်း အစုအစုကို အလှူခံပုဂ္ဂိုလ်လက်တွင် ထည့်၍စွန့်လွတ်လှူဒါန်းသောအခါ အနှစ်သာရမရှိသော ပစ္စည်းဥစ္စာမှ

အနှစ်သာရရှိသော ကုသိုလ်မျိုးစေ့ကို ထုတ်ယူနေပါတကား ဟုစိတ်ကြည်လင် ရွှင်ပြစွာ လှူဒါန်းမှုသည် မုဉ္စစေတနာမည်၏။

ပေးလှူပြီးနောက် ငါသည် ပညာရှိတို့ ချီးမွှမ်းအပ်သော လှူဒါန်းမှုကို ပြုလုပ်ခဲ့ရပေပြီ ကောင်းလေစွ ဟုအဖန်ဖန်

အထပ်ထပ် အောက်မေ့အမှတ်ရကာ ဝမ်းမြောက်ဝမ်းသာဖြစ်နေခြင်းသည် အပရစေတနာမည်၏။

ထို့ပြင် အလှူဒါနအကျိုးကြီးမား ထက်သန်ရေးအတွက် အလှူခံပုဂ္ဂိုလ်ဘက်ကလည်း အင်္ဂါလက္ခဏာများနှင့်ပြည့်စုံရန် အရေးကြီး

ပါသည်။ ရာဂ၊ ဒေါသ၊ မောဟကင်းရန် ကျင့်ကြံပြီး ကျင့်ဆဲဖြစ်တော်မှုကုန်သော ပုဂ္ဂိုလ်မြတ်တို့မှာ အကောင်းဆုံးသော အလှူခံပုဂ္ဂိုလ်

မြတ်များဖြစ်ပါသည်။ အခြားပုဂ္ဂိုလ်တို့မှာ သာမန်အလှူခံပုဂ္ဂိုလ်တို့သာဖြစ်ပါသည်။ ဤသို့လျှင် အလှူပေးသူနှင့်အလှူခံသူနှစ်ဦးနှစ်ဘက်

အင်္ဂါလက္ခဏာပြည့်စုံရန် လိုအပ်ပါသည်။...


အလှူနှင့် စွန့်ကြဲမှု( ဒါနနှင့်စာဂ)

အနာဂတ်သံသရာတွင် ခံစားရမည့်အကျိုးကို မြှော်မြင်၍ လှူဖွယ်ဝတ္ထုကို စွန့်လှူသည်ကား ဒါနမည်၏။

မျက်မှောက်ဘဝအကျိုးကိုသာ မျှော်၍မိမိလက်အောက်ပုဂ္ဂိုလ်တို့အား ဆုလာဘ်ပစ္စည်းများကို ပေးစွန့်ကြဲခြင်းစသည်ကား

ပရိစ္စာဂ မည်၏ဟူ၍ ဒါနနှင့် ပရိစ္စာဂ အထူးကို ခွဲခြားဖွင့်ကြပေသည်။ ဒါနဟူသည်...

(၁) အလှူပေးပုဂ္ဂိုလ်

(၂) လှူလိုသောစေတနာ

(၃) လှူဖွယ်ဝတ္ထု

(၄)ထင်ရှားရှိနေသောအလှူခံပုဂ္ဂိုလ် ဤအင်္ဂါလေးပါးရှိမှ ပြည့်စုံ၏။

မိမိပိုင်ပစ္စည်းကို သူတပါးအား လွှဲအပ်မှုကို ပေးလှူသည်ဟုခေါ်၍ မိမိပိုင်ပစ္စည်းကို သိမ်းပိုက်လိုခြင်း

စိတ်သဘောထားကို ပယ်ရှားလိုက်လျှင် စွန့်သည်ဟုခေါ်၏။ သို့သော် မည်သူမဆို မိမိပစ္စည်းကို သူတစ်ပါးအား

ပေးကမ်းရာတွင် စွန့်လွှတ်ခြင်း ပရိစ္စာဂသဘော ရှေးဦးဏွာဖြစ်စေပြီးမှ ပေးကမ်းခြင်းဖြစ်သောကြောင့်

ကုသိုလ်ကောင်းမှုအရာ၌ ပေးကမ်းခြင်းဒါနဖြစ်လျှင် စွန့်ကြဲခြင်း ပရိစ္စာဂလည်းဖြစ်တော့သည်သာတည်း။...

အလှူအမျိုးအစားများ


အလှူဒါနသည် အမျိုးအစားအားဖြင့် များစွာရှိရာ အဓိကအားဖြင့်-၃မျိုးရှိသည်။၎င်းတို့မှာ-
(၁) သုတ္တန်ဒေသနာနည်းအရ အလှူဒါန
(၂) ဝိနည်းဒေသနာနည်းအရ အလှူဒါန
(၃) အဘိဓမ္မာဒေသနာနည်းအရ အလှူဒါန တို့ဖြစ်ကြသည်။

သုတ္တန်ဒေသနာနည်းအရ ဒါန(၁၀)မျိုး

(၁) အန္နဒါန - ဆွမ်းထမင်း အစားအစာအလှူ
(၂) ပါနဒါန - သောက်ရေအဖျော် ယမကာအလှူ
(၃) ဝတ္ထုဒါန - အဝတ်အထည် သင်္ကန်းစသည်အလှူ
(၄) ယာနဒါန - ဖိနပ်စသော ယဉ်အလှူ
(၅) မာလဒါန - ပန်းမျိုးစုံအလှူ
(၆) ဂန္ဓဒါန - နံ့သာခဲ၊ နံ့သာတုံး၊အမွှေးတိုင်အမျိုးမျိုးအလှူ
(၇) ဝိလေပနဒါန - နံ့သာပျောင်း၊နံ့သာရည်အမျိုးမျိုးအလှူ
(၈) သေယျာဒါန - ညောင်စောင်း၊အင်ပျဉ်အိပ်ယာနေရာအမျိုးမျိုးအလှူ
(၉) အာဝါသဒါန - ကျောင်း၊ ဇရပ်၊သိမ်၊ ဓမ္မာရုံ စသည့်အမျိုးမျိုးသောအလှူ
(၁၀) ပဒိပေယျဒါန - ဆီးမီးအမျိုးမျိုးအလှူ

ဝိနည်းဒေသနာနည်းအရ ဒါန(၄)မျိုး

(၁) စီဝရီဒါန- သင်္ကန်းအလှူ၊
(၂) ပိဏ္ဍပါတဒါန- ဆွမ်းဘောဇဉ်အလှူ၊
(၃) သေနာသနဒါန- ကျောင်းအိပ်ရာနေရာအလှူ၊
(၄) ဘေသဇ္ဖအလှူ- ဆေးပစ္စည်းအမျိုးမျိုးအလှူ။

အဘိဓမ္မာဒေသနာနည်းအရ ဒါန(၆)မျိုး

(၁) ရှုပဒါန- အဆင်းအမျိုးမျိုး ရှုပါရုံအလှူ၊
(၂) သဒ္ဒဒါန- အသံအမျိုးမျိုး သဒ္ဒါရုံအလှူ
(၃) ဂန္ဓဒါန- အနံ့အမျိုးမျိုး ဂန္ဓာရုံအလှူ၊
(၄) ရသဒါန- စားဖွယ်သောက်ဖွယ်အမျိုးမျိုး ရသာရုံအလှူ၊
(၅) ဖောဋ္ဌဗ္ဗဒါန- သင်္ကန်း ကျောင်းစသောအထိအတွေ့အလှူ၊
(၆) ဓမ္မဒါန- တရားဟောခြင်း၊ သင်ကြားပို့ချခြင်းစသော အသိဥာဏ်အမျိုးမျိုးပေးသည့် ဓမ္မာရုံအလှူ။

댓글 없음: