လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

ဆရာတော်များ၏ဂုဏ်ကျေးဇူးများအားခြေတော်ဦးခိုက် ရှိခိုးကန်တော့ပါ၏ဘုရား

ဆရာလေးနှင့် သုကုမာရ

လယ်တီဆရာတော်ဘုရားကြီး၏ သုကုမာရဘာသာကို ဆရာလေးသီလရှင် ဝတ်တဲ့နှစ်မှာ စပြီးသင်ခဲ့ရပါတယ်၊သီလရှင်ဝတ်စတုန်းကတော့ မပျှော်ရင် ၁နှစ်တော့ဝတ်မယ်၊ ပျှော်ရင်တော့ ၃ နှစ်ဆိုပြီးတော့ပေါ့၊ သီလရှင်ဝတ်မယ်ပြောတော့ အားလုံးကသဘော မတူပါဘူး၊ အတိတ်ကရေစက်ကြောင့်လားတော့အသိဘူး၊ အခုသီလရှင်ဝါ- ၁၃-ဝါရှိသွား ပါပြီ၊ သုကုမာရဘာသာက မူလတန်းတုန်းကသင်ခဲ့ရတာပါ၊ အရမ်းစိတ်ဝင်စားတယ်၊ ဘာကြောင့်လည်းဆိုတော့ ကဗျာလေးတွေလိုကျက်ပြီး မှတ်ရလို့ပါ၊ စာပြန်တော့မယ်ဆို အလုအယက်ဘဲ ၊ဘယ်လောက်စိတ်ဝင်စားသလဲဆိုတော့ ၊ သီလရှင်ဘဝလေးမြဲသွား တာလဲ သုကုမာကြောင့်လို့ဘဲဆိုချင်ပါတယ်၊ အားလုံးလည်းသုကုမာရကို ဖတ်ဖြစ်အောင် ဖတ်စေချင်ပါတယ်။

သုခကာမီ ပညာရေးကျောင်း ကထိန်ပွဲ

2010년 1월 23일 토요일

လှူတတ်ကြပါစေ

မြန်မာလူမျိုးများဟာ အင်မတန်အလှူအတန်း ရက်ရောတဲ့ လူမျိုးများဖြစ်ပါတယ်။ ပြည်ထောင်စု တိုင်းရင်းသားတွေ အပါအ၀င် မြန်မာလူ့ဘောင်တစ်ခုလုံးမှာ အလှူဒါနနဲ့ ပတ်သက်တဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံ စကားပုံဆိုရိုးစကားတွေဟာ ပြောမဆုံးနိုင်အောင် ကျယ်ပြန့်လှပါတယ်။ အများစုဗုဒ္ဓ၀င်တွေပီပီ မွေးစနာမည်ပေး ကင်ပွန်းတပ်ကစပြီး ကွယ်လွန်လို့ ရက်လည်ဆွမ်းကျွေးတဲ့အထိ အလှူအတန်းဟာ ဘ၀တစ်လျှောက်လုံး ပါနေခဲ့တာပါ။ ဒါပေမယ့် လှူတာဟာ လှူတတ်ဖို့ လိုပါတယ်။ လှူတတ်ဖို့ဆိုတာက ကုသိုလ်တစ်ပဲ၊ ငရဲတစ်ပိဿာဖြစ်မဲ့ အလှူမျိုးမဟုတ်ဘဲ လှူရင် လှူသလောက် အာသေ၀နပစ္စည်းအရ ပထမဇောနဲ့ လက်ငင်းဘ၀မှာ ဒိဌဓမ္မအကျိုးပေးဖို့ ၊ ဒါမှမဟုတ် သတ္တမဇောနဲ့ နောက်လာမဲ့ ဒုတိယဘ၀မှာ အကျိုးပေးဖို့ ဒါမှမဟုတ် အလယ်ငါးဇောအရ နိဗ္ဗာန်မရမီစပ်ကြား ဖြစ်ရာဘ၀မှာ သင့်လျော်သလို အကျိုးပေးဖို့ ဖြူဖြူစင်စင် ကုသိုလ်တွေရကြစေဖို့ ဆိုလိုတာဖြစ်ပါတယ်။ဒါန
ဆရာကြီးဦးရွှေအောင်ရဲ့ ကိုယ်ကျင့်ဗုဒ္ဓ၀င် (ဗုဒ္ဓလောကသားတို့၏ အနှိုင်းမဲ့ ကျေးဇူးရှင် ) စာအုပ်မှာ "ဒါန၏ အနှစ်သာရမှာ စွန့်လွှတ်ခြင်းနှင့် အနစ်နာခံခြင်းဖြစ်၏ " ဒါနအမှုဖြစ်တဲ့ စွတ်လွှတ်ခြင်းနဲ့ အနစ်နာခံခြင်း ဆိုတာတွေကို ဘယ်ဘာသာဝင်မဆို လုပ်နိုင်ကြပါတယ်။ ဗုဒ္ဓဘာသာဝင်တွေအတွက်ကတော့ မြတ်ရွှေပြည် နိဗ္ဗာန်ကို လှမ်းတက်ဖို့ရာ ဒါန၊ သီလ၊ ဘာဝနာ ဆိုတဲ့ လှေကားထစ်သုံးခုအနက် အရေးပါလှတဲ့ လှေကားထစ်ဖြစ်ပါတယ်။ ဒါနဟာ နိဗ္ဗာန်မဂ်ဖိုလ်ကို တိုက်ရိုက်ပို့ဆောင်ပေးနိုင်တဲ့ နည်းလမ်းမဟုတ်သော်လည်း နိဗ္ဗာန်ရောက်ကြောင်းအထောက်အပံ့ (နိဗ္ဗာနပစ္စယော)တော့ဖြစ်ပါတယ်။ ဘယ်လိုအထောက်အပံ့ ဖြစ်စေသလဲဆိုတော့ လှူဒါန်းတဲ့နေရာမှာ ထားခဲ့တဲ့ စေတနာသဒ္ဓါတွေရဲ့အကျိုးကြောင့် အစစအရာရာ ပြည့်စုံဖူလုံုံစွာနဲ့ တစ်မဂ်တစ်ဖိုလ် မြန်မြန်ဆန်ဆန်ရောက်စေနိုင်ပါတယ်။ ဒါနမျိုးစေ့ ရှိတဲ့သူနဲ့ မရှိတဲ့သူ ဘာတွေကွာခြားစေသလိုဆိုတော့ ကားရှိတဲ့သူနဲ့ ခြေလျင်လျှောာက်ရတဲ့သူ ကွာခြားသလိုပဲ။ ကားရှိတဲ့သူ လိုရာခရီးကို မြန်မြန်ဆန်ဆန် ရောက်ရှိသွားတဲ့အချိန်မှာ ခြေလျင်သမားကတော့ နေပူပူအောက် ထီးကောက်တစ်ချောင်းနဲ့ ရုန်းကန်ရတုန်းပါ။ ဒါနအခြေခံရှိတဲ့သူဟာ အုတ်မြစ်ကောင်းချထားတဲ့ တိုက်အိမ်လိုပါပဲ။ အမြစ်အားကောင်းတဲ့ အပင်လိုပါပဲ။ ဖွံ့ဖြိုးတိုးတက်စည်ပင်ဖို့ အလွန်လွယ်ပါတယ်။ ဒီလိုအကျိုးပေးနိုင်ဖို့ သာမာန်ဖြစ်ကတတ်ဆန်း အလှူမျိုးနဲ့တော့ မရနိုင်ပါဘူး။ အလှူဒါနမှာ ပြည့်စုံရမယ့် အရည်အသွေးတွေ အရည်ချင်းလက္ခဏာရပ်တွေ ရှိနေပါတယ်။ဒါန၏ အင်္ဂါလက္ခဏာ
အဲဒီအရည်ချင်း အင်္ဂါလက္ခဏာတွေကတော့ ရုပ်ပိုင်းအရဆိုရင် အလှူပေးသူ၊ အလှူခံသူ၊ အလှူပစ္စည်းတို့ဖြစ်ပါတယ်။ ဘယ်သူမဆို လှူတာတော့ ဒီလိုဘဲလှူကြတာပါပဲ။ ဒါပေမယ့် လှူလိုက်ရခြင်း၏ အကျိုးပေးပုံခြင်းကတော့ တူကြမှာမဟုတ်ပါဘူး။ ဒါဟာဆိုရင် အလှူရဲ့စင်ကြယ်ခြင်း ကွားခြားခဲ့လိုပါပဲ။ ညောင်စေ့လောက် လှူသော်လည်း ညောင်ပင်ကြီးလောက်ရတတ်ပြီး၊ ညောင်ပင်လောက် လှူသော်လည်း ညောင်စေ့လောက်ရသလိုမျိုးပေါ့။ ကဿပမြတ်စွာဘုရားရှင်လက်ထက်တော်က မဟာဒုတ်ဆင်းရဲသားဟာ ထင်းပေါက်လို့ရတဲ့ အခကြေးငွေ၊ ပံ့သကူရတဲ့ ငါကြင်းကြီးတစ်ကောင်နဲ့ပဲ မြတ်စွာဘုရားရှင်ကို ဆွမ်းကပ်ရတာ ဒိဌဓမ္မ ချက်ချင်းလက်ငင်း အကျိုးပေးတာမျိုး ဖြစ်ပါတယ်။ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက မဟာဒုတ်အကျိုးပေးပုံနဲ့ ပတ်သက်လို့ အင်္ဂါသုံးတန်နဲ့ပြည့်စုံလို့ အကျိုးပေးခြင်းဖြစ်တဲ့အကြောင်း အခြေပြုပဌာန်းတရားတော် အာသေ၀နပစ္စည်းအပိုင်းမှာ ဟောတော်မူခဲ့ပါတယ်။အလှူရှင်
အင်္ဂါသုံးတန်မှာ ပထမအင်္ဂါတစ်ခုကတော့ အလှူရှင်ရဲ့ ထက်သန်တဲ့ စေတနာသဒ္ဓါတရားပါပဲ။ စေတနာဟာ ကံဖြစ်တယ်လို့ မြတ်စွာဘုရားဟော်တော်မူခဲ့အတိုင်း စေတနာကြီးမြင့်သလောက် ကံလည်းကြီးမြင့်တာပါပဲ။ ကိုယ်စားမဲ့ထမင်းထုပ်ကို မစားဘဲ၊ ရဟန္တာကိုလှူတာ၊ ပစ္စေကဗုဒ္ဓါကိုလှူတာ၊ ကျွန်ခံနေရတဲ့ သမီးလေးကို ရွေးဖို့ငွေပိုက်ဆံနဲ့ တောလမ်းခရီးမှာ တွေ့ရတဲ့ ရဟန်းတော်ဆွမ်းဘုန်းပေးဖို့အတက် ဆွမ်းဝယ်ပြီးလှူလိုက်တဲ့ မဟာတိဿယ ဒါယကာလို သဒ္ဓါထက်သန်တဲ့ အလှူအတန်းမျိုးဟာ ဘယ်လောက်များမြင့်မြတ်လိုက်ပါသလဲ။ တကယ်တော့ လှူတယ်ဆိုတာ စွန့်လွှတ်ပေးကမ်းတာ၊ ကိုယ်ပိုင်ပစ္စည်းကို စွန့်လွှတ် ပေးကမ်းရတာ၊ ကိုယ်ပိုင်ပစ္စည်းကို စွန့်လှူရတာဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ဆိုသော် ငါ့ဟာ၊ ငါ့ဥစ္စာဆိုတဲ့ ''ငါ''တပ်မက်မှုတဏှာ၊ လောဘကို ချုပ်တည်းပယ်ဖြတ်ပြီးမှ စွတ်လွှတ်လှူဒါန်းရတာ၊ ငါမဟုတ်တဲ့နာမ်ရုပ်ကို ငါလို့စွဲမှတ်နေတဲ့ အ၀ိဇ္ဇာနှင့် သကာယဒိဌိကို ပယ်သတ်နိုင်ဖို့ တိုက်ပွဲဝင်လှူဒါန်းရတာဖြစ်ပါတယ်။ အတ္တကြီးလေလေ၊ လောဘကြီးလေလေ၊ ကိလေသာကြီးလေလေ၊ စွန့်လွှတ်ရမှာနှမြောလေလေပါပဲ။ တပ်မက်မှုတဏှာကြီးမားလေ၊ စွန့်လွှတ်ဖို့ခက်လေလေပါပဲ။ အဲဒီတော့ မဟာတိဿယလို လှူဒါန်းဖြစ်ဖို့အတွက် စေတနာသဒ္ဓါတရားကြီးမားဖို့ လိုအပ်ပြီပေါ့။ ထမင်းနဲအိုးကွဲလို့ ရွှေစည်းခုံလှူတာမျိုး၊ အကျိုးလိုလို့ ညောင်ရေလောင်းတာမျိုး၊ တစ်ကျပ်ဖိုးလှူပြီး တစ်ရာဖိုးလိုချင်လို့လှူတာမျိုး၊ ပကာသန၊ ရာထူးဂုဏ်၊ နာမည်ကျော်စောဖို့အတွက် လှူတာမျိုးဆိုရင်တော့ တကယ်သဒ္ဓါစစ်စစ်နဲ့ လှူတာမဟုတ်တဲ့အတွက် စင်ကြယ်သောအလှူလို့ မခေါ်ဆိုနိုင်ပါဘူး။ တကယ်စင်ကြယ်တဲ့ သဒ္ဓါတရားဆိုတာ လှူလိုက်ရလို့ အလှူခံပုဂ္ဂိုလ်မှာ အကျိုးဖြစ်ထွန်းတာကို သိမြင်ရပြီး ပီတိဖြစ်တဲ့စိတ်ကလေးပါ။ သို့ပေမယ့် ငါဥစ္စာဆိုတဲ့ နှမြောဝန်တိုစိတ်နည်းနည်းလေးမှ မဖြစ်မိဖို့ လိုပါတယ်။ သတိကပ်ပြီး ဉာဏ်နှင့်ယှဉ်ဖို့လိုပါတယ်။ အစာငတ်နေသော ခွေးကလေးကို အစာကျွေးလိုက်ရတာ၊ လုပ်ကိုင်မစားနိုင်သော ဒုက္ခိတပုဂ္ဂိုလ်များကို ကူညီလှူဒါန်းလိုက်ရတာ၊ ဆွမ်းစားချိန်လင့်နီးနီး ဖြစ်နေသော ရဟန်းသံဃာတော်ကို အချိန်မီဆွန်းကပ် လှူဒါန်းလိုက်ရတာ စသဖြင့် အလှူခံပုဂ္ဂိုလ်ကို အယုတ်အလတ်အမြတ်မရွေးပဲ မွန်မြတ်သော စေတနာသဒ္ဓါတရားနဲ့လှူမှ တကယ်စင်ကြယ်သော စေတနာဖြစ်မှာပါ။ လှူဒါန်းတဲ့နေရာမှာ ငါမလို့လှူနိုင်တာ၊ သင်းတို့ကဒီလောက်လှူနိုင်ရင် ငါတို့က ဒါထက်သာအောင်လှူမယ်ဆိုတဲ့ မာနစိတ်တွေ၊ ဣဿမစ္ဆိရိယစိတ်တွေနဲ့ လှူမယ်ဆိုပြန်ရင်လည်း ကုသိုလ်ကြောင့် အကုသိုလ်ဖြစ်ရတဲ့ ဥပနိဿယ ပစ္စည်းဖြစ်ရပြန်ပါတယ်။ ကုသိုလ်ကိုအမှီပြုပြီး အကုသိုလ်ကိုဖြစ်ရတဲ့အတွက် ကြောက်ဖို့ကောင်းလှပါတယ်။ ဒါဟာ အလှူရှင်ရဲ့ စင်ကြယ်မှုဖြစ်၏၊ မဖြစ်၏ဆိုတဲ့အပိုင်းပါ။အလှူခံပစ္စည်း
အလှူခံပစ္စည်းရဲ့ စင်ကြယ်မှုအပိုင်းကတော့ စာဖတ်သူများ သိရှိပြီး ဖြစ်ပါလိမ့်မယ်။ အဓိက ကတော့'ဓမ္မိယလဒ္ဓ' စင်ကြယ်တဲ့ပစ္စည်းဖြစ်ဖို့ပါပဲ။ စင်ကြယ်တဲ့ပစ္စည်းဖြစ်ဖို့ဆိုတာ မိစ္ဆာအာဇီဝလို့ ခေါ်တဲ့ လုပ်ငန်း(၅) မျိုးကိုရှောင်ကြဉ်ဖို့ပါပဲ။(၁) သတ္တ၀ါတွေ သေစေနိုင်သော လက်နက်များ ကုန်ကူးခြင်း။(၂) သတ္တ၀ါတွေ သေစေနိုင်သော အဆိပ်များ ကုန်ကူးခြင်း။(၃) သားငါးများ ကုန်ကူးခြင်း။(၄) အရက်သေစာများ ကုန်ကူးခြင်း။(၅) ကျွန်အဖြစ်၊ ပြည့်တန်ဆာအဖြစ် အသုံးပြုရန် လူများ ကုန်ကူးခြင်း။
အဲဒီလို မကောင်းမှုနဲ့ ရှာဖွေရယူထားတဲ့ ပစ္စည်းမဖြစ်ဖို့၊ ခိုးပြီး၊ လိမ်ပြီး၊ လုယက်ပြီး သူတစ်ပါးဆီက မတရားသဖြင့်ရယူထားတဲ့ ပစ္စည်းမဖြစ်ဖို့၊ မိမိရဲ့ရိုးသားဖြောင့်မတ်စင်ကြယ်စွာ အသက်မွေးဝမ်းကြောင်းနဲ့ ရှာဖွေရရှိထားတဲ့ ပစ္စည်းဖြစ်ဖို့ပါပဲ။ မကောင်းမှုနဲ့ ရထားတဲ့ပစ္စည်းကို လှူလို့ရော အကျိုးမပေးဘူးလားဆို အကျိုးပေးပါတယ်။ သို့သော် မကောင်းမှုနဲ့ယှဉ်တဲ့ အကျိုးသွားလေးကတော့ ပါနေတော့မှာပေါ့။အလှူခံပုဂ္ဂိုလ်
နောက်တစ်ပိုင်းကတော့ အလှူခံပုဂ္ဂိုလ်ရဲ့ စင်ကြယ်မှုအပိုင်းပါပဲ။ အလှူခံပုဂ္ဂိုလ်ဟာ စင်ကြယ်မြင့်မြတ်လေလေ လှူရတဲ့သူအဖို့ အကျိုးရှိလေလေပါပဲ။ မဟာဒုတ်ဒါယကာရဲ့ဆွမ်းကို ကဿပမြတ်စွာဘုရားရှင်က ချီးမြှေက်ဖို့အတွက် သမာပတ်ဝင်စားပြီး စိတ်တော်ကို နိဗ္ဗာန်အာရုံပြုပြီး ထုံထားပြီးမှ သမာပတ်က ထပြီးတော့ မဟာဒုတ်ဆွမ်းကို သပိတ်တော်ဘုန်းပေးတော်မူပါတယ်။ လောကတွင် အမြင့်မြတ်ဆုံး အစင်ကြယ်ဆုံး ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုယ်တော်တိုင်မှ ပိုမိုစင်ကြယ်သွားးအောင် သမာပတ်ဝင်စားပြီးမှ အလှူခံတော်မူတာဖြစ်ပါတယ်။တကယ်တော့ ပါရမီဆိုတာလည်း အရင်းခံအားဖြင့် တပ်မက်တဲ့တဏှာကိုသတ်ဖို့ ကြိုးစားတာပဲဖြစ်ပါတယ်။ ဒါနဆိုတာကလည်း ကိုယ်မှာရှိတဲ့ လောဘကိုထိန်းချုပ်၊ ကိုယ်ပိုင်ပစ္စည်းကို စွန့်ပြီး တဏှာကိုသတ်ဖို့ ကြိုးစားတာဖြစ်တဲ့အတွက် ပါရမီ(၁၀)ပါးကို ဖြည့်ရာလည်းရောက်ပါတယ်။ပါရမီ(၁၀)ပါး(၁) ဒါန = ပေးကမ်း လှူဒါန်းခြင်း။(၂) သီလ = သီလဆောက်တည်ခြင်း။(၃) နိက္ခမ = ကိလေသာ အနှောင်အဖွဲ့မှထွက်ခြင်း(တောထွက်ခြင်း)။(၄) ပညာ = ပညာဆည်းပူးခြင်း ၊ ဖြန့်ဝေခြင်း။(၅) ၀ီရိယာ = မဆုတ်မနစ် ကြိုးစားအားထုတ်ခြင်း။(၆) ခန္တီ = သည်းခံခြင်း၊(၇) သစ္စာ = မှန်ကန်သော စကားကိုဆိုခြင်း။(၈) အဓိဌာန် = ဆုံးဖြတ်ချက်အတိုင်း အောင်မြင်အောင် ဆောင်ရွက်ခြင်း။(၉) မေတ္တာ = ဒေါသမဖြစ်အောင်နေခြင်း။(၁၀) ဥပေက္ခာ= ချစ်ခြင်း၊ မုန်းခြင်း အစွန်းနှစ်ဖက်မှလွတ်အောင်နေခြင်း။
မိမိရဲ့အလှူဟာစင်ကြယ်တဲ့ အလှူဖြစ်တဲ့အတွက် ကိုယ်ပိုင်ပစည်းကို စွန့်ပြီး တဏှာကိုသတ်ဖို့ ကြိုးစားတာဖြစ်တဲ့အတွက် ဒါနပါရမီမြောက်ပါတယ်။ ကိုယ်ကျင့်ဗုဒ္ဓ၀င်ကျမ်းပြု ဆရာကြီးဦးရွှေအောင်ရဲ့ အဆိုတွင် ယတိပြတ်စွန့်လွှတ်လှူဒါန်းတာ ဖြစ်ရင် နိက္ခမပါရမီ၊ မိမိဒါန အထမြောက်အောင်မြင်ဖို့အတွက် အားထုတ်ကြိုးစားရတဲ့အတွက် ၀ီရိယပါရမီ၊ ပညာဆင်ခြင်တုံဉာဏ်နဲ့ယှဉ်ပြီး လှူဒါန်းတဲ့အခါမှာ ပညာပါရမီ၊ မဖြစ်ဖြစ်အောင် လှူမယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်မှုနဲ့လှူတဲ့အတွက် အဓိဌာန်ပါရမီ၊ အလှူခံပုဂ္ဂိုလ်အပေါ် စေတနာသဒ္ဓါအပြည့်နဲ့ မေတ္တာထားပြီးလှူတဲ့အတွက် မေတ္တာပါရမီ၊ ဒါနပြုရာမှာကြုံတွေ့ရတဲ့ အခက်အခဲအမျိုးမျိုးကို သည်းခံကျော်လွှားရတဲ့အတွက် ခန္တီပါရမီ၊ အလှူရှင်အပေါ် အလှူခံပုဂ္ဂိုလ်ဖြစ်ဖြစ်၊ဘေးပရိတ်သတ်ကဖြစ်ဖြစ် ကဲ့ရဲ့တာ၊ ချီးမွမ်းတာကို မတုန်မလှုပ် သည်းခံနိုင်မယ်ဆိုရင် ဥပေက္ခာပါရမီ၊ စတဲ့ ပါရမီ(၁၀)ပါးပါဝင်နေသလို ပါရမီဖြည့်ရာလည်း ရောက်ပါတယ်။ ဒါနတစ်ခုကို ပြုတော့မယ်ဆိုရင် ပါရမီအားလုံး ပြည့်စုံနေတဲ့ ပါရမီကုသိုလ်ကြီးတစ်ခု ပြုလိုက်တယ်လို့ ဆိုနိုင်ပါတယ်။ သို့သော် လှူတတ်ဖို့တော့ လိုပါလိမ့်မယ်။ ဘယ်လိုလှူကြမလဲ။ ကျွန်တော်နားလည်သလောက် အကြံပြုပါရစေ။လှူတဲ့ပုဂ္ဂိုလ်အနေနဲ့ စေတနာကို စင်ကြယ်စွာထားနိုင်ဖို့ လိုပါတယ်။ လူချမ်းသာ၊ နတ်ချမ်းသာ စတဲ့ ကောင်းကျိုးချမ်းသာတွေကို လိုချင်လို့ လောဘနဲ့လှူတဲ့ အလှူမျိုး၊ သူများနဲ့ဂုဏ်တု ဂုဏ်ပြိုင် မခံချင်စိတ်နဲ့လှူတဲ့ အလှူမျိုး၊ သူများကဲ့ရဲ့မှာကြောက်လို့ လှူတဲ့အလှူမျိုး၊ စေတနာမပါတဲ့ အလှူမျိုး၊ အဲဒီလိုအလှူမျိုးတွေ မဖြစ်စေချင်ပါဘူး။လှူတဲ့နေရာမှာ နိဗ္ဗာန်ကိုသာ ရည်မှန်းပြီးလှူပါ။ နိဗ္ဗာန်ကိုသာ ရည်မှန်းပြီးလှူရင် ကျွဲကူးရေပါသလို လူချမ်းသာ၊ နတ်ချမ်းသာဆိုတာ အလိုလို ပါပြီးသားပါ။ အရိယာသူတော်စင် များကလည်း ကိုယ်ချမ်းသာဖို့သက်သက်ကို ရည်စူးပြီးလှူတာကို အနှစ်မြို့ကြပါဘူး။ မိုးကုတ်ဆရာတော် ဘုရားကြီး မိန့်ဆိုခဲ့သည်မှာ ''လူချမ်းသာ၊ နတ်ချမ်းသာဖြစ်ချင်လို့ ကုသိုလ်လုပ်ရင် ကုသိုလ်ကံနဲ့ တဏှာရောနေတယ်။ ကုသိုလ်လုပ်တာက ကုသိုလ်၊ ''လူချမ်းသာ၊ နတ်ချမ်းသာဖြစ်ချင်တာက တဏှာပေါ့။ လူ့ဘ၀၊ နတ်ဘ၀ဆိုတဲ့ 'ဒုက္ခသစ္စာ' မထည့်ပါနဲ့။ နောက်ဘ၀ မသာဖြစ်တာ ကောင်းစားတာလား၊ မသာလွတ်မှကောင်းစားမှာပေါ့။ ကိုယ့်မှာလည်း ဒုက္စသစ္စာရှိနေပါလျက်နဲ့ နောက်ဒုက္စသစ္စာကို တောင့်တဖို့ လိုပါအုန်းမလား။ ၃၁-ဘံအားလုံးဟာ အနိစ္စကြီးပဲ။ လူပြည်ဆုတောင်းတာ မြေကြီး ကြီးပွါးဖို့၊ နတ်ပြည်ဆုတောင်းတာ အသေထပ်ဖို့၊ ဗြဟ္မာပြည်ဆုတောင်းတာ မသာကြီးချဖို့၊ ဒီဒုက္ခသစ္စာကြီး မရချင်ရင် လှူပါ'' လို့ မိန့်ကြားတော်မူခဲ့ပါတယ်။လှူတဲ့နေရာမှာ ပုဗ္ဗ၊ မုဉ္စ၊ အပရ ဆိုတဲ့ စေတနာသုံးတန်ကို ပြတ်ပြတ်သားသား ပြဌာန်းပြီးတော့ တဏှာစွဲ ကျွတ်ကျွတ်လွတ်လွတ်နဲ့ စွန့်လွတ်ပြီးတော့ လှူလိုက်ပါ။ ငါစွဲမထားပါနဲ့၊ ငါ့ဥစ္စာစွဲ မထားပါနဲ့။ နိက္ခမပါရမီမြောက်အောင် လှူလိုက်ပါ။ ''ဒါနဆိုတာ ငါ့ပစ္စည်းဆိုတဲ့အစွဲကို စွန့်လွှတ်ပစ်တာ။ မမျှော်နဲ့၊ မျှော်ရင်ချော်မှာပဲ။ မျှော်တာက တဏှာ၊ အကျိုးပေးမှာက စေတနာ။ စေတနာသန့်ရှင်းရင် အကျိုးပေးသန့်ရှင်းမယ်။ ပစ္စည်းကို လက်ကလွှတ်ပေမဲ့ ငါစွဲစိတ်က မလွှတ်မိရင် ငါ၊ ၀တ္ထု၊ ပုဂ္ဂိုလ် စွဲများကြောင့် ပြိတ္တာခန်း တန်းဝင်ကြရမယ် '' လို့ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးက ဆုံးမတော်မူခဲ့ပါတယ်။ လှူတဲ့နေရာမှာ ဒါနပါရမီသာမက ၀ိရိယပါရမီပါမြောက်အောင်၊ သဟသိကဒါန မြောက်အောင် ကိုယ်တိုင်ကိုယ်ကျ ၀ီရိယစိုက်ထုတ်ပြီး ဝေယျာဝစ္စကုသိုလ်ကိုပါ ရအောင်ယူပါ။အလှူခံပုဂ္ဂိုလ်အတွက် အလိုအပ်ဆုံးအချိန်မှာ အလိုအပ်ဆုံး ပစ္စည်း၊ အထောက်အပံ့ကို ပေးလှူနိုင်အောင်၊ (ကာလေဒါန)ဖြစ်အောင် ကြိုးစားပါ။ အလှူခံပုဂ္ဂိုလ်ကို အယုတ်အလတ် အမြတ်မရွေး ကိုယ့်ကုသိုလ်ဖြစ်မြောက်အောင် ဖြည့်ဆည်းပေးတဲ့ ကျေးဇူးရှင်တွေအဖြစ် မေတ္တာထားပြီး လေးလေးစားစား ပေးလှူပါ။ မိမိရဲ့အလှူ အောင်မြင်ပြီးမြောက်တဲ့အထိ အခက်အခဲမှန်သမျှကို ရင်ဆိုင်ကျော်လွှားသည်းခံပြီး မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ပြီးလှူပါ။ မိမိရဲ့ အလှူပစ္စည်းဟာလည်း ဓမ္မိယလဒ္ဓ၊ စင်ကြယ်စွာရှာဖွေထားတဲ့ ပစ္စည်းဖြစ်ပါစေ။ ခိုးဝှက်၊ လုယက်၊ အဓမ္မရယူထားတဲ့ပစ္စည်း မဖြစ်ပါစေနဲ့။ ကိုယ်ရဲ့ချွေးနှဲစာနဲ့ ရှာဖွေထားတဲ့ပစ္စည်းဟာ အစင်ကြယ်ဆုံးပါ။ 'အသယှ' ဇာတ်တော်မှာ 'အသယှ' သူဌေးဟာ ရှိသမျှပစ္စည်း လှူဒါန်းလိုက်လို့ကုန်တော့၊ ခုနှစ်ရက်လုံးလုံး မြက်ရိတ်ပြီး ရောင်းရငွေနဲ့ တစ်မိသားစုလုံး ထမင်းတောင်မစားဘဲ အငတ်ခံပြီးလှူဒါန်းလို့ သိကြားမင်းရဲ့ ဗိမာန်တောင် တုန်လှုပ်ပါတယ်လို့ ဆိုထားပါတယ်။ လှူတဲ့အချိန်မှာ မြင့်မြတ်တဲ့အလှူခံပုဂ္ဂိုလ်ကို လှူနိုင်ရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။ အခုအခါမှာ အရိယသံဃာတော်ကြီးများ၊ ပစ္စေကဗုဒ္ဓါစတဲ့ အလှူခံပုဂ္ဂိုလ်မျိုး ရှာရခက်လေတော့ အကောင်းဆုံးအကြံပြုချင်တာက သံဃာတော်များကိုရည်မှန်းပြီး လှူတာပါပဲ။ ရဟန်းတော်တစ်ပါးချင်းကိုရည်ရွယ်ပြီး လှူတာထက် သံဃာတော်များကိုရည်မှန်းပြီး လှူတာက ပိုပြီးမြင့်မြတ်ပါတယ်။ ပိုပြီးလည်း အပြစ်ကင်းပါတယ်။လှူတယ်ဆိုတာ ပစ္စည်းရှိမှလှူနိုင်တာ မဟုတ်ပါဘူး။ အမိအဘကို လုပ်ကျွေးတာ၊ သားသမီး မိသားစုကိုလုပ်ကျွေးတာ၊ ဆွေမျိုးမိတ်သင်္ဂဟကို စောင့်ရှောက်တာလည်း အလှူတွေပါပဲ။ မိမိရဲ့ပညာကို မျှဝေတာ၊ မိမိရဲ့လုပ်အားကိုမျှဝေတာ၊ မိမိရဲ့အားလပ်ချိန်ကို လူမှုရေးလုပ်ငန်းတွေမှာ လုပ်ဆောင်ပေးတာတွေဟာလည်း ပညာအလှူ၊ လုပ်အားအလှူ၊ အချိန်အလှူတွေပါပဲ။ ''မရှိလို့မလှူ မလှူလို့မရှိ'' ဆိုတာမဟုတ်ပါဘူး။ မရှိပေမယ့်လည်းလှူနိုင်ပါတယ်။ လှူချင်စိတ်မရှိလို့သာ မလှူကြတာပါ။ လှူချင်တဲ့ သဒ္ဓါစိတ်ရှိရင် ဘုရားအလောင်းယုန်မင်းတောင်မှ ကိုယ့်ကိုယ်ကို မီးပုံထဲခုန်ချဆင်းပြီး လှူခဲ့သေးတာပဲ။ ကိုယ့်ခန္ဓာကိုယ်ကနေ သွေး၊ မျက်ကြည်လွှာ လှူနိုင်ပါတယ်။ အရေးကြီးတာက လှူချင်တဲ့သဒ္ဓါစိတ်ရှိဖို့ပါပဲ။ လှူချင်တဲ့သဒ္ဓါစိတ်ထက်သန်ဖို့ပါပဲ။လောကီအရကြည့်မယ်ဆိုရင် အရာရာကိုစွတ်လွှတ် နိဗ္ဗာန်လမ်းကိုသာ ရောက်ရှိရေးအတွက် တရားဓမ္မကိုကျင့်ကြံအားထုတ်နေသော ဘိက္ခုအရှင်သူမြတ်တွေ၊ ရှေးကပြူဖူးသောကံမကောင်းရှာလို့ ဒုက္ခိတဖြစ်ရပြီး လုပ်မစားနိုင်သော မသန်စွမ်းသူတွေ၊ ပဋ္ဋိရူပဒေသ အမှီမရလို့ ငယ်စဉ်က ပညာသင်ခွင့်ကောင်းကောင်းမရကြလို့ အသက်မွေးဝမ်းကျောင်း ခက်ခဲပြီး ဆင်းရဲနေကြသော မရှိဆင်းရဲသားများ ကို လှူဒါန်းရတာဟာ လောကကြီးကိုဟန်ချက်ညီအောင်၊ မျှတအောင် ကူညီလုပ်ဆောင်နေတာပါ။ ထို့ကြောင့် လှူတတ်မယ်ဆိုရင် လှူတယ်ဆိုတာ လောကီ၊ လောကုတ္တရာ နှစ်ဖြာသောအကျိုးကို ရရှိတာပါ။ လူတိုင်းလူတိုင်း ကလျာဏပုထုဇဉ်တိုင်း ဒါနအမှုကိုတော့ ပြုသင့်ကြပါတယ်။ ဒါန၊ သီလ၊ ဘာဝနာ မပါရင် သန်းခေါင်လကွယ်၊ တောအုပ်လယ်၌ အမှောင်ထဲမှာ လမ်းပျောက်ရသူလို သံသရာလမ်းမှာ စမ်းတ၀ါးဝါး ဖြစ်နေရမှာပါ လို့ လယ်တီဆရာတော်ဘုရားကြီး ဆုံးမတော်မူခဲ့ပါတယ်။ဤစာစောင်ကို ဖတ်ရှုကြရသော ဓမ္မချစ်ခင် သူတော်စင်အပေါင်းတို့သည် သတ္တ၀ါအားလုံးတို့ကို လှူနိုင်၊ ပေးနိုင်၊ ကျွေးနိုင်၊ ကမ်းနိုင်သော သူတော်ကောင်းသူတော်မြတ်များ ဖြစ်ကြပါစေ။ ဤစာစောင်ကို ဖတ်ရှုပြီးချိန်မှစ၍ နိဗ္ဗာန်ရောက်ကြောင်းအထောက်အပံ့ဖြစ်စေရန် လှူတတ်သော ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလိမြတ်များ ဖြစ်ကြပါစေ။ တယောက်ကိုတစ်ယောက် ပီယစက္ခု ချစ်ခင်သောမျက်လုံးဖြင့်ကြည့်ရှုနိုင်ကြပြီး သူတော်ကောင်းတရား လက်ကိုင်ထားနိုင်ကြ၍ သံသရာဝဋ္ဋ်ဆင်းရဲမှ လွတ်မြောက်နိုင်ပါစေကြာင်း တိုက်တွန်းနှိုးဆော်ရင်း ဤစာစောင်ဖြင့် ဓမ္မဒါန ပြုအပ်ပါသည်။ရေနံသာမောင်ဘဲ၏ ဓမ္မဒါနဖြစ်သည် ... ။

2010년 1월 19일 화요일

ပုဗ္ဗနိမိတ်ကြီး ၃၂ ပါး (တစ်နည်း) အံ့ဖွယ်ကြီး -၃၂ ပါး အကြောင်း

  • ဘုရားအလောင်းတော်တို့ နောက်ဆုံးဘဝ ပဋိသန္ဓေ တည်နေတော်မှုသော အခါတို့၌
    ဖြစ်ပေါ်လာမြဲ ဓမ္မနိယာမ=ဓမ္မတာဖြစ်ကုန်သော အလွန်ထူးခြား ကြီးမားဆန်းကြယ်သော
    အံ့သြဖွယ်ကောင်းလှသည့် ပညာရှိတို့အဖို့ ဘုရားအလောင်းတော် ပဋိသန္ဓေတည်နေပြီဟု
    ကြိုတင်၍ သိနိုင်ကြောင်း ပုဗ္ဗနိမိတ်ကြီး(၃၂)မျိုးတို့သည် ထင်ရှားဖြစ်ပေါ်လာကြကုန်၏၊
    ထိုပုဗ္ဗနိမိတ်ကြီး (၃၂)ပါးတို့ကို ဇာတ်အဋ္ဌကထာ နိဒါန်း၌လာရှိသောအတိုင်း ဖော်ပြရေးသား
    အပ်ပါသည်။ ဘုရားအလောင်းတော်တို့ ပဋိသန္ဓေတည်နေသောအခါ
    (၁) တစ်သောင်းသော စင်္ကြာဝဠာတိုက်တို့၌ မနှိုင်ယှဉ်နိုင်သော အလင်းရောင်ကြီး ပျံ့နှံ့၏။
  • (၂) ဘုရားအလောင်းတော်၏ ဘုန်းအသရေတော်ကို ရှုမျှော်ဖူးမြင်လိုကြသည့် ပမာ မျက်စိ
    နှစ်ကွင်း အလင်းမရနေခဲ့ကြရသော သူတို့သည် ထိုခဏ၌ မြင်ကြကုန်၏။
  • (၃) နားပင်းကုန်သော သူတို့သည်လည်း နားအပင်းပျောက်ကာ အသံကို ကြားကြကုန်၏။
  • (၄) အ-သဖြင့် စကားမပြောနိုင်သော သူတို့သည်လည်း ထိုခဏ၌ အ-အပျောက်ကာ စကား
    ပြောလာကြကုန်၏။
  • (၅) ကုန်း-ကွ-ကောက်-ခွင်သော ကိုယ်ရှိသောသူတို့လည်း ထိုခဏ၌ ဖြောင့်မတ်သောကိုယ်ရှိကြ
    ကုန်၏။
  • (၆) ခြေဆွံ့သောသူ(မသွားနိုင်သူ)တို့လည်း ထိုခဏ၌ အဆွံ့ပျောက်ကာ ခြေဖြင့် ကောင်းစွာ
    သွားလာနိုင်ကြကုန်၏။
  • (၇) နှောင်အိမ် အနှောင်အဖွဲ့(ထူး-ထိတ်-သံ ခြေကျဉ်းစသည်)၌ နှောင်ဖွဲ့ခြင်းကို ခံလျက်နေကြ
    ရသော သူတို့သည်လည်း ထိုခဏ၌ ထိုနှောင်အိမ် အနှောင်အဖွဲ့ အမျိုးမျိုးတို့မှ ကျွှတ်လွတ်
    ကြကုန်၏။
  • (၈) အလုံးစုံသော ငရဲဘုံတို့၌ ငရဲမီး ငြိမ်အေးကုန်၏။
  • (၉) ပြိတ္တာဘုံ(ပြိတ္တာလောက) ၌ ဆာလောင်ခြင်း ရေသိပ်(ရေငတ်)ခြင်း ကင်းစဲငြိမ်းအေး၏။
  • (၁၀) တိရိစ္ဆာန်တို့အား ဘေးရန် တစ်စုံတရာမျှမရှိ၊(ဘေးခပ်သိမ်းမှ လွတ်ငြိမ်းကြရကုန်၏။
  • (၁၁) ရောဂါရှိသော သတ္တဝါခပ်သိမ်းတို့ ထိုရောဂါဟူသမျှတို့မှ လွတ်ငြိမ်းပျောက်ကင်းကြကုန်၏။
  • (၁၂) သတ္တဝါခပ်သိမ်းတို့သည် တစ်ဦးကိုတစ်ဦး ကြည်နှုးချစ်ခင်ဖွယ်ရာ စကားကိုသာပြောဆိုကြ
    ကုန်၏။
  • (၁၃) မြင်းတို့သည် ချိုးမြိန်သာယာစွာသော အခြင်းအရာဖြင့် ရွှင်လန်းမြူးတူးစွာ ဟီးကြကုန်၏။
  • (၁၄) ဆင်တို့သည် ချိုးမြိန်သာယာစွာသော အခြင်းအရာဖြင့် ရွှင်လန်းမြူးတူးစွာ မြည်ကြကုန်၏
  • (၁၅) စည်း စောင်းညှင်းစသော တူရိယာမျိုး ခပ်သိမ်းတို့သည် မတီးမမှုတ်အပ်ပါဘဲလျှက် မိမိတို့
    အလိုလို မိမိတို့မြည်ကြသော အသံကို ရင့်သီးကျူးမြည်ကြကုန်၏။
  • (၁၆) လူတို့၏ လက်ကောက်-ခြေကျဉ်း-အစရှိသော အဆင်တန်ဆာတို့သည် တစ်ခုနှင့်တစ်ခု
    မထိမခိုက်မိကြပဲလျှက် အလိုအလျှောက် အသံမြည်ကုန်၏။
  • (၁၇) အလုံးစုံသော အရပ်မျက်နှာ လဟာခပင်း ရှုမြင်ကွင်းတို့သည်သန့်ရှင်းကြည်လင်ကြကုန်၏
  • (၁၈) သတ္တဝါတို့အား အေးမြချမ်းသာခြင်းကို ဖြစ်စေလျှက် နှုးညံ့သိမ်မွေ့သော လေပြည်
    လေညှင်းတို့သည် ဖြည်းညှင်းသာယာ တိုက်ခတ်လာကုန်၏။
  • (၁၉) အခါမဲ့ မိုးကြီးရွာသွန်းလာ၏။(မိုးရွာချိန်မဟုတ်ဘဲ အုတ်အုတ်သဲသဲ လွန်ကဲသည်းထန်စွာ
    မိုးကြီး ရွာသွန်းလာ၏။
  • (၂၀) မဟာပထဝီ ဤမြေကြီးမှလည်း ရေသည်အလိုလို စိမ့်ထွက်ကာထိုထိုဤဤ စီးသွားလေ၏
  • (၂၁) ငှက်အများ ကောင်းကင်၌ ပျံသန်းခြင်းကိုမပြုကြ။(ထိုခဏ၌ ကောင်းကင်၌ ပျံသွားခြင်းမရှိ)
  • (၂၂) တသုန်သုန် တသွင်သွင် အစဉ်မပြတ် စီးသွား စုန်ဆင်းမြဲဖြစ်သော မြစ်ရေအယဉ်တို့သည်
    အရှင်ကငေါက်၍ ကြောက်ရွံ့ရပ်နားသည့် ကျွှန်အလား စီးသွားစုန်ဆင်းခြင်းမရှိဘဲ ပကတိ
    ရပ်တန့်ငြိမ်သက်၍ နေကုန်၏။
  • (၂၃) မဟာသမုဒ္ဒရာ၌ ပကတိက ငန်သည့်အရသာ ရှိသောရေသည် ထိုခဏ၌ ချိုမြိန်၍
    လာပေ၏။
  • (၂၄) အလုံးစုံသော အရပ်မျက်နှာတို့၌ အဆင်းသုံးဖြာ ကြာငါးမျိုးငါးပါးတို့ ဖြန့်လွှားဖုံးလွှမ်းလျက်
    ရှိကုန်၏။(ရေကန်ရေအိုင်တိုင်း ကြာမျိုးငါးပါးဖြင့် ဖုံးလွှမ်းအပ်သော ရေမျက်နှာပြင်ရှိ၏။
  • (၂၅) အလုံးစုံသော ကြည်းပန်း(ကုန်းပန်း) ရေပန်းတို့သည် ထိုခဏ၌ တပြိုင်နက်ပွင့်ကြကုန်၏။
  • (၂၆) သစ်ပင်တို့၏ ပင်လုံးပင်စည်တို့၌ ခန္ဓပဒုမခေါ် ပင်စည်ပန်းတို့ အဆန်းတကြယ် ပွင့်ကြ
    ကုန်၏။
  • (၂၇) သစ်ပင်တို့၏ အခက်တို့၌ သာခါပဒုမ-မည်သော အခက်ပန်းတို့ အဆန်းတကြယ်
    ပွင့်ကြကုန်၏။
  • (၂၈) သစ်ပင်တို့၏ အနွယ်တို့၌ လတာပဒုမ-မည်သော အနွယ်ပန်းတို့ အဆန်းတကြယ်
    ပွင့်ကြကုန်၏။
  • (၂၉) ဒဏ္ဍပဒုမ-မည်သော အရိုးတံ ပန်းတို့သည်လည်း ကုန်းမြေတခွင် ကျောက်ဖြာအပြင်တို့ကို
    ဖောက်ထွင်းကာ ခုနစ်ဆင့်ဖြစ်၍ ပွင့်ထါန်းပေါ်ထွက် လာကုန်၏။
  • (၃၀) ကောင်းကင်၌ ပဒုမာ ကြာပန်းတို့သည် အောက်သို့တူရှု မျက်နှာမှုလျက် တွဲရရွဲ
    ဆွဲကြကုန်၏။
  • (၃၁) အရပ်ထက်ဝန်းကျင်မှ ပန်းမိုးတို့ တဖြိုးဖြိုး ရွာသွန်းကုန်၏။
  • (၃၂) ကောင်းကင်၌ နတ်ဖြစ် တူရိယာ တို့လည်း မတီးမမှုတ်ရပဲ အလိုအလျောက် အသံမြည်
    ကြကုန်၏။

2009년 12월 3일 목요일

မန်လည်ဆရာတော်ဘုရားကြီးရဲ့ "မဃဒေ၀လင်္ကာသစ်"

ကျိုးပြစ်မသိ၊ မရှိဥာဏ၊ မိုက်ဝါဒနှင့်၊ လူ့ဗာလမျိုး၊ လနေမိုးကို၊ မျက်ငြိုးငြူစူ၊ ဆဲရေးမူလည်း၊ ဆဲသူလူနွမ်း၊ သွမ်းသာသွမ်း၏၊ သွားလမ်းအညီ၊ ရာသီပက္ခ၊ ကာလမရွေ့၊ သာလေ့ပူလေ့၊ ရွာမြဲလေ့တိုင်း၊ ပြကတေ့အရိုး၊ လနေမိုးတို့၊ နွမ်းညှိုးဂုဏ်ဝါ၊ ဘယ်ပျက်ရာလိမ့်။ (ပုဒ်ရေ ၂၆၃)

လောင်ခြစ်ပွက်ဆူ၊ မျက်ထွက်သူကို၊ တုံ့မူအမျက်၊ ပြန်မထွက်က၊ အောင်ခက်နိုင်ခဲ၊ စစ်မြေထဲဝယ်၊ အောင်ပွဲရသည်၊ သူဟုမည်ရှင့်၊ မကြည်စိတ်စက်၊ အမျက်ထွက်သူ၊ ထိုသည့်သူနှင့်၊ အတူပြန်လျက်၊ မျက်မာန်ထွက်သော်၊ ရှေ့ထက်နောက်လူ၊ မိုက်သောဟူ၏။ (ပုဒ်ရေ ၂၆၃)

မူနည်ယုတ်မာ၊ ကြမ်းကြုတ်စွာဖြင့်၊ ဣသာသဘော၊ ပြန့်ပြောများသူ၊ ခွေးနှင့်တူ၏၊ ခွေးဟူတုံက၊ လှမလှနှင့်၊ ဟီနဥက္ကဋ္ဌ်၊ ယုတ်မြတ်လူရှင်၊ ပျိုအိုသွင်လည်း၊ မြင်မြင်သမျှ၊ သွားကိုပြ၍၊ ဒေါသမျက်ဆူ၊ ဟိန်းငြူစူ၏။ (ပုဒ်ရေ ၂၃၅)

လောဘဒေါသ၊ မောဟအဟုန်၊ ဆတ်ဆတ်ခုန်၍၊ သည်းတုန်အူလှိုက်၊ မမူထိုက်ရှင့်၊ သူမိုက်သဘော၊ စရိုက်ပြောလျက်၊ ကုဒ္ဓေါဓမ္မံ နဇာနာတိ၊ အစရှိသား၊ ပါဠိဒေသနာ၊ ဟောမိန့်မှာတိုင်း၊ မှန်စွာစင်စစ်၊ ဒေါသဖြစ်က၊ ကျိုးပြစ်တရား၊ မသိငြားဘူး။ (ပုဒ်ရေ ၂၃၄)

ရထားစက်ဟုန်၊ လည်သုန်သုန်ကို၊ မတုန်မလှုပ်၊ တည်စေချုပ်သို့၊ ဟုပ်ဟုပ်အမျက်၊ ကောဓစက်ကို၊ ဥာဏ်လက်သိမ်းအုပ်၊ လည်မလှုပ်အောင်၊ ထိန်းချုပ်နိုင်ငြား၊ ထိုသူ့အားလျှင်၊ ဘုရားတကာ၊ အရိယာတို့၊ လွန်စွာ မငြီး၊ ဘ၀ဂ်တီးအောင်၊ ကောင်းချီးခေါ်ပြု၊ သာဓုထပ်မျှ၊ ချီးမွမ်းကြ၏။ (ပုဒ်ရေ ၂၃၄)

ဗာလအလို၊ သ၀န်တိုနှင့်၊ ကိုယ်ကိုထောင်လွှား၊ အမြတ်ထား၍၊ သူ့အားနှိမ့်ချ၊ ပြုတတ်ကြမူ၊ မလှကျိုးမဲ့၊ ဂုဏ်ချို့တဲ့လျက်၊ ကဲ့ရဲ့ဘေးဒဏ်၊ ကိုယ်ကိုပြန်ပြီး၊ ဧကန်မုချ၊ ဒုက္ခကိုယ်မှာ၊ ရောက်တတ်စွာခဲ့…. (ပုဒ်ရေ ၂၀၃)

2009년 8월 9일 일요일

ကောလာဟလငါးပါးအကြောင်း

ကောလဟာလဟူသည် အုတ်အုတ်ကျက်ကျက် ဤသို့ဖြစ်တော့မည်တဲ့ဟု မဖြစ်မီကကြိုတင်၍ သတင်းစကား
တစ်ဦး နှစ်ဦးကစ၍ အများအပြားစုပေါင်းကာ စကားတူ အသံတူ ရုတ်ရုတ်ရက်ရက် ပြောဆိုကြခြင်းမျိုးကို ဆိုလို
ပါသည်။
ဤအရာတွင် နောက်နောင်အခါ အမှန်မုချ ဖြစ်ပေါ်လာမည်ကို မဖြစ်ပေါ်မီဝေးလံစွာသော အချိန်ကာလ
ကြိုတင်၍ ရှေးပြေးနိမိတ်အနေဖြင့် လူအများစုရုံကာ အုတ်အုတ်ကျက်ကျက် ပြောဆိုကြခြင်းမျိုးကိုသာ
ကောလဟာလ ဟူ၍ဆိုလိုသည်၊ထိုထိုမြို့ရွာစသည့်တို့၌ ရောက်တတ်ရာရာ အမှန်လည်းမဖြစ်လာနိုင်ပါပဲလျှက်
စကြာမင်း ပေါ်တော့မည်တဲ့ အစရှိသည်ဖြင့်အုတ်အုတ်ကျက်ကျက် ရုတ်ရုတ်ရက်ရက် ပြောဆိုကြခြင်းမျိုးကို
ဆိုလိုသည်မဟုတ်။
လောက၌ ကြိုတင်၍ နိမိတ်ရှေ့ပြေးအနေဖြင့် ထိုအုတ်အုတ်ကျက်ကျက် ဖြစ်ခြင်း ကောလဟာလသည်-
(၁) ကပ္ပကောလာဟလ
(၂) စက္ကဝတ္တိကောလာဟလ
(၃)ဗုဒ္ဓကောလာဟလ
(၄)မင်္ဂလကောလာဟလ
(၅)မောနေယျကောလာဟလ-ဟူ၍ငါးမျိုးရှိ၏။ ထိုငါးမျိုးတို့တွင်

(၁) ကပ္ပကောလာဟလ

ကဗ္ဘာကြီး ပျက်တော့မည်ဟု အုတ်အုတ်ကျက်ကျက် ဖြစ်ခြင်းကို ကပ္ပကောလာဟလဟူ၍ခေါ်ဆို၏။ကဗ္ဘာပျက်လုနီးလာသော
အခါ မပျက်မီနှစ်ပေါင်းတသိန်းက ကြိုတင်၍ လောကဗျူဟာ အမည်ရှိသော ကာမာဝစရနတ်တို့သည် နိမြန်းသောအဝတ်တို့ကို
ဝတ်ဆင်ကြပြီးလျှင် ဆံပင်ကိုဖားယားချကုန်၍ ငိုယိုသောမျက်နှာမှ မျက်ရည်တို့ကို သုတ်ကာသုတ်ကာအလွန်မသက်သာသော
အသွင်အပြင် အခြင်းအရာတို့ဖြင့် လူတို့သွားလာရာ ခရီးလမ်းတို့၌ လှည့်လည်ကြကုန်လျှက်---
အချင်းတို့…. ဤနှစ်မှစ၍နောက် အနှစ်တသိန်းလွန်သော အခါ၌ ဤကဗ္ဘာလောကကြီးသည်ပျက်စီးတော့ပေမည်၊မဟာသမုဒ္ဒရာ
သည် ခန်းခြောက်တော့မည်၊မဟာသမုဒ္ဒရာသည်လည်းခြောက်ခန်းတော့မည်၊ပထယီမြေကြီးသည်၎င်း၊မြင်းမိုရ်တောင်မင်းသည်
၎င်း၊ဤအလုံးစုံတို့သည်(မီးဖျက်မည့်ကဗ္ဘာဖြစ်လျှင်)မီးလောင်၍ပျက်စီးကုန်လိမ့်မည်၊(ရေဖျက်မည့်ကဗ္ဘာဖြစ်လျှင်)ရေလွှမ်းမိုး၍
ပျက်စီးကုန်လိမ့်မည်၊(လေဖျက်မည့်ကဗ္ဘာဖြစ်လျှင်)လေပြင်းလေကြမ်းတိုက်ခတ်၍ ပျက်စီးကုန်လိမ့်မည်၊မြင်းမိုရ် သမုဒ္ဒရာတို့၏
တည်ရာ ဤမဟာပထဝီမြေကြီးမှသည် ဗြဟ္မာ့ပြည်တိုင်အောင် ဤကဗ္ဘာလောကကြီး ပျက်စီးလိမ့်မည်၊အိုအချင်းတို့…သင်တို့
သည် မေတ္တာတရားကိုပွားများကြကုန်လော့၊ကရုဏာတရားကိုပွားများကြကုန်လော့၊မုဒိတာတရားကိုပွားများကြကုန်လော့၊
ဥပေက္ခာဗြဟ္မစိုရ် တရားကိုပွားများကြကုန်လော့။အမိ အဖတို့ကို ရိုသေစွာ ပြုစုလုပ်ကြွေးကြကုန်လော့၊သက်ကြီးသူအို
ရိုသေထိုက်သူတို့ကို ရိုသေကြကုန်လော့၊ကုသိုလ်ကောင်းမှုတို့၌ အစဉ်နှိုးကြားကြကုန်လော့၊မမေ့မလျော့ကြကုန်လင့်….
ဟူ၍ အနှံ့အပြား လူအပေါင်းတို့ကြားသိလောက်အောင် ကြွေးကြော်ကြကုန်၏၊ဤသို့ကြွေးကြော်သည်ကို အကြောင်းအစပြူ၍
ကဗ္ဘာကြီးပျက်တော့မည်တဲ့…ကဗ္ဘာကြီးပျက်တော့မည်တဲ့ ဟူ၍ လူအများစုရုံးကာ နေရာအနှံ့အပြား၌ အုတ်အုတ်ကျက်ကျက်
ပြောဆိုကြခြင်းကို ကပ္ပကောလာဟလ ဟူ၍ခေါ်ဆိုကြပါသည်။



(၂) စက္ကဝတ္တိကောလဟလ

လူ့ပြည်လောက၌(အရံကျွှန်းငယ်နှစ်ထောင်နှင့်တကွ ကျွှန်းကြီးလေးကျွှန်း လူ့ပြည်တဝှန်းလုံးကို သိမ်းကျူံး
အစိုးရသော စကြဝတေးမင်း ဖြစ်ပေါ်လာတော့မည်တဲ့ ဟုလူအပေါင်းတို့ အုတ်အုတ်ကျက်ကျက်ဖြစ်ခြင်းကို
စက္ကဝတ္တိ ကောလာဟလဟူ၍ ခေါ်ဆို၏။လူ့ပြည်လောက၌ စကြဝတေးမင်း ဖြစ်ပေါ်လာတော့မည်ကို ကြိုတင်
သိရှိကြကုန်သော လောကပါလ ကာမာဝစရနတ်တို့သည် သကြဝတေးမင်း မဖြစ်ပေါ်မီ နှစ်ပေါင်းတရာက
ကြိုတင်၍ လူတို့သွားလာရာခရီးလမ်းမတို့၌ လှည့်လည်ကြကုန်လျှက်…
အချင်းတို့…ဤနေ့မှနောက် နှစ်ပေါင်းတရာ စေ့ရောက်သောအခါ ဤလူ့ပြည်လောက၌ စကြဝတေးမင်း
ဖြစ်ထွန်းပေါ်ပေါက်လာ လိမ့်မည် ဟူ၍ အနှံ့အပြား လူအပေါင်းတို့ ကြားသိလောက်အောင် ကြွေးကြော်ကြ
ကုန်၏။ဤသို့ကြွေးကြော်ကြသည်ကို အကြောင်းအစပြု၍ စကြဝတေးမင်း ပေါ်တော့မည်တဲ့…စကြဝတေးမင်း
ပေါ်တော့မည်တဲ့ ဟူ၍ လူအများစုရုံကာ နေရာအနှံ့အပြား၌ အုတ်အုတ်ကျက်ကျက် ပြောဆိုခြင်းကို စက္ကဝတ္တိ
ကောလာဟလ ဟူ၍ ခေါ်ဆို၏။

(၃) ဗုဒ္ဓကောလာဟလ
လူ့ပြည်လောက၌ဘုရားပွင့်တော့မည်တဲ့ဟု လူအပေါင်းတို့ အုတ်အုတ်ကျက်ကျက်ဖြစ်ခြင်းကိုဗုဒ္ဓကောလာဟလ
ဟူ၍ခေါ်ဆို၏၊ လူ့ပြည်လောက၌ သဗ္ဗညူမြတ်စွာဘုရား ပွင့်ထွန်းတော်မှုလာတော့မည်ကို ကြိုတင်သိရှိကြကုန်
သော သုဒ္ဓါဝါသဗြဟ္မာကြီးတို့သည် ကိုယ်၌ ဗြဟ္မာတို့၏ အဝတ်အစား အဆင်တန်းဆာတို့ကို ဝတ်ဆင်ကြကုန်၍
ဦးခေါင်း၌ ဗြဟ္မာတို့၏ မကိုဋ်သရဖူကို ဆောင်ကြကုန်ပြီးလျှင် ကြည်လင်ရွှင်လန်း ဝမ်းမြောက်သော စိတ်ရှိကြ
လျှက် ဘုရားမပွင့်မီ နှစ်ပေါင်းတစ်ထောင်ကပင် ကြိုတင်၍ လူတို့သွားလာရာ ခရီးလမ်းမတို့၌ လှည့်လည်ကြ
ကုန်လျက်…
အချင်းတို့…ယနေ့မှနောက် နှစ်ပေါင်းတစ်ထောင် စေ့ရောက်သောအခါ ဤလူ့ပြည်လောက၌ သဗ္ဗညူ
မြတ်စွာဘုရား ထင်ရှားပွင့်ပေါ်တော် မှုလိမ့်မည် ဟူ၍ အနှံ့အပြား လူအပေါင်းတို့ ကြားသိလောက်အောင်
ကြွေးကြော်ကြကုန်၏၊ ဤသို့ ကြွေးကြော်ကြသည်ကို အကြောင်းအစုပြု၍ မြတ်စွာဘုရား ပွင့်တော်မှုတော့မည်
တဲ့… မြတ်စွာဘုရား ပွင့်တော်မှုတော့မည်တဲ့ ဟူ၍လူအများစုရုံးကာ နေရာအနှံ့ အပြား၌ အုတ်အုတ်ကျက်ကျက်
ပြောဆိုကြခြင်းကို ဗုဒ္ဓကောလာဟလ ဟူ၍ ခေါ်ဆို၏။
(ဤဗုဒ္ဓကောလာဟလအရာ၌ ဘုရားမပွင့်မီ အနှစ်တစ်ထောင်က ကြိုတင်၍ ဗုဒ္ဓကောလာဟလ ဖြစ်ပေါ်လာ
၏ ဟူသော စကားကို ပွင့်တော်မှုလတံ့သော ဘုရားရှင်တို့၏ အသက်တမ်း ခေတ်အားလျှော်စွာ သာလျှင်
မိန့်ဆိုသောစကားဟူ၍ မှတ်သားရာ၏။ပွင့်တော်မငကြမည့် ဘုရားရှင်ဟူသမျှအတွက် အသက်တမ်းခေတ်ကို
မငဲ့ဘဲ မိန့်ဆိုသော သာမညစကားဟူ၍ မမှတ်သားရာ။ အကြောင်းကိုဆိုသော်…အသက်တမ်းရှည်သောခေတ်၌
ပွင့်တော်မှုကြသည့် ဒီပင်္ကရမင်းသား၊ကောဏ္ဍညမင်းသား၊မင်္ဂလမင်းသား စသည်တို့မှာ ဘုရားဖြစ်ရန် လူ့ပြည်
သို့သက်ဆင်း၍ လူအဖြစ်ဖြင့် မင်း၏စည်းစိမ် ချမ်းသာကို နှစ်ပေါင်းတစ်သောင်းခန့် ကိုးထောင်ခန့်စသည်
ကြာမြင့်အောင် ခံစံပြီးမှ တောထွက်၍ ဒုက္ကရစရိယာ ကျင့်တော်မှုကြကာ ဘုရားဖြစ်တော်မှုကြကုန်၏၊
ဗုဒ္ဓကောလာဟလမှာလည်းအစဦးစွာ နတ်ပြည်၌ ဖြစ်ပေါ်ပြီးမှ ထိုကောလဟလအရ စကြာဝဠာတိုက်သောင်း
ရှိနတ်ဗြဟ္မာ အပေါင်းတို့ အလောင်းတော်နတ်သားထံ ချဉ်းကပ်တောင်းပန်းကြမြဲဖြစ်၏။ထိုသို့တောင်းပန်ကြမြဲ
ဖြစ်၏။ထိုသို့တောင်းပန်၍ အလောင်းတော်နတ်သား၏ဝန်ခံချက်ကိုရမှသာ သုဒ္ဓါဝါသ ဗြဟ္မာကြီးတို့ လူ့ပြည်
လောက၌ ဖြစ်ပေါ်ပြီးသည့်နောက် နှစ်ပေါင်း တစ်ထောင်မက ငါးထောင်မက နှစ်ပေါင်းတစ်သောင်းခန့်
ကိုးထောင်ခန့်ကြာမြင့်ပြီးမှ သက်တော်ရှည် မြတ်စွာဘုရားတို့ ပွင့်တော်မှုကြသဖြင့် ဗုဒ္ဓကောလာဟလ အတွက်
အနှစ်တထောင် ဆိုသောစကားကို ဘုရားရှင်တိုင်းအတွက် မိန့်ဆိုသောစကားဟူ၍ မမှတ်ယူဘဲ ဂေါတမမြတ်စွာ
ဘုရားကဲ့သို့ သက်တမ်းတိုးတော်မှုကြသော ဘုရားရှင်တို့အတွက်သာ မိန့်ဆိုသော စကားဟူ၍ မှတ်သင့်ပေ၏။)

(၄) မင်္ဂလာကောလာဟလ
မင်္ဂလာတရား၏ သဘောသွား အနက်အဓိပ္ပါယ်ကို အတိအကျအမှန်အတိုင်း မဆုံးဖြတ်နိုင်ကြဘဲလျက် သူတစ်မျိုး ငါတစ်မျိုး လူအများစုရုံကာ ဤအရာကို မင်္ဂလာတရားခေါ်၏၊ဤအရာကို မင်္ဂလာတရားခေါ်၏ ဟူ၍
မိမိတို့ထင်မြင်ရာ ကိုမင်္ဂလာတရားဟု အသီးသီး ပြောကြားကြကာ မင်္ဂလာတရားဟူသည် ဤအရာတဲ့ ဟူ၍
အုတ်အုတ်ကျက်ကျက်ဖြစ်ခြင်းကို မင်္ဂလာကောလာဟလ ဟူ၍ခေါ်ဆို၏၊ဤလူ့ပြည်လောက၌ မင်္ဂလာတရား
တော်ကို မြတ်စွာဘုရားဟောကြားတော်မှုလိမ့်မည်ကို ကြိုတင်သိရှိကြကုန်သော သုဒ္ဓါဝါသ ဗြဟ္မာကြီးတို့သည်
မင်္ဂလာတရားကို လိုလားတောင့်တကြသည့် လူတို့၏ စိတ်အကြံကို သိကြကုန်သဖြင့် မင်္ဂလာတရားကို
မြတ်စွာဘုရား မဟောကြားမီ တဆယ့်နှစ်နှစ်ကပင် ကြိုတင်၍ လူတို့သွားရာ ခရီးလမ်းမတို့၌လှည့်လည်ကြကုန်
လျှက်…..အချင်းတို့…ယနေ့မှနောက် တစ်ဆယ့်နှစ်နှစ် စေံရောက်သောအခါ မင်္ဂလာတရားကို မြတ်စွာဘုရား
ဟောကြားတော်မှုလိမ့်မည် ဟူ၍ အနှံ့အပြား လူအပေါင်းတို့ကြားသိလောက်အောင် ကြွေးကြော်ကြကုန်၏။
ဤသို့ ကြွေးကြော်ကြသည်ကို အကြောင်းအစပြု၍ မင်္ဂလာတရားနှင့်စပ်၍ လူအများ စုရုံကာ နေရာအနှံ့အပြား
၌ အုတ်အုတ်ကျက်ကျက် ပြောဆိုကြခြင်းကို မင်္ဂလကောလာဟလ ဟူ၍ခေါ်ဆိုကြသည်။

(၅) မောနေယျကောလာဟလ

မောနေယျအကျင့် ပဋိပတ်နှင့်စပ်၍ အုတ်အုတ်ကျက်ကျက် ဖြစ်ခြင်းကို မောနေယျကောလာဟလဟူ၍

ခေါ်ဆိုသည်။ လူ့ပြည်လောက၌ သဗ္ဗညူမြတ်စွာဘုရား ပွင့်ထွန်းတော်မှုမည်ကို ကြိုတင်သိရှိကြကုန်သော

သုဒ္ဓါဝါသဗြဟ္မာကြီးသည် ကိုယ်၌ ဗြဟ္မာတို့၏ အဝတ်အစားအဆင်းတန်ဆာတို့ကို ဝတ်ဆင်ကြကုန်၍

ဦးခေါင်း၌ ဗြဟ္မာတို့၏ မကိုဋ်သရဖူကို ဆောင်ကြကုန်ပြီးလျှင် ကြည်လင်ရွင်လန်း ယမ်းမြောက်သော

စိတ်ရှိကြကုန်လျက် ဘုရားမပွင့်မီ နှစ်ပေါင်းတထောင်ကပင် ကြိုတင်၍ လူတို့သွားလာရာ ခရိးလမ်းမတို့၌

လှည့်လည်ကြကုန်လျက်…

အချင်းတို့…ယနေ့မှနောက် နှစ်ပေါင်းတထောင် စေ့ရောက်သောအခါ ရဟန်းတော်တစ်ပါး မြတ်စွာဘုရား

ထံ ချည်းကပ်၍ မောနေယျအကျင့် ပဋိပတ်ကို မေးလျှောက်လိမ့်မည် ဟူ၍ အနှံ့အပြား လူအပေါင်းတို့ကြားသိ

လောက်ောအင် ကြွေးကြော်ကြကုန်၏။ဤသို့ကြွေးကြော်ကြသည်ကို အကြောင်းအစပြု၍ မောနေယျအကျင့်

ပဋိပတ်ဟူသော စကားကို လူအများ စုရုံကာ နေရာအနှံ့အပြား၌ အုတ်အုတ်ကျက်ကျက် ပြောဆိုကခြင်းကို

မောနေယျကောလာဟလ ဟူ၍ခေါ်ဆို၏။ ဤအကြောင်းတို့သည် ကောလာဟလ ငါးမျိုးတို့တည်း၊


2009년 6월 6일 토요일

ကိုရီးယား-မဟာယန သာသနာ

ဒီကနေ့ ကိုရီးယားနိုင်ငံမှာ နိုင်ငံအတွက်အသက်ပေးတဲ့သူတွေအားလုံးကို ယဇ်ပူစော်ပေးတဲ့နေ့လို့ ဆိုပါတယ်၊
ဆရာလေးတို့ နိုင်ငံအနေနဲ့ဆိုရင် အာဇာနည်နေ့လို့လည်း ဆိုနိုင်ပါတယ်။ အဲဒီပွဲကို စိတ်ဝင်စားလွန်းလို့ ဒီနေ့
နာမည်ကြီးဖြစ်တဲ့ ဘုံဝန်ဆာ(봉원사) ကျောင်းကိုသွားရောက်လေ့လာခဲ့ပါတယ်၊အဲဒီမှာ နိုင်ငံခြားသားတွေပါ
လာရောက်ကြည့်ရှု့နေတာတွေ့ရပါတယ်၊အဲဒီကျောင်းကို ရောက်သွားတော့ သတင်းစာအယ်တီတာတွေ
အင်တာဗြူးသမားတွေနဲ့ သွားစုံပြန်ပါတယ်၊မြန်မာဆိုတော့ လူတွေအားလုံးအရမ်းစိတ်ဝင်စားနေကြတယ်၊
မြန်မာပြည်မှာ တရားအားထုပ်သွားဖူးတယ်ဆိုတဲ့ ကိုရီးယားသီလရှင် ဆရာလေးတွေနဲ့လည်း ဘာသာရေး
အမေးအဖြေလုပ်ခဲ့ပါတယ်၊ကိုရီးယားဘုန်းကြီးသီလရှင်များမှ အကတွေ အတီးတွေနဲ့ယဇ်ပူဇော်နေကြတာကို
တွေ့ရပါတယ်၊ ဒီလိုပွဲမျိုးတစ်ခါမှ မမြင်ဖူးတော့အရမ်းအံ့အားသင့်မိပါတယ်၊ တကယ့်ဆရာတော်တွေ တက္ကသိုလ်
ဓမ္မာစရိယ ဆရာလေးတွေအားလုံး ကကြတာတော့ကွေးနေတာပါဘဲ၊သူတို့ပြောပြတာတော့ သေတဲ့သူတွေကို
နတ်လမ်းဖောက်ပေးတယ်လို့ပြောကြပါတယ်၊ဘာသာရေးအနေနဲ့တော ထေရဝါနနှင့် မယာဟနကွာခြားချက်ကို ဘာမှအထွေအထူးပြောစရာမလိုလောက်ဘူးထင်ပါတယ်၊ ဒီအကြောင်းလေးတွေသိချင်တယ်ဆိုရင်တော့
http://solomonn.0fees.net/wordpress/?page_id=13 ဒီဆိုက်လေးကိုဝင်ဖြစ်အောင်ဝင်ကြည့်ကြပါ။
ဆရာလေးအနေနဲ့ကတော့ ဒီနေ့လေ့လာကြည့်ရှု့ခဲရတဲ့ ဓာတ်ပုံ ဗွီဒီယိုဖိုင်များသာ ဗဟုသုတအနေနဲ့ တင်ပြပေးခြင်းဖြစ်ပါတယ်။တချို့ဒကာတွေကမေးကြတယ်၊ ဘုန်းကြီးသီလရှင်တွေကတာ တကယ်လားတဲ့၊
လက်တွေ့မဟုတ်တော့ မယုံဘူးခင်ဗျာဆိုလို့ တကူးတကသွားရောက်ပြီး တင်ပေးလိုက်ပါတယ်။ကျမ္မာချမ်းသာ
စွာ ထေရဝါဒ သာသနာတော်ကြီးအထွန့်ရှည်အောင် တည်ထောင်နိုင်ကြပါစေ။

2009년 6월 3일 수요일

ဗုဒ္ဓဝင်ဘုရားပင့်-ဘုရားရှိခိုး

သုံးလူ့ကေသျှောင်- နေတန်ဆောင်သို့

ရွှေရောင်ထိန်ညီး- ကိုယ်တော်ကြီးက

ဘုန်းမီးထင်ပေါ်- မင်းသုဒ္ဓေါ၏

ရာပျှော်မြှောက်စား- မာယာဖျားမှ

ဖွားမြောက်သန့်စင်- မီးရှုးမြင်၍

ပျိုလွင်ရွယ်ခေတ်- ဆယ့်ခြောက်နှစ်ဝယ်

ကသစ်အာလိန်- တာဝတိံ၌

မာဃိန်သိကြား- ကဲ့အလားသို့

စံစားရွင်ပျှော်- နတ်နှိုးဆော်၍

ရွယ်တော်နုဖြိုး- နှစ်ဆယ့်ကိုးတွင်

လေးမျိုးစီစဉ်- နိမိတ်မြင်က

ပျှော်ရွင်နိုင်ဘူး- သဉ္စာဦး၌

စိတ်ကူးကြံစည်- ထွက်တော့မည်ဟု

ရွှေပြည်သုံးရပ်- ရွှေရောင်ဟပ်သည့်

ပြာသာဒ်သုံးဆောင်- ဘဘုန်းခေါင်းနှင့်

ထုံးနှောင်ယှဉ်ဖက်- ပန်းပန္နက်ကြောင့်

ဆက်ဆက်သံသရာ- ကဗ္ဘာဘာဂ

ပါရမီတော်မျိုး - တူစုံဖြိုးလျက်

ချစ်ကြိုးဖွဲ့ခွေ- ယသော်မေတည့်

ရွှေရင်တော်ဖွား- လွန်းနုထွားသည့်

သာရာဟုလာ- ပုလဲညှာနှင့်

သာကီဝင်ပေါင်း- ဆွေရှစ်သောင်းကို

ရှုစောင်းကြည့်ကာ- မငဲ့ညှာဘဲ

ခွဲခွာမျှော်ရှု -သဗ္ဗညုကို

ဥရုဝေလာ- ဟေမဝါ၌

ဖွေရှာစီစစ် -အားကုန်သစ်လျှက်

ခြောက်နှစ်ကြာကြာ- ခဲယဉ်းစွာတည်း

ဒုက္ကရစရိယ - ကျင့်ပြီးမှလျှင်

ကဗ္ဘာ့ဦးခိုင် -ထွက်ဖူးကိုင်တည့်

မဏ္ဍိုင်ဗွေချက် -မြေကနက်တွင်

ရွှေစက်တော်တွင် -ရွှေပလ္လင်၌

ရွှေခြင်္သေ့ကြီး -မာန်ဟုန်ဖီးသို့

ပင်တည်းရောင်စို -ညောင်ညိုပင်ဝယ်

မှောင်ဆိုသမျှ -ရန်ပါပကို

တစ်စမထင် -ကုန်သုတ်သင်၍

သဗ္ဗညုစစ် -ဘုရားဖြစ်လျှက်

ငါးနှစ်စွန်းကယ် -ဝါလေးဆယ်တွင်

ပြုဖွယ်ဟူဘိ -ကျန်မရှိ၍

ကုသိနာရုံ -မြိုင်ရဂုံ၌

နှစ်စုံပင်မင်း -ပျိုအင်ကြင်းဝယ်

ထံရင်းဝဲယာ -ရှိသံဃာအား

ဟန္နဒါနိ -စာအရှိဖြင့်

ပါဠိရွက်ကာ -သေတမ်းစာကို

သာယာငြိမ့်ညောင်း -နှုတ်သံပြောင်းလျက်

နွဲ့လျာင်းပျော့ခွေ -နိဗ္ဗူမြေသို့

ရွှေကိုယ်တော်ကိန်း- ဇာတ်တော်သိမ်း၍

ငြိမ်းချမ်းခေမာ -နိဗ္ဗူတာကို

အာရုံကြည်နှုး -မျှော်ရည်စူးလျှက်

ရင့်ကျူးမြွက်ဆို- တပည့်ပျိုတို့

မြိုင်ညိုစုပေါင်း -မြတ်ဥက္ခောင်း၌

တည်ကြောင်းမြှော်ခေါ် -ဖူးပူဇော်သည်

ကြွတော်မူပါ့ - အရှင်ဘုရား



2009년 4월 21일 화요일

ကောသလမင်း၏ အိပ်မက် (၁၆)ချက်

သိပြီးသားသူများလည်းထပ်မံလေ့လာနိုင်အောင်မသိသေးသောသူများလည်းသိရှိလာအောင် ကူးယူတင်ပြလိုက်ခြင်းဖြစ်ပါသည်။
(၁) အရပ်လေးမျက်နှာမှ လေးခုသော နွားလား ဥသဘတို့သည် လာလတ်၍ မင်းရင်ပြင်၌ ဝှေ့မည်ဟု တွန်မြည် ကြုံးဝါးလျက် မဝှေ့ပဲသာလျှင် ဖဲလေကုန်သည်ဟု မြင်မက်ပါသည်။
နောင်အခါ တရားမစောင့်သော မင်းတို့ လက်ထက်၌ အရပ်လေးမျက်နှာမှ မိုးတို့သည် ရွာအံသကဲ့သို့ ထစ်ကြိုးလျက် မရွာပဲသာလျှင် ပျောက်ပျက် ကုန်လတ္တံ့။ ထိုအခါ ကောက်ပဲသီးနှံတို့ ပျက်ဆီး၍ လူတို့၌ အစာရေစာ ရှားပါး ငတ်မွတ်ခြင်း ဖြစ်လတ္တံ့။

(၂) နုနယ်သေးငယ်စွာသော အပင်တို့သည် ပွင့်ကြ သီးကြသည်ကို မြင်မက်ပါသည်။
နောင်အခါ ဆုတ်ယုတ်သောကာလ လူတို့ အသက်တန်း တိုသော ကာလ၌ ယောင်္ကျား မိန်းမတို့သည် ထက်သန် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ငယ်ရွယ်စဉ် အခါ၌ပင် အိမ်ထောင်ပြုခြင်း၊ သားမွေးခြင်း တို့ကို ပြုကုန်လတ္တံ့။

(၃) နွားမကြီးတို့သည် မိမိတို့ မွေးစဖြစ်သော နွားမငယ်တို့၏ နို့ကို စို့သည်ဟု မြင်မက်ပါသည်။
နောင်အခါ ကြီးသောသူတို့အား အရိုအသေပြုခြင်း ပျောက်ကွယ်သော ကာလ၌ အမိအဖ၊ ယောက္ခမ စသူတို့သည် ကိုးကွယ်ရာ မရှိကုန်သည် ဖြစ်သဖြင့် မိမိတို့၏ သားသမီး သားမက် ချွေးမ စသူတို့ထံ၌ ကပ်ရပ်၍ ငြိုငြင် ညှိုးငယ်စွာ အသက်မွေးရကုန်လတ္တံ့။

(၄) လှည်းတို့၌ ဝန်ကို ဆောင်နိုင်သော နွားကြီးတို့ကို မကမူ၍ နွားငယ်တို့ကိုသာ ကစေကုန်၏။ နွားငယ်တို့လည်း ဝန်ကို မနိုင်၍ လှည်းတို့ကိုလည်း ဆွဲခြင်းငှာ မတတ်နိုင်သည်ကို မြင်မက်ပါသည်။
နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အသက်ကြီး ဝါကြီး ပညာရှိကုန်သော သူတို့အား အမတ်၊ တရားသူကြီး စသော ရာထူးစည်းစိမ်တို့၌ မခန့်ထားမူ၍ အသက်၊ ဝါ၊ ပညာ ငယ်ကုန်သော လူငယ်တို့အားသာ ခန့်ထားကြလတ္တံ့။ ထိုအခါ အခွင့်အရေးမသိ၊ မတော် မမှန်ဖြစ်၍ အမှု မပြီး၊ အကျိုးမပြီး ရှိသောအခါ လူငယ်တို့သည် မိမိတို့၏ ရာထူး စည်းစိမ်ကို စွန့်ကြလတ္တံ့။ လူကြီးတို့သည်လည်း ငါတို့မှာ ပြင်ပကသာ ဖြစ်၏ဟု လျစ်လျှုပြု၍ နေကြလကုန်လတ္တံ့။ သို့ဖြစ်၍ တရားမစောင့် အမှုမပြီးကြသည်နှင့် မင်းနှင့်တကွ တိုင်းပြည်ပါ ဆုတ်ယုတ် ပျက်ဆီးကြလတ္တံ့။

(၅) ခံတွင်း နှစ်ခုရှိသော မြင်းသည် ကျွေးလာသော မုယောစပါး စသည်တို့ကို ခံတွင်းနှစ်ခုဖြင့်ပင် စားသည်ဟု မြင်မက်ပါသည်။
နောင် တရားမစောင့်သော မင်းတို့လက်ထက်၌ တရားမစောင့်သော တရားသူကြီးတို့သည် နှစ်ဖက်သော အမှုသည်တို့မှ ပေးသော တံစိုးလက်ဆောင်တို့ကို စား၍ အမှုတို့ကို မမှန်မကန် ဆုံးဖြတ်ကြကုန်လတ္တံ့။

(၆) အဖိုးတသိန်း ထိုက်သော ရွှေခွက်ကို မြေခွေးဖိုအား ကျင်ငယ်စွန့်ရန် ပေး၏။ မြေခွေးလည်း ထိုရွှေခွက်၌ ကျင်ငယ်စွန့်သည်ဟု မြင်မက်ပါသည်။
နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အမျိုးမြတ်သော သူတို့သည် အချီးအမြှောက် မခံရ၊ ဆင်းရဲကြ၍ အမျိုးယုတ်သော သူတို့ အစိုးတရ ကြွယ်ဝ ချမ်းသာကြလတ္တံ့။ ထိုအခါ အမျိုးမြတ်တို့ အသက် မွေးခြင်းငှာ မတတ်နိုင်ကုန်သည် ဖြစ်၍ မိမိတို့ သမီးတို့ကို အမျိုးယုတ်တို့အား ပေး၍ အသက်မွေး ကြကုန်လတ္တံ့။

(၇) တယောက်သော ယောင်္ကျားသည် အင်းပျဉ်၌ ထိုင်လျက် လွန်ကို ကျစ်၍ ခြေရင်း၌ ထား၏။ ထို အင်းပျဉ်အောက်၌ရှိသော ဆာလောင်သော မြေခွေးမသည် ထိုယောင်္ကျား မသိစဉ်လျှင် ထိုလွန်ကို စား၏ ဟု မြင်မက်ပါသည်။
နောင်အခါ မိန်းမတို့သည် အစားအသောက်၊ အဝတ်၊ အနေအထိုင် စသည်တို့၌ လော်လည်ခြင်း ရှိ၍ မိမိတို့ လင်ယောင်္ကျားသည် ဆင်းရဲငြိုငြင်စွာ ရှာဖွေ စုဆောင်းအပ်သော ဥစ္စာ ပစ္စည်းတို့ကို အဝတ်အစား၊ အစားအသောက် တို့၌ လည်းကောင်း၊ သောက်စား ကစားခြင်းတို့၌ လည်းကောင်း၊ အပျော်အပါးတို့၌ လည်းကောင်း၊ သဘောက် လင်ငယ်ထားခြင်း တို့၌ လည်းကောင်း အရမ်းမဲ့လျှင် ဖြုန်းတီးလေလတ္တံ့။ ခွေးမသည် မသိ စဉ်းစား သကဲ့သို့ အိမ်သူ မိန်းမတို့သည် ဤသို့ တိတ်တဆိတ် ဖြုန်းတီး ခိုးစားကြလတ္တံ့။

(၈) ရေမရှိသော အိုးတို့ဖြင့် ခြံရံအပ်သော ရေပြည့်အိုးကြီး တလုံးကို မြင်ရ၏။ လူတို့သည် အရပ် ၈ မျက်နှာမှ ရေကို ယူလာကြ၍ ထိုရေပြည့်အိုးကြီး အတွင်းသို့သာလျှင် လောင်းထည့် ကြ၏။ လောင်းထည့်သော ရေတို့သည် ပြည့်လျှံ၍ ကျကုန်၏။ ဤသို့လျှင် အဖန် တလဲလဲ ရေပြည့်အိုးသို့သာ လောင်းလျှက် ရေမရှိသော အခြံအရံ အိုးတို့ အတွင်းသို့ကား မည်သူမျှ မလောင်း မထည့်ပဲ နေသည်ကို မြင်မက်ပါသည်။
နောင်အခါ မကောင်းသော မင်းတို့ လက်ထက်၌ မင်းနှင့်တကွ လူတို့ တရားပျက်ကွက်၊ သြဇာညံ့ဖျင်း၊ ဆင်းရဲခြင်းသို့ ရောက်ကြကုန်လတ္တံ့။ ထိုအခါ မင်းအစိုးရတို့သည် ဆင်းရဲသားတို့အား မင်း၏ အကျိုးစီးပွား အတွက်ကိုသာ လုပ်ကိုင်စေအံ။ ဆောင်ရွက် စေအံ။ ထမ်းရွက်စေအံ။ သို့ဖြစ်ရကား မင်းတို့၌သာ ပြည့်စုံ အကျိုးခံစားကြရ၍ ဆင်းရဲသားတို့မှာ ရေမရှိသော အိုးတို့ပမာ တစုံတရာ မရှိ ငတ်မွတ် ခေါင်းပါးခြင်းသို့ ရောက်ကုန်လတ္တံ့။

(၉) နက်ရှိုင်း ကျယ်ဝန်းသော ရေကန်ကြီး တခုတွင် သတ္တဝါတို့ ဆင်း၍ ရေသောက်ကြ၏။ ကန်၏ အလယ် ရေနက်ရာ၌ ရေသည် နောက်၍ ကန်နားဝန်းကျင် ရေတိမ်ရာ သတ္တဝါတို့ နင်းရာ၌ ရေသည် ကြည်လင်၏ဟု မြင်မက်ပါသည်။
နောင်အခါ တရားမစောင့်သော မင်းတို့သည် မတရား အုပ်စိုးခြင်း၊ တံစိုးစားခြင်း၊ လော်လည်ခြင်း၊ သနားညှာတာ ဂရုဏာ မဲ့ခြင်း၊ ကြမ်းကြုတ် ရက်စက်ခြင်းတို့ ရှိလျှက် လူတို့အပေါ်၌ အထူးထူး အပြားပြားသော အချင်းအရာဖြင့် အခွန်အတုတ်တို့ကို ခွဲခန့် ကောက်ယူလတ္တံ့။ ထိုအခါ လူတို့မှာ တစ်စုံတစ်ရာ မပေးဆောင်နိုင် ပင်ပန်းဆင်းရဲလျက် မြို့ကြီးရပ်ကြီးတို့၌ မနေနိုင်ပဲ ရပ်စွန် ပြည်နားသို့ သွားရောက်နေကြရသည် ဖြစ်လတ္တံ့။ ကန်အလယ်တွင်နောက်၍ ကန်ဘေးတွင် ကြည်သကဲ့သို့ မြို့လယ်ရွာလယ်၌ တိတ်ဆိတ်၍ ရပ်စွန်ပြည်နား၌ လူစည်ကားလတ္တံ့။

(၁၀) တစ်လုံးတည်းသော အိုးဖြင့် တချိန်တည်းချက်သော ထမင်းသည် အချို့ပျော့၏၊ အချို့ မနပ်၊ အချို့နပ်၏။ ဤသို့ မြင်မက်ပါသည်။
နောင် တရား မစောင့်သော မင်းတို့ လက်ထက်၌ မိုးကွက်ကြား ရွာလတ္တံ့။ ထိုအခါ အချို့နေရာ၌ မိုးရွာလွန်း၍ ကောက်ပဲသီးနှံ ပျက်အံ။ အချို့နေရာ၌ မရွာ၍ ပျက်အံ။ အချို့နေရာ တွင်ကား မိုးမှန်၍ ကောင်းအံ။ ဤသို့လျှင် ထမင်းအိုးတွင် မြင်သော ထမင်းကဲ့သို့ ကောက်ပဲသီးနှံ သုံးထွေ ပြားလတ္တံ့။

(၁၁) အဖိုးတသိန်းထက်သော စန္ဒကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစားသည်ကို မြင်မက်ပါသည်။
နောင်အခါ ငါဘုရား၏ သာသနာတော် ဆုတ်ယုတ်သော ကာလတွင် လော်လည်၍ လာဘ်လာဘကို မက်မော ကုန်သော ရဟန်းအလဇ္ဇီ လူအလဇ္ဇီတို့သည် ဆွမ်း၊ ဆေး၊ ကျောင်း၊ သင်္ကန်း ဥစ္စာပစ္စည်း စသည် တို့ကို အလိုရှိကုန်သည် ဖြစ်၍ လမ်းခရီးဆုံ၊ အိမ်ဝ၊ အိမ်ကြို အိမ်ကြားတို့၌ ငါဘုရား၏ တရားတော်ကို ဟောကြားလတ္တံ့။ နိဗ္ဗာန် အလို့ငှာ ဟောတော် မူအပ်သော အလွန် မွန်မြတ်သော တရားတော်ကို တစ်ပဲ၊ တစ်မူး၊ တစ်ကျပ် စသည်တို့ အကျိုးငှာ ရောင်းစား ဟောပြော ကြသည် ဖြစ်၍ တသိန်းထိုက်သော စန္ဒာကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစား သကဲ့သို့ ဖြစ်ကုန်လတ္တံ့။

(၁၂) ဘူးတောင်းတို့သည် ရေ၌ နစ်သည်ဟု မြင်မက်ပါသည်။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ကိုသာ ရာထူး စည်းစိမ် ပေးသည် ဖြစ်၍ အမျိုးယုတ်တို့ တန်ခိုး အာဏာ ကြီးမား ထင်ပေါ် အရာရာတွင် တွင်ကျယ်လျက် ၄င်းတို့ စကားသာလျှင် ဘုးတောင်း နစ်သကဲသို့ နစ်၍ တည်ကုန်လတ္တံ့။

(၁၃) ကျောက်ဖျာကြီး ရေတွင်ပေါ်သည်ဟု မြင်မက်ပါသည်။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ တော်မှန် လိမ္မာ ပညာရှိသော သူတို့၏ စကားသည် မည်သည့် အရာ၌ မဆို လေးသော ကျောက်ဖျာ ရေတွင် ပေါ်သကဲ့သို့ နစ်တည် ခြင်းမရှိ၊ မခိုင်မမြဲ ရှိကြကုန် လတ္တံ့။

(၁၄) ဖားငယ်မ တို့သည် ကြီးစွာသော မြွေဟောက်ကြီးများကို စားမြိုသည်ဟု မြင်မက်ပါသည်။
နောင်အခါ လူတို့သည် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ကိလေသာ အလိုသို့ လိုက်လျက် ငယ်ရွယ်ကုန်သော မယားတို့၏ အလိုသို့ လုံးဝ လိုက်ကြကုန် လတ္တံ့။ အလုပ်အကိုင်မှု၊ ဥစ္စာ ပစ္စည်းမှု၊ ကျေးကျွန်မှု၊ စီမံခန့်ခွဲမှု စသော အရပ်ရပ်တို့၌ လင်ပေါ်တွင် လွှမ်းမိုး အုပ်စိုးခြင်းကို ပြုကြမည် ဖြစ်ရကား ဖားငယ်မသည် အဆိပ်လျင်သော မြွေကို စားမျိုသကဲ့သို့ ဖြစ်ကုန်လတ္တံ့။

(၁၅) မည်းနက် ရုပ်သွင်၊ အဆင်း ဆိုးဝါးသော ကျီးတို့ကို ရွှေ၏ အဆင်းနှင့် တူသော ရွှေဟင်္သာ တို့က ခြံရံ နေကြသည်ကို မြင်မက်ပါသည်။
နောင်အခါ အားနည်းသော မင်းတို့ လက်ထက်၌ ထိုမင်းတို့သည် ဆင်စီး မြင်းစီး စသော အတတ်တို့၌ မလိမ္မာ၍ စစ်ထိုးခြင်း၌ မရဲရင့်ဘဲ ဖြစ်ကြကုန်လတ္တံ့။ ထိုအခါ တိုင်းပြည် နိုင်ငံ ဆုံးရှုံးမည်ကို စိုး၍ တူသော ဇာတ်ရှိသော သူကောင်းသား တို့အား အစိုးရခြင်းကို မပေးမူ၍ မိမိတို့ထံ၌ ခစား ကြကုန်သော အမျိုး ယုတ်သော ကျေးကျွန်တို့အားသာ ပေးကုန်လတ္တံ့။ သို့ဖြစ်၍ အမျိုးကောင်းသားတို့ ကိုးကွယ်ရာ မရှိပဲ အစိုးရခြင်း၌ တည်ကုန်သော အမျိုးယုတ်တို့ထံ၌ ခစားကြကုန် လတ္တံ့။

(၁၆) ဆိတ်တို့သည် သစ်ကို သတ်စားကြသဖြင့် သစ်တို့သည် ကြောက်လန့်လျက် ဆိတ်တို့ကို အဝေးမှ မြင်လျှင်ပင် တောချုံရှိရာသို့ ပြေးကြသည်ကို မြင်မက်ပါသည်။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ အစိုးရ ကုန်သည် ဖြစ်၍ အမျိုးမြတ်သူတို့ မထင်ရှား ဖြစ်လတ္တံ့။ အမျိုးယုတ် သူတို့မှာ မင်းကျွမ်းဝင်သည် ဖြစ်၍ တရားရုံးတို့၌ သြဇာအာဏာ လွှမ်းမိုးလျက် အမျိုးမြတ်သူတို့၏ ဘိုးဘပိုင် လယ်မြေ ဥစ္စာ အရပ်ရပ်တို့ကို ငါတို့ လယ်မြေဥစ္စာ ဖြစ်သည်ဟု သိမ်းယူကြ၍ တရားတဘောင် ဖြစ်လျှင် တန်ခိုးမဲ့သူတို့အား ဖိနှိပ်ပုတ်ခတ် ခြိမ်းခြောက် နှင်ထုတ်လျက် အနိုင်ကျင့် ကြကုန်လတ္တံ့။ ထိုအခါ အမျိုးမြတ်သူတို့ ကြောက်လန့် စက်ဆုတ်ကုန်သည် ဖြစ်၍ လယ်ယာ ဥစ္စာတို့ကို ပေးအပ်ကုန်လျက် အိမ်သို့ပြန်၍ အိပ်နေကြကုန်အံ။ ထိုမှ တပါးလည်း အကျင့်သီလရှိသော ရဟန်းတို့သည် အကျင့်သီလမဲ့သော ရဟန်းတို့က ချုပ်ချယ် ဖိနှိပ်ကြလေသဖြင့် တောသို့ ပြေးဝင် ပုန်းအောင်း ကြကုန်လတ္တံ့။ ဤသို့လျှင် အမျိုးကောင်း၊ သူတော်ကောင်း တို့လည်း လွတ်ရာ ကျွတ်ရာ တောတောတောင်တောင် တို့ကို ပြေးပုန်း ကြကုန်လတ္တံ့။

2009년 4월 11일 토요일

ငါးပါးသီလနှင့်မြောက်ကျွှန်းနေလူများအကြောင်း

ဥတ္တရကုရုခေါ်သော မြောက်ကျွှန်း၌နေထိုင်ကြသည့် လူတိုပသည် အမြဲ နိစ္စ

ငါးပါးသီလကို လုံခြုံကြသည်။ ယင်း ငါးပါးသီလလုံခြုံသူတို့၏ ဓမ္မတာသိဒ္ဓိကြောင့် အောက်ပါဝိသေသန

အကျိုးထူးများကို ခံစားကြရသည်။

၁။ အိုအိမ်တိုက်တာ

(နေစရာအတွက်အထူးဆောက်နေဖွယ်မလို၊သစ်ပင်များကနေထိုင်မှုအတွက်ကိစ္စပြီးစေသည်.။

၂၊ မြောက်ကျွှန်းနေလူတို့မှာ ရှည်ခြင်းပုခြင်းစသော အပြစ်မျိုးကင်းသည်၊လုံးရပ်သဏ္ဍာန်နှင့်ပြည့်စုံ၍

ကိုယ်လုံးကိုယ်ဖန် အရပ်အမောင်းတူညီကြသည်။

၃။ ဇရာရောဂါ အနှိပ်အစက်မခံရ၍ ဆံပင်ဖြူခြင်းသွားကျိုးခြင်း အရေတွန့်ခြင်း အင်အားကုန်ခမ်းခြင်းမရှိပေ။

၎။ အသက်မွေးဝမ်းကျောင်းအတွက် အဟာရပရိယေသန ဒုက္ခကင်းသည်။

၅။ မှက်၊ခြင်၊ယင်၊ကြမ်းပိုးစသော သတ္တဝါကိုက်ခဲမှုမခံရ။

၆။ စားသောက်မှုအတွက် ဝယ်ရ၊သွားရ၊ချက်ရသော ဒုက္ခမျိုးကင်းသည်၊ အခွံမပါ ဖွဲကင်းသောသလေးဆန်ကို

အာဟာရအဖြစ်သုံးဆောင်ရသည်၊ ပကတိထင်းမီးဖြင့် ချက်မနေရ၊ ဇောတိကမည်သော

ရတနာကျောက်တုံးပေါ်တင်လိုက်လျှင် ချက်ပြီးဖြစ်၏၊ဟင်းနှင့်ဟင်းလျှာအတွက်

သီးခြားစီမံနေစရာမလို၊စားလိုသု၏ူက အချဉ်တမ်းတလျှင်အချဉ် အချိုတမ်းတလျှင်အချို အရသာပေါ်လာ၏။

၇။ အထက်ဖော်ပြပါ အဟာရကိုမှီဝဲသောကြောင့်

နှုနာ၊ပွေး၊ညှင်း၊တင်းတိပ်နာ၊ချောင်းဆိုးပန်းနာ၊မြစ်ချောက်နာ၊အရှုးရောဂါနှင့်အိုနာများ ကင်းဝေသည်။

၈။ မြောက်ကျွှန်းနေလူအချင်းချင်း မနာလိုဝန်တိုစိတ်ကင်းရှင်းကြသည်။

၉။ ရာသီဥတုမျှတသည်။အပူလွန်ကဲမှု၊ အအေးလွန်ကဲမှု ရာသီဒဏ်မခံရ။

၁၀။ မြောက်ကျွှန်း၌ တန်ခိုးကြီးသော ဘုရားပစ္စေကဗုဒ္ဓါတို့ ဆွမ်းခံကြွမြဲ ဓမ္မတာဖြစ်၍ထူးခြားသည်။

၁၁။ မြောက်ကျွှန်း၌ ကုန်းသူ၊ကွသူ၊ ကောက်သူ၊ကွေးသူ၊ခွင်သူ၊

လေငန်းဆွဲသူ၊အင်္ဂါချို့တဲ့သူ၊ဣနြေ္ဒချို့တဲ့သူမရှိချေ။

၁၂။ အမျိုးသမီးများ ၆ပြစ်ကင်း၍ အရုပ်ဆိုးသူမရှိ၊၁၆နှစ်အရွယ်ထင်မှတ်ရသည်၊အမျိုးသားများ ၂၅

နှစ်အရွယ်မှာတည်သည်။

၁၃။ သားသမီးငယ်များက မိဘတို့ကိုနားပုနားဆာမလုပ်ကြ၊တွယ်ကပ်၍မနေကြ။

၁၄။ မြောက်ကျွှန်းနေလူတို့ ကာမကိစ္စ တစ်သက်လုံးမှာ (၇)ရက်သာခံစားကြသည်။

၁၅။ ကိုယ်ဝန်တည်ရခြင်းဒုက္ခ၊ လွယ်ရခြင်းဒုက္ခ၊ ဖွားရခြင်းဒုက္ခတို့မှလည်း ကင်းသည်။

၁၆။ မိဘတို့ကရင်သွေးငယ်အတွက် ကြောင့်ကြစိုက်နေစရာမလို၊ ကလေးများဆော့ကစားရာ

အိပ်ပျှော်ရာမှာထား၍ လိုရာသွားနိုင်သည်။ တွေ့သူက အစားကျွှေးနို့တိုက်သည်။ ကလေးများကံကြောင့်

လက်ညှိုးမှ နို့ထွက်သည်။

၁၇။ အဝတ်အတွက်ပူစရာမလို၊ ပဒေသာပင်မှရသည်။

၁၈။ ရေချိုးသည့်အခါ စုပေါင်းရေချိုးကြသည်၊အဝတ်ကိုစုပုံထားသည်၊ပထမရေချိုးပြီးသူက

အပေါ်ဆုံးမှအဝတ်ကို ယူဝတ်သည်။ငါ့ဟာ သူ့ဟာ ငြင်းခုံမှုမရှိ။

၁၉။ သေသူအတွက် ကျန်ရစ်သူများ ပူဆွေးသောကမဖြစ်၊ မငိုကျွှေးပေ။

၂၀။ အပုပ်နံ့မရှိ၊ သုသာန်သင်္ချိုင်း ထားစရာမလို၊သေသူ၏ရုပ်ကလာပ်ကို အဝတ်ဖြင့်ထုပ်ပတ်၍ ချထားရသည်၊

ကုသိုလ်ကံ အဟုန်ကြောင့် ဖြစ်ပေါ်လာသော ငှက်ကြီးများက တခြားကျွှန်ူသို့ ယူဆောင်သွားကြသည်။

၂၁။သေပြီးနောက် နတ်ပြည်ရောက်သည်၊ ငရဲ၊တိရစ္ဆာန်၊ပြိတ္တာမဖြစ်ချေ။

၂၂။ အနှစ်တစ်ထောင် သက်တမ်းမြဲသည်။

(သာရတ္ထဒီပနီဋီကာမှ)

ရေအိုင်ပမာ ပုဂ္ဂိုလ် (၄) မျိုး


အခါတပါး၌ မြတ်စွာဘုရားရှင်သည် ရဟန်းတို့အား ရေအိုင် ၄-မျိုးကို ဥပမာပြု၍

ပုဂ္ဂိုလ်လေးမျိုးရှိကြောင်း ဟောကြားတော်မှုခဲ့ပါသည်။

ရဟန်းအပေါင်းတို့၊ ဤလောကတွင် ရေအိုင်၎-မျိုးရှိသည်။

ယင်းတို့မှာ

(၁) တိမ်လျှက်နက်ရောင်ရှိသောရေအိုင်

(၂) နက်လျှက်တိမ်ရောင်ရှိသောရေအိုင်

(၃) တိမ်လျှက်တိမ်ရောင်ရှိသောရေအိုင်

(၄) နက်လျှက်နက်ရောင်ရှိသောရေအိုင် တို့ဖြစ်သည်။

ထို ၄-မျိုးတို့တွင်

(၁) ရှေ့သို့သွားခြင်း၊ နောက်သို့ဆုတ်ခြင်း ၊ရှေ့သို့ကြည့်ခြင်း စသော အမှုအရာအားဖြင့်
ကြည်ညိုဖွယ်ရှိသော်လည်း သစ္စာလေးပါးတရားကို မသိသူသည် တိမ်လျှက်နက်ရောင်ရှိသော
ရေအိုင်နှင့်တူသူဖြစ်သည်။
(၂) ဆိုခဲ့သော အမှုအရာတို့အားဖြင့် ကြည်ညိုဖွယ်မရှိသော်လည်း သစ္စာလေးပါးတရားကို
သိမြင်သူသည် နက်လျှက်တိမ်ရာင်ရှိသော ရေအိုင်နှင့်တူသူဖြစ်သည်။
(၃) ဆိုခဲ့သော အမှုအရာအားဖြင့် ကြည်ညိုဖွယ်မရှိ၊ သစ္စာလေးပါးတရားကိုလည်း မသိမြင်သူသည်
တိမ်လျှက်တိမ်ရောင်ရှိသော ရေအိုင်နှင့်တူသူဖြစ်သည်။
(၄) ဆိုခဲ့သောအမှုအရာအားဖြင့် ကြည်ညိုဖွယ်ရှိ၏၊ သစ္စာလေးပါးကိုလည်းသိမြင်သူသည်
နက်လျှက်နက်ရောင်ရှိသော ရေအိုင်နှင့်တူသူဖြစ်သည်ဟု ဟောတော်မှုခဲ့သည်။
ကျမ်းကိုး။ ။ အင်္ဂုတ္တရနိကာယ်၊ စတုက္ကနိပါတ်၊ ဝလာဟကဝဂ်မှ

သာသနာတော်ထွန်းကာဖို့ညီညာညာလက်တွဲကြပါစို့

ိုသာသနာ ဆိုတာက ပါဠိစကားလုံးတစ်ခုပါ၊ မြန်မာလိုပြောပြရရင် အဆုံးအမပေါ့၊ အဲဒီအဆုံးအမဆိုတာ ဘယ်ဘာသာရဲ့အဆုံးအမကိုဖြစ်ဖြစ်၊ ဘယ်ဘာသာရဲ့တရားတော်ကိုဖြစ်ဖြစ် သာသနာ လို့ခေါ်ပါတယ်၊ မှတ်ရမှာက သာသနာ - ဆိုတာ အဆုံးအမတရားတော်။ ဆရာလေးတို့ကတော့ ဗုဒ္ဓသာသနာတော်အတွင်းက ဗုဒ္ဓ အဆုံးအမတော်တွင်းက သာသနာ့ဝန်ထမ်းပါ၊ သာသနာ့ဝန်ထမ်းဆိုတာကတော့ သာသနာတော်ရဲ့ဝန်ကို ထမ်းရွက်ထားကြတဲ့ သူတွေကို သာသနာ့ဝန်ထမ်းလို့ဆိုပါတယ်၊ အဲဒီဆရာလေးတို့ ထမ်းထားကြရတဲ့ ၀န်ဆိုတာကလည်း နှစ်မျိုးနှစ်စားရှိပါတယ်၊ တစ်ခုက ဂန္ထဓူရပါ၊ မြန်မာလိုပြောရရင်တော့ မြတ်စွာဘုရားရှင် ဟောကြားခဲ့တဲ့ အဆုံးအမသာသနာတော်လို့ခေါ်တဲ့ ဓမ္မတွေကို ဖတ် မှတ် ကျက် လေ့လာ၊ စာသင် စာဖတ်၊ စာကျက် စာအံဆိုပါတော့၊ ကိုယ်ကိုယ်တိုင် စာသင်စာကျက်ရတဲ့ ကျောင်းသားအဖြစ်ရယ်၊ ကိုယ်က သူများတွေကို ပြန်သင်ပေးရတဲ့ဆရာဖြစ်ရယ် အဲဒါကို ဂန္ထဓူရလို့ခေါ်ပါတယ်။ နောက် ၀န်တစ်ခုကတော့ ၀ိပဿနာဓူရပဲဖြစ်ပါတယ်၊ အဲဒါကတော့ မဂ်ဖိုလ်နိဗ္ဗာန်ကို အရောက်လှမ်းနိုင်ဘို့ ဗုဒ္ဓညွှန်ကြားပြသ ဆိုဆုံးမခဲ့တဲ့ သာသနာတွေထဲက နည်းလမ်းတွေအတိုင်း လိုက်နာ ကျင့်ကြံ ကြိုးကုတ် အားထုတ်ရတဲ့ အလုပ်ပါပဲ။ ...
အဲဒီအလုပ်နှစ်ခုသည်ပင် ဗုဒ္ဓသာသနာတော်တွင်းက သာသနာ့ဝန်ထမ်းတွေရဲ့ အလုပ်တာဝန်ပါ။ ဒီဓူရနှစ်ဖြာကိုထမ်းဆောင်တဲ့သူမှန်မှသာ သာသနာ့ဝန်ထမ်းလို့ခေါ်ပါတယ်။ အဲဒီလိုသာသနာ့ဝန်ကို ထမ်းဆောင်နိုင်ဘို့ရာအတွက်မှာ ဆရာလေးတို့လို သီလရှင်တွေချည်းသက်သက်ဖြင့်တော့ အောင်မြင်အောင် မစွမ်းဆောင်နိုင်ကြပါဘူး၊
အကြောင်းကတော့ ဆရာလေးတို့ဟာ ကိုယ် စိတ် နှလုံးသုံးပါးကို အပြည့်အ၀ပေးနိုင်ပေမယ့်၊ အဲဒီလို လုပ်နိုင်ဘို့ရာ စား ၀တ် နေရေးအတွက် ပစ္စည်းလေးပါးလို့ခေါ်တဲ့ သင်္ကန်း ဆွမ်း ကျောင်း ဆေးဆိုတာ လိုအပ်ပါတယ်။ လခစား စီးပွားရှာသူတွေ မဟုတ်လေတော့ အဲဒီ လိုအပ်တဲ့ပစ္စည်းလေးပါးကို ထောက်ပံ့ပေးလှူကြမယ့် ‘ဒကာ/ဒကာမတွေဆိုတာ လိုလာပါတယ်။ ပြောရရင် ဆရာနဲ့ဒကာပဲဆိုပါတော့။ ဆရာ/ဒကာ လက်တွဲညီညာမှသာလျှင် သာသနာဆိုတာ တည်တန့်နိုင်ပါတယ်။ တစ်ချို့ကတော့ တွေးကြမယ်ပေါ့၊ ဒီပရဟိတလုပ်ငန်းဟာ သာသနာ့ဝန်ထမ်းတွေနဲ့ ဘာဆိုင်လည်းပေါ့။ တကယ်တော့ ဆိုင်ပါတယ်၊ မြတ်စွာဘုရားရှင်က သာသနာပြုဘို့ ညွှန်ကြားတဲ့နေရာမှာ မိမိကိုယ်တိုင်ချမ်းသာဘို့ (အတ္တဟိတ) မိမိဆွေမျိုးမိဿင်္ဂဟတွေ ချမ်းသာစေဘို့ လောကကြီးချမ်းသာစေဘို့ (လူရော နတ်ပါချမ်းသာစေဘို့) (ပရဟိတ) အဲဒီရည်ရွယ်ချက်တွေနဲ့ သာသနာပြုကြဘို့မိန့်ကြားခဲ့တာ ဖြစ်ပါတယ်။ ဒီတော့ ဆရာလေးတို့အနေနဲ့ ကိုယ့်နိုင်ငံသားတွေ ကိုယ့်ဆွေမျိုးတွေထဲက ပညာမသင်နိုင်ကြတဲ့ ကလေးသူငယ်လေးတွေကို စာပေတတ်မြောက်စေလိုတယ်၊ ပညာတတ်ကလေးတွေဖြစ်ပြီး နိုင်ငံနဲ့လူမျိုးအတွက် အနာဂတ် ကြယ်စင်လေးတွေ ဖြစ်စေလိုတယ်၊ လမင်းကြီးမဟုတ်ရင်တောင်၊ လမင်းကြီးလောက် အလင်းရောင် မပေးဝေနိုင်လျှင်တောင် အဲဒီလမင်းကြီးဘေးနားက ကြယ်စင်လေးတွေလို သူတို့ကိုယ်ပိုင် စွမ်းအားတွေနဲ့ စုပေါင်းညီညာစွာဖြင့် ပြည်နိုင်ငံကို အကျိုးပြုအလင်းလေးတွေနဲ့ တောက်ပစေချင်ပါတယ်။
ဥယာဉ်မှူးတစ်ယောက် ပန်းကလေးတွေ ပွင့်လာစေအောင် ပန်းပင်လေးတွကိုပျိုးကြသလို၊ အဲဒီပန်းကလေးတွေ ပွင့်လာစေအောင် ကြိုးစားအားထုတ်ကြသလို ကူညီပြီး လုပ်ဆောင်ချင်တယ်၊ ကြိုးစားချင်တယ်၊ အားထုတ်ချင်တယ်၊ အဲဒီရည်ရွယ်ချက်တွေနဲ့ ခု ဒီပန်းခင်းကို ပြုစုနေပါတယ်၊ ပန်းလိုချင်ရင် အပင်ပျိုးတတ်မှဆိုသလို ပန်းကိုလိုချင်သော ဆရာလေးတို့ ခု ဒီသုခကာမီဆိုတဲ့ ပျိုးခင်းလေးကို ပျိုးတတ်အောင် ပန်းလှလှလေးတွေပွင့်လာအောင် အားထုတ်နေပါတယ်၊ အပင်ပျိုးတဲ့နေရာမှာ လိုအပ်တာလေးတွေ ရှိကောင်းရှိနိုင်ပါတယ်၊ လိုအပ်တဲ့အရာလေးတွေကို အကြံပေးဘို့ ထောက်ပြပေးဘို့ တစ်စုံတစ်ရာရှိလာခဲ့မယ်ဆိုရင် ပေးစေဘို့ ညွှန်ပြပေးဘို့ ဆရာလေးတို့က ဖိတ်ခေါ်ပါတယ်။ နောက်ပြီး ဆရာလေးတို့ရဲ့ ပန်းခင်းလေးဆီကိုလည်း အလည်အပတ် လာရောက်စေချင်ပါတယ်၊ လာခဲ့ကြပါဦးလို့လည်း ဖိတ်ခေါ်ပါတယ်... အရောက်လာမည့်သူများကို ကြိုဆိုလျက်

ပရဟိတဆိုတာပေးဖို့သက်သက်ပါ

*ကိုယ်ကျိုးမပါ ၊ သူ့တွက်သာငဲ့ကာဆောင်ရွက်ရ။*ကရုဏာထား ၊ မေတ္တာပွားစွမ်းအားဖြည့်ပေးရ။*သူ့ကိုစောင့်ရှောက်၊ ကိုယ့်ဂုဏ်မြောက်ထွန်းတောက်စွမ်းအားရ ပရဟိတဆိုတာ ကိုယ်ကျိုးကို မငဲ့ဘဲ သူ့အတွက် သက်သက်လုပ်ပေးတာပါ၊ သီးခြားအလှူဒါန ကြီးတွေလုပ်ကြတယ်ဆိုတာ သူ့အတွက်ပါတယ်ဆိုပေမဲ့ ကိုယ့်အတွက် ဦးတည်ပြီး လုပ်ကြတာပါ၊ကိုယ့်ရဲ့မဂ်ဖိုလ်နိဗ္ဗာန်ရရေးကို အဓိကဦးတည်တာပါ၊ ဒါကြောင့်သီလရှိတဲ့ မြင့်မြတ်တဲ့ အလှူခံပုဂ္ဂိုလ်တွေကို ရွေးချယ်ပြီး လှူကြတယ်၊ ကိုယ့်အတွက်ငဲ့ပြီး ရွေးချယ်တာပါ။ပရဟိတဆိုတာ သူ့ဆီက ဘာတစ်ခုမှမျှော်လင့်ချက်မထားဘူး၊ ငါတို့က ဒီလို ကူညီဆောင်ရွက် ပေးလိုက်ရင် သူတို့ကငါတို့ကိုအသိအမှတ်ပြုလိမ့်မယ် ၊ပေးကြလိမ့်မယ် ငါတို့လိုအပ်တဲ့အခါသူတို့က ပြန်ကူညီ စောင့်ရှောက်ပေးကြလိမ့်မယ် လို့လုံးဝ မျှော်လင့်ချက်မထားပါဘူး၊ ပရဟိတသဘောဆိုတာ ကိုယ့်ကြောင့် သူချမ်းသာလာရင်တော်ပြီပေါ့ကိုယ့်အတွက်မငဲ့မှ မြင့်မြတ်တဲ့ပရဟိတစိတ်ဖြစ်မှာပါ၊ မြတ်ဗုဒ္ဓကိုကြည့်ကြပါ၊ ကိုယ့်အတွက်ဘာမှမငဲ့ဘူး။ သဗ္ဗညုတဥာဏ်တော်ကြီးကို လိုချင်တာက လောကကြီးမှာကြွားချင်လို့မဟုတ်ပါဘူး၊ ဥာဏ်ကြီးကျယ်မှ အကြီးကျယ်ဆုံး ပရဟိတလုပ်ငန်းကို လုပ်နိုင်မှာဖြစ်လို့ လိုချင်တာပါ၊ များများသိမှ များများပေးနိုင်ပေးနိုင်မယ်၊ ကြီးကြီးသိမှ ကြီးကြီးလုပ်ပေးနိုင်မယ်၊ ကောင်းကောင်းသိမှလည်း ကောင်းကောင်းဖန်တီးပေးနိုင်မယ်၊ ဒါကြောင့် ကြီးကြီးကျယ်ကျယ် လုပ်ပေးချင်းလို့ ကြီးကျယ်တဲ့ဥာဏ်ကို ရဖို့အတွက် အကြီးကျယ်ဆုံး ပါရမီလုပ်ငန်းကို လုပ်ခဲ့တာပါ။ ပရဟိတဆိုတာမျိုးဟာပေးဖို့ သက်သက်ပါ၊ လှူတဲ့အခါသီလရှိတဲ့သူတွေ ရွေးချယ်ကြတာက ကိုယ့်အတွက်ငဲ့လို့ပါ၊ ပရဟိတကျတော့ အယုတ် အလတ် အမြတ်မရွေး ဘယ်သူ ဘယ်ဝှာ မရွေး အားလုံးရဲ့ အကျိုးအတွက်ပါ၊ သူတို့ဆီက ဘာတစ်ခုမှလဲ မျှော်လင့်ချက် မထားပါဘူး၊ ကိုယ့်ကြောင့် သူချမ်းသာသွားရင်ပြီးတာပါဘဲ။

ပန်းနှင့်ဥယာဉ်

ပန်းပွင့်တယ်ဆိုတာကတော့ သဘာဝပါဘဲလေ၊ ဒါပေမဲ့ပွင့်လာတဲ့ ပန်းကလေးတွေ၊ ပျိုးထားတဲ့ ပန်းကလေးတွေ ဘေးကင်းရန်ကင်းနဲ့ဖွံ့ဖြိုးစေဖို့ ရနံ့သင်းတဲ့ပန်းကလေးတွေ ပွင့်လာစေဖို့ကတော့ ဥယာဉ်မှူးရဲ့ ပြုစုပျိုးထောင်းတတ်မှူ့ ဂရုစိုက်မှူ့အပေါ်မှာတည်မှီနေပါတယ်။ အဲဒါကြောင့်မို့ဆရာလေးအနေနဲ့ ဆရာလေးတို့ပြုစုတည်ထောင်ထားတဲ့ "သုခကာမီ"ဆိုတဲ့ ဥယာဉ်လေးထဲမှာ ပန်းကလေးတွေက ဘေးကင်း၊ရန်ကင်းနဲ့ရှင်သန်စေချင်ပါတယ်၊ ရနံ့သင်းတဲ့ ပန်းကလေးတွေ ဖြစ်အောင်လည်း ဆရာလေးတို့ကျိုးစားရမယ်၊ အဲဒီပန်းကလေးတွေဖူးပွင့်လာတဲ့အခါရနံ့သင်းမယ်၊ အလှဂုဏ်တွေနဲ့ကြွယ်ဝနေမယ်ဆိုရင်ဆရာလေး ဒီဥယာဉ်လေးကို ပြုစုပျိုးထောင်ရကျိုးနပ်ပါပြီ၊ ဆရာလေးတို့ ရဲ့ ပရဟိတ(ဥယာဉ်မှူး)ဆိုတာ မျိုးက ပန်းကလေးတွေ ထံမဘာတစ်ခုမှမျှော်လင့်ထားတာမရှိပါဘူး၊ ဆရာလေးတို့ပြုစုပျိုးထောင်ပေးလိုက်တာ ပန်းကလေးတွေ ဘဝရှေ့ရေးကောင်းသွားဖို့ တခုတည်းအတွက်ပါဘဲ၊ တကယ်တော့ ပရဟိတဆိုတာလောဘကို တိုက်ရိုက်ဖြိုဖျက်ရတဲ့အလုပ်ဖြစ်ပါတယ်၊ မေတ္တာ၊ကရုဏာ၊ စေတနာတွေထားပြီးလုပ်ရတာပါ၊ ဆရာလေးကတော့ ရှားပါးလှတဲ့ လူ့လောကကြီးမှာ ရင်ဆိုင်တွေ့ကြုံနေရတဲ့ မိဘများကို ရင်နှင့်အမျှ ကရုဏာဖြစ်မိပါတယ်၊စီးပွားရေးက အဆင်မပြေ သားသ္မီးလေးတွေ ပညာတတ်အောင် ကျောင်းထားပေးချင် ထားစရာငွေကမရှိ ဘယ်လောက်များ စိတ်သောက ရောက်လိုက်လေမလဲလို့ စာဝင်ရောက်ဖတ်ရှု့သူများစဉ်းစားကြည့်ပါ၊ အဲဒီထဲမှာဖူးချင်ပွင့်ချင်တဲ့ ပန်းကလေးများဧကန်ရှိပါတယ်၊ ဒီပန်းကလေးတွေဖူးနိုင်ပွင့်နိုင်ဖို့အတွက် ဆရာလေးတို့ ဆရာတပည့်တိုင်ပင်ကြိုးစားခဲ့ကြတာပါ၊ ဆရာလေးက အခုလောလောဆယ်နိုင်ငံရပ်ခြားမှာရှိနေတော့ ငွေအင်အားမှလွဲပြီး မကူညီနိုင်သေးပါဘူး၊ ဆရာကြီး၊ ဆရာလေးများရဲ့ ဥာဏ်အင်အား၊ ခွန်အားတွေနဲ့လုပ်ဆောင်ပေးနေကြပါတယ်၊ ဆရာကြီးနှင့်တကွ ဆရာလေးများအားလုံးကိုလည်း အထူးကျေးဇူးတင်ကြောင်းပြောပါရစေ၊ ပရ(ဥယာဉ်မှူး) ဟာ တချိန်ကဆရာလေးရဲ့ အိပ်မက်ကလေးပါ၊ ဆရာလေးလည်း ဘဝကိုခက်ခက်ခဲခဲကျော်ဖြတ်ခဲ့ရသူမို့ ဆရာလေးရဲ့ ပန်းကလေးတွေကို ပန်းကောင်းလေးတွေဖြစ်အောင် ဘဝရပ်တည်မှုလေးတွေရသွားအောင် ဆရာလေးရဲ့အသက်နဲ့ ခန္ဓ္ဓာရှိနေသမျှဘယ်လို အခက်အခဲဘဲတွေ့တွေ့ရင်ဆိုင်မယ်၊ ကျိုးစားမယ်ဆရာလေးသန့်စင်တဲ့ စိတ်ထားနဲ့ကောင်းတာလုပ်တဲ့အတွက် ဆရာလေးရဲ့ ပန်းကလေးတွေ အပေါ်ထားတဲ့ စေတနာကဆရာလေးကို ပြစ်မထားဘူးဆိုတာယုံကြည်ပါတယ်၊ ကိုယ့်စေတနာဟာကိုယ့်ရဲ့ လုပ်ခဘဲမဟုတ်လား၊ ဆရာလေးကတော့ စဉ်းစားတိုင်း ပီတိဖြစ်မိတာ အမှန်ပါ။
ပန်းကလေးတိုင်း ဖူးပွင့်လန်းဖြာကြပါစေ။

ပန်းတိုင်းကိုပွင့်စေလိုသော ဆန္ဒ

ပရဟိတမျိုးဆက်သစ်လူငယ်ဆိုတဲ့ပန်းလေးတွေကိုနေရာတိုင်းမှာဆရာလေးတွေ့နေခဲ့ဘူးပါတယ်၊တွေ့လည်းတွေ့နေရတုန်းပါဘဲ၊
နောက်လည်းထပ်ကာထပ်ကာ တွေ့နေရဦးမှာဘဲလို့ ယုံကြည်နေမိပါတယ်၊ တကယ်တန်းဆိုရင်တော့
ပန်းလေးတွေရဲ့ ဘဝဟာ ဥယာဉ်မှူးရဲ့ အပေါ်မှာ တည်မှီနေရတယ် ဆိုတာကိုလည်း
ဆရာလေးကသိထာဲးပြီးဖြစ်နေပါတယ်။ ဥယာဉ်မှူးမဲ့တဲ့ ပန်းကလေးတွေကို တွေ့ရတဲ့အခါတိုင်း ဆရာလေး
တွေးမိတာက ဒီပန်းကလေးတွေကို ပြုစုပျိုးထောင်းပေးနိုင်ခဲ့ရင်၊ ပေးလိုက်မယ်ဆိုရင် ဒိပန်းကလေးတွေ
ဒီထက်ပိုလှလာလိမ့်မယ်၊ လန်းစန်းဝင့်ကြွားလာကြလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။အဲဒါကြောင့်
ဆရာလေးဒီ သုခကာမီ အမျိုးသ္မီးသင် ပညာရေးကျောင်းဆိုတဲ့ ဥယာဉ်ငယ်လေးကိုဆရာလေးရဲ့ ဥပဇ္ဈယ်
ဆရာကြီး ဒေါ်အဂ္ဂဥာဏီ နှင့်လက်တွဲပြီး (၇.၆.၂၀၀)မှာစတင်တည်ထောင်ဖွင့်လှစ်ခဲ့ပါတယ်။ လမ်းနဘေးမှာ
ပွင့်နေတဲ့ ပွင့်နိုင်စွမ်းရှိလျှက် မပွင့်လိုက်ရဘဲဘဝ သေသွားရတဲ့ ပန်းကလေးတွေအတွက် ဒီဥယာဉ်ငယ်လေးကို
အခု တည်ထောင်လိုက်ပါပြီ၊ ဆရာလေး စိုက်ပျိုးပါတော့မယ်၊ ပန်းကလေးတွေရဲ့ဘဝလေးအစဉ်
လှပစေဖို့တတ်နိုင်သမျှသောအင်းအားတွေနဲ့ ဆောင်ရွက်ပါတော့မယ်။ ဒီပန်းကလေးတွေကို ဆရာလေးနဲ့အတူ
လက်တွဲပြီး ပြုစုပျိုးထောင် ပေးကြလိုသော ပန်းချစ်သူ ဓမ္မမိတ်ဆွေများကိုလည်း လာရောက်လက်တွဲ
ပျိုးထောင်ပေးကြစေဖို့ဆရာလေးလက်ကမ်းပါရစေ၊ဆရာလေး နဲ့အတူ ပန်းကလေးများကို
ဖူးပွင့်လန်းစန်းစေကြရအောင်ပါလို့ ဆန္ဒပြု လိုက်ပါရစေ။
ဆရာလေး- မဥဇ္ဇောတိနီ(ခေတ္တကိုရီးယား)

လမ်းပြကြယ်များသို့

ပြာလဲ့လဲ့ မိုးကောင်းကင် တစောင်းတင်နေတဲ့ အနီရောင် နေမင်းကြီးကိုကြည့်ပြီး အိုင်တီ ခေတ်ကြီးထဲမှာ

ငယ်စဉ်အခါ ကျောင်းမနေရတဲ့ ကိုယ့်ဘ၀ကို ပြန်လှန်စဉ်စားမိခဲ့၊။ စိမ်းဖြူရောင် ၀တ်စုံလေးတွေနဲ့

ကျောင်းသွားနေတဲ့ ရွယ်တူ သူငယ်ချင်းတွေကို ကြည့်ပြီး ဘယ်သူမှ မသိအောင်းမျက်ရည်ဝဲခဲ့။

တက်ချင်ခဲ့တဲ့ ကျောင်း၊သင်ချင်ခဲ့တဲ့စာ ငါနဲ့ မဆိုင်သလိုရှိခဲ့၊ ကံ ကြမ္မာဆိုတာ

ငါမစဉ်းစားမိခဲ့၊လေးခွနဲလောက်စာ အပေါက်ပါတဲ့ ညစ်ထေထေ လွယ်အိတ်တစ်လုံးကိုလွယ်ပြီး နေ့စဉ်ဝ

မ်းစာအတွက် ငါရုန်းကန်ခဲ့ရ။ ဒုက္ခရောက်နေတဲ့ ခြေနှစ်ချောင်း မကယ်ကောင်း ဆိုတဲ့ စကားသံတွေ ခါးသီးစွာ

ကြားခဲ့ရ၊ ဒီလိုနဲ့ စခဲတဲ့ ငါဘ၀ သုညကမ္ဘာက ရုန်းမထွက်နိုင်ခဲ့။ ခေတ်တွေပြောင်း စနစ်တွေပြောင်း အသစ်တွေ

အဟောင်း အဟောင်းတွေ အသစ်ဖြစ်ခဲ့။ ငါမွေးခဲ့တဲ့ ငါမြေမှာ ဗက ဆိုတာ ပေါ်ခဲ့။အခမဲ့ ပညာရေး အစာလည်း

ကြွေး နေစရာ ပေးသတဲ့၊ ဒီအချိန်မှ စာသင်ရင် သူများအမြင် ငါ အရူးဖြစ်မတဲ့၊ ငါ ငယ်ငယ်က ဆိုရင် ဆိုတဲ့

အတွေးကြောင့် ငယ်စဉ်က မျက်ရည်များ ဆက်လက်စီးဆင်းသွားခဲ့၊။ကိုယ့်အရေး ကိုယ်မတွေး ပညာရေးကို

ဦးစားပေး၊ စာမတတ်သူ ပပျောက်ရေးနဲ့ ဘာသာ သာသနာအတွက် အားတက်စွာ ဆောင်ရွက်နေကြတဲ့ ဗက

ပညာရေး၊အလေးပေးဆောင်ရွက်နေသူ အားလုံးကို အနာဂတ် ကမ္ဘာ၊သာသနာအတွက် လမ်းပြကြယ်များဟုပင်

ကမ္ဖျည်းတင်ချင်ခဲ့။

လမင်းငယ်




2009년 2월 23일 월요일

စိတ်ထားမြတ်မှ ဘဝမြတ်မယ်

ဗုဒ္ဓမြတ်စွာဘုရားဟာ စိတ်တခုကိုနိုင်အောင်ထိန်းဖို့ ဆုံးမသွန်သင်ခဲ့တာကိုတော့ အားလုံးသိပြီးသာဖြစ်မှာပါ၊ စိတ်ကလေး ထားတတ်နိုင်အောင်ကြိုးစားရတာလည်း တော်တော်ကို မလွယ်လှပါဘူး၊
လူတယောက်ရဲ့ခန္ဓာကိုယ်မှာ စိတ်ကဘဲဦးဆောင်ပါတယ်၊ အိပ်ချင်တာလဲဒီစိတ်၊ စားချင်တာလည်းဒီစိတ်၊ သွားချင်တာ ကုန်ကုန်ပြောရရင်တော့ ချင်တာမှန်သ၍ စိတ်ကြောင့်ချည်းပါဘဲ၊ ပုထုဇဉ်တိုင်း
ဟာ ကိလေသာ (၁၀)ပါး ရှိနေတုန်းပါ၊ ကိလေသာ(၁၀)ပါးဆိုတာက( လောဘ၊ဒေါသ၊ မောဟ၊ မာန၊ ဒိဌိ၊ ဝိစ္ဆိကိစ္စာ၊ ထိန၊ မိဒ္ဓ၊ ဥဒ္ဓစ္စ၊ အနောတ္တပ္ပ) ကိုခေါ်ပါတယ်၊ တနေ့တနေ့စဉ်းစားကြည့်ကြပါ၊
ကုသိုလ်နဲ့ အကုသိုလ်ဘယ်ဟာက ပိုများလဲလို့၊ မနက်မိုးလင်းအိပ်ရာထတဲ့အချိန်ကစလို့ ညအိပ်ရာဝင်တဲ့အချိန်ထိ ငါဒီနေ့ ကုသိုလ်စိတ်နဲ့ အကုသိုလ်စိတ် ဘယ်ဟာက ပိုများလဲ သုံးသပ်ကြည့်ရင်
သိနိုင်ပါတယ်၊ ဆရာလေးလဲ နေ့စဥ့်ဒီလိုဘဲ သုံးသပ်ကြည့်မိပါတယ်၊ အကျင့်ရသွားတဲ့အခါ တော်တော်အဆင်ပြေပါတယ်၊ အားလုံးသောစာဖတ်ပရိတ်သတ်များကိုလည်းတိုက်တွန်းအပ်ပါတယ်၊
...

လောကမှာ လူရယ်လို့ဖြစ်လာရင် အဓိပ္ပါယ်ရှိစွာနေတတ်ရတယ်ဆိုတဲ့စကား ကြားဖူးပါတယ်၊ ခဏလာတဲ့ လူ့ဘဝလေးမှာ ကျင်လည်နေခိုက် အဓိပ္ပါယ်ရှိတဲ့အလုပ်၊ အပြောအဆို၊ အနေအထိုင်
အားလုံးကို ဆင်ခြင်နေထိုင်ရမှာက သူများမဟုတ်ဘူး မိမိပါ၊ မိမိရဲ့စိတ်ကိုဖြူစင်အောင်ထားရမယ်၊ တဖက်သားအပေါ်ကို မိမိကဲ့သို့စိတ်ထားပြီး သနားကျင်နာရမယ်၊ ကိုယ်ပြောလိုက်တဲ့စကားလေး
တခွန်းကြောင့် သူများစိတ်အနှောက်အရှက်မဖြစ်အောင် သတိနဲ့ ထိန်းသိမ်းပြောဆိုရမယ်၊ စိတ်မထိန်းနိုင်တဲ့ အတွက်ကြောင့် မှားပြီးရင်းမှားရင်းတွေ များသောအားဖြင့်ရှိကြပါတယ်၊ တချို့ဆိုရင်
မိဘတောင်ပြန်သတ်တာမျိုးရှိပါတယ်၊ ဒါလည်းစိတ်ကရှေ့ကသွားလို့သာဖြစ်တာပါ၊ ကံ(၃) ပါးမှာ ကာယကံ၊ ဝစီကံ၊ မနောကံလို့ရှိပါတယ်၊ ကာယကံနဲ့ဝစီကံဟာ မနောကံ မဖြစ်ဘဲနဲ့ လုံးဝပြုလုပ်
ပြောဆိုလို့မရပါဘူး၊ မနောက(စိတ်)ထဲက ဖြစ်ပြီးမှသာ ပြုလုပ်ပြောဆိုလို့ရနိုင်ပါတယ်၊ စိတ်နဲ့ပတ်သက်ပြီး ဗုဒ္ဓဘုရားရှင်ဟောကြားခဲ့တာက စိတ်သာလျှင်ရှေ့သွားရှိကုန်သည်၊ စိတ်သာလျှင်
အကြီးအမှူးရှိကုန်သည်၊ စိတ်ဖြင့်သာပြီးကုန်သည်၊ မကောင်းသောစိတ်ဖြင့်ပြောဆိုပြုလုပ်လျှင် လှည်းဘီးသည် ဝန်ဆောင်နွားခြေရာကို အစဉ်လိုက်သကဲ့သို့ မကောင်းမှူ့ ပြုလုပ်သူနောက်သို့
မကောင်းမှူ့သည် အစဉ်လိုက်သည်လို့ ဟောကြားခဲ့သလို ကောင်းမှူ့ပြုသူနောက်သို့လည်း အရိပ်သည်အစဉ်လိုက်သကဲ့သို့ ကောင်းမှူ့ချမ်းသာအစဉ်လိုက်သည်လို့ ဥပမာပေးဟောကြားတော်မှု
ခဲ့ပါတယ်၊ တချို့သောလူတွေ ပြောတာရှိပါတယ်၊ ဒီဘဝဒီကိုယ်စံ၊ နောင်ဘဝနောက်ကိုယ်ခံတဲ့၊ အဲဒါမဟုတ်ပါဘူး၊ နောင်ဘဝလည်းဒီကိုယ်ဘဲခံရမှာပါ၊ ဗုဒ္ဓဘုရားရှင်ဟောကြားခဲ့တဲ့ ဥပမာအတိုင်း
ကိုယ့်ရဲ့ ကောင်းမှူ့ မကောင်းမှူ့ဟာ ကိုယ့်နောက်မှာထပ်ချပ်မကွာလိုက်နေမှာပါ၊ အားလုံးသော စာဖတ်ပရိတ်သတ်တိုပလည်း ဘဝမြတ်ဖို့အတွက် စိတ်ထားကောင်းတွေ ထားနိုင်ကြပါစေလို့ ဆန္ဒပြုလျှက်ပါ။
...

2009년 2월 9일 월요일

ကာယကတာ သတိပဋ္ဌာန်ကျင့်စဉ်

ဗုဒ္ဓဘာသာဆိုသည်မှာ စိတ်ကို သတိဖြင့်သဘာဝအကျဆုံး ထိန်းကျောင်းတဲ့ကျင့်စဉ်တရားဖြစ်ပါတယ်။
ဗုဒ္ဓဘာသာတွင် စိတ်သည်အရေးအကြီးဆုံးကဏ္ဍတရပ်ပင်ဖြစ်သည်။ ထို့ကြောင့်လည်း စိတ်ကို အမြင့်မြတ်ဆုံး
ဖြစ်အောင် ထိန်းသိမ်းရလေသည်။ အဘယ့်ကြောင့်ဆိုသော် ယထာဘူတ အမြင်မှန်ရရှိသူသာလျှင် ပညာဥာဏ်
ရရှိနိုင်၍ သစ္စာတရားကို သိမြင်နိုင်သောကြောင့်ဖြစ်သည်။
ဗုဒ္ဓဘာသာ၏ မူလအခြေခံအရင်းအမြစ်မှာ သစ္စာ ၄-ပါးတရားတော်ပင်ဖြစ်သည်။ ထိုသစ္စာတရား၎-ပါးမှာ
(၁) ဒုက္ခသစ္စာ- ဆင်းရဲခြင်းအမှန်တရား (၂) သမုဒ္ဒယသစ္စာ- ဆင်းရဲခြင်း၏အကြောင်းအမှန်တရား
(၃) နိရောဓသစ္စာ- ဆင်းရဲခြင်း၏ချုပ်ငြိမ်းခြင်းအမှန်တရား(၄) မဂ္ဂသစ္စာ- ဆင်းရဲခြင်း၏ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့
ရောက်ကြောင်းဖြစ်သော အကျင့်အမှန်တရးတို့ပင်ဖြစ်သည်။
ဒုက္ခဆင်းရဲအပေါင်းတို့၏ ဖြစ်ခြင်းဟူသောဇစ်မြစ်မှာ ခန္ဓာငါးပါး အစုအဝေးဖြစ်ရာဘဝပင်ဖြစ်သည်။
ဤဘဝမှာလည်းတဏှာ၏ မလွှဲမရှောင်သာသော အကျိုးတရားဆက်ပင်ဖြစ်သည်။အမှန်တရားကို မသိမှု
တည်းဟူသော အဝိဇ္ဇာကြောင့် ဘဝဖြစ်လာရသည်၊ တဏှာသမုဒယကြောင့် ဘဝတွေဆက်ကာဆက်ကာ
ကျင်လည်ရပြန်သည်။
ဘယပြတ်စဲရန်မှာ ခန္ဓာငါးပါး ကုန်ဆုံးပျောက်ပျက်ခြင်းရှိမှသာ လျှင်ဖြစ်၏။ မဂ္ဂင်ရှစ်ပါးတရားတော်ကို
ကျင့်ကြံအားထုပ်ခြင်းဖြင့် လူသား၏တဏှာလောဘစိတ်တို့ကို ခန်းခြောက်စေကုန်၏။ ထိုမဂ္ဂင်ရှစ်ပါးတရား
တော်မှာ(၁) သမ္မာဒိဋ္ဌိ- မှန်ကန်သောအမြင်ရှိခြင်း၊(၂) သမ္မာသင်္ကပ္ပ- ကောင်းစွာမှန်သောအကြံကိုကြံခြင်း
(၃) သမ္မာဝါစာ-မှန်သောစကားကိုပြောဆိုခြင်း၊ (၄)သမ္မာကမ္မန္တ- မှန်သောအမှုကိုပြုခြင်း၊ (၅) သမ္မာအာဇီဝ-
မှန်သောအသက်မွေးမှုကိုပြုခြင်း၊(၆)သမ္မာဝါယာမ- မှန်သောအားထုတ်မှုရှိခြင်း၊(၇)သမ္မာသတိ-မှန်သောသတိ
ရှိခြင်း၊(၈) သမ္မာသမာဓိ- မှန်သောတည်ကြည်ငြိမ်သက်ခြင်းတို့ပင်ဖြစ်သည်။သမုဒယသစ္စာတဏှာလောဘ
ခန်းခြောက်ပျက်စီးမှသာလျှင် မဂ်ဖိုလ်တရား၎-ပါးသို့ ဆိုက်ရောက်မည်ဖြစ်သည်၊ မဂ်ဖိုလ်တရား၎-ပါး
ဆိုက်ရောက်မှ နိဗ္ဗာန်သို့မျက်မှောက်ပြုလေသည်၊ တဏှာလောဘမှ မလွတ်မြောက်လျှင်နိဗ္ဗာန်ကိုမမြင်နိုင်။
မရနိုင်ကြပေ။
မြတ်စွာဘုရား၏ အခြေခံတရားတော်အရ ပဋိသန္ဓေနေရခြင်းမှာ အဝိဇ္ဇာနှင့်တဏှာ၏မှုလအကြောင်းအရင်း
ကြောင့်ဖြစ်သည်။တနည်းအားဖြင့် သက္ကာယဒိဋ္ဌိမှ ပေါက်ဖွားလာသည့် သံယောဇဉ်တွယ်တာမှုကြောင့်ဖြစ်သည်။
ပဋိသန္ဓေနေခြင်းသည် ဒုက္ခဆင်းရဲအပေါင်း၌သာ အဆုံးသတ်ရလေတော့သည်။
ထို့ကြောင့်ပင် ဗုဒ္ဓမြတ်စွာသည် တပ်မက်စွဲလမ်းခင်တွယ်မှု အမျိုးမျိုးကိုပယ်စွန့်၍ သစ္စာလေးပါးအမြိုက်တရား
(သို့မဟုတ်) ဝိဇ္ဇာဥာဏ်ကို ထိုးထွင်းသိရှိနိုင်ရန် သတ်ပဋ္ဌာန်ကျင့်စဉ်ကို အစဉ်မပြတ်ရှု့ပွားအားထုပ်ဘို့ရန်
မိမိ၏တပည့် သာဝကများအား ဟောကြားဆုံးမတော်မှုခဲ့လေသည်။
ဗုဒ္ဓတရားတော်၏ လမ်းဆုံးပန်းတိုင်မှာ ဗောဓိဥာဏ်၊သို့မဟုတ် ဝိဇ္ဇာဥာဏ်၊သစ္စာဥာဏ်ရရှိမှုပင်ဖြစ်သည်။
ဗုဒ္ဓတရားတော်၏ အဓိကရည်ရွယ်ချက်မှာ ဒုက္ခခပ်သိမ်းကင်ငြိမ်းရာ နိဗ္ဗာန်ကိုရရှိစေရန်ပင်ဖြစ်သည်။
တနည်းအားဖြင့်ဆိုသော် ဗုဒ္ဓတရားကျင့်စဉ်တရပ်လုံးမှာ သစ္စာအမှန်တရားကို ကောင်းစွာရှု့မြင်သည့်
ကျင့်စဉ်လုပ်ရပ်နည်းပင်ဖြစ်သည်။ သတိပဋ္ဌာန်ကျင့်စဉ်၊ သို့မဟုတ်အစဉ်အမြဲသတိဖြင့် ရုပ်နာမ်ခန္ဓာပေါ်တွင်
ရှုပွားနေခြင်းဖြင့် သင်္ခါရဓမ္မအားလုံးတို့၏ အဖြစ်အမှန်ဧကန်သဘာဝကို ယထာဘူတဟုတ်တိုင်းမှန်စွာ
သိမြင်နိုင်လေ၏။

မိမိ၏ ကိုယ်ခန္ဓာရုပ်အစုအဝေးကိုဖြစ်စေ၊ သူတပါး၏ရုပ်ခန္ဓာအစုအဝေးကိုဖြစ်စေ၊ တွေးတောဆင်ခြင်
ရှုပွားကြည့်လျှင် ထိုကိုယ်ခန္ဓာရုပ် အစုအဝေးတို့မှာ မတည်မမြဲဘဲ အနှစ်သာရအတ္တဝိဥာဏ်ဘာမှမရှိသော
သဘောရှိကြောင်း ဥာဏ်အမြင်ပေါ်ထွက်လာသည်။ ဤသဘောတရားသိမြင်ခြင်းသည် မျက်လှည့်ဆရာပမာ
အမြင်များမှု ဝိပ္ပလာသအပေါ် အခြေခံနေသည့် ပုဂ္ဂိုလ်သတ္တဝါ သူငါဟူသော သက္ကာရဒိဋ္ဌိတရားဆိုးကြီး
ဆုံးခန်းတိုင်ရောက်စေသည့်ပြင်၊ ဒုက္ခများစွား သံသရာမှလည်း လွတ်မြောက်စေလေသည်။
လူသတ္တဝါတို့ သံသရာဘဝမှလွတ်မြောက်ဘို့ရန်နှင့် အဆက်မပြတ်ထပ်တလဲလဲ ပဋိသန္ဓေနေရခြင်း
ဆင်းရဲဒုက္ခအပေါင်းမှ ကင်းဝေးဘို့ရန်အတွက်သစ္စာလေးပါးဖြစ်သော ဆင်းရဲခြင်းအမှန်တရား။
ဆင်းရဲခြင်း၏ဖြစ် ကြောင်းအမှန်တရား ။ဆင်းရဲခြင်း၏ချုပ်ငြိမ်းရာအမှန်တရား ။ဆင်းရဲခြင်း၏ ချုပ်ငြိမ်း
ရာနိဗ္ဗာန်သို့ ရောက်ကြောင်းအမှန်တရာတို့ကို ထိုးထွင်း၍ ဧကန်သိမြင်နိုင်ဘို့ရန် မိမိကိုယ်ကို မိမိအားကိုး
အားထားပြုရမည်ဖြစ်သည် ။မိမိကိုယ်ကို မိမိမှတပါးအခြားမည်သူမျှ မကယ်တင်နိုင်ပေ။နိဗ္ဗာန်ရောက်ကြောင်း
တရားကိုလည်း မိမိကိုယ်တိုင်ပင်ကျင့် ကြံအားထုတ်မှသာ အမှန်စင်စစ်ရနိုင်မည်သာတည်း`။
ပု၈္ဂိုလ်တယောက်၏ အသိဥာဏ် တိုးတက်ပွားများလာအောင်အလို့ငှါ စိတ်ကို လေ့ကျင့်ရန်များစွာ
လိုအပ်ပေသည်။.ယင်းသို့အသိဥာဏ် တိုးတက်ပွားများလာရန် အလို့ငှာ ထိုစိတ်လေ့ကျင့်မှုကို နည်းလမ်းတကျ
ကျင့်ကြံအားထုတ်ရမည်ဖြစ်သည် ၊၊ မိမိကိုယ်တိုင် ကျင့်ကြံအားထုတ်ခြင်းဖြင့် ကိုယ်တွေ့သိမြင်လာမှသာ အမှန်တရားကိုသဘောပေါက်နားလည်နိုင်ပေသည်၊၊ယင်းသို့ဖြစ်၍ သတိပဋ္ဌာန်ကျင့်စဉ်ဖြင့် မှန်သောအသိဥာဏ်
ကို ရရှိနိုင်ကြောင်း ထင်ရှားလှပေသည်၊။
ဗုဒ္ဓတရားတော်တွင် ကျွှန်ုပ်တို့၏ကိုယ်ခန္ဓာကို ရှုမြင်ဆင်ခြင်ခြင်းတည်းဟူသော ကာယနုပဿနာ သတိပဋ္ဌာန်
ကို၎င်း။ခံစားခြင်းကို ရှုမြင်ဆင်ခြင်ခြင်း တည်းဟူသော ဝေဒနာနုပဿနာ သတိပဋ္ဌာန်ကို၎င်း။ စိတ်၌ကျရောက်
ဖြစ်ပေါ်လာသော အစဉ်ကို ရှုမြင်ဆင်ခြင်ခြင်းတည်းဟူသော စိတ္တာနုပဿနာ သတိပဋ္ဌာန်ကို၎င်း။
ဓမ္မသဘာယအားဖြင့် ဖြစ်ပေါ်လာသော အစဉ်ကို ရှုမြင်ဆင်ခြင်ခြင်း တည်းဟူသောဓမ္မာနုပဿနာ သတိပဋ္ဌာန်
ကို၎င်း။အစဉ်တစိုက် ရှု။မှတ်။ပွားများရ၏။။ စိတ်ကိုလေ့ကျင့်ရာ၌ သတိတရားသည် အလွန်အရေးကြီးလှပေ၏။
စိတ်လေ့ကျင့်မှုတိုးတက်ရန် အတွက် နည်းလမ်းမှာ (၁)ကာယ။(၂)ဝေဒနာ။(၃)စိတ်။(၄)ဓမ္မတည်းဟူသော
သတိပဋ္ဌာန်လေးမျိုးကို ရှုမြင်ဆင်ခြင်ရမည်ဖြစ်၏
မဂ္ဂင်ရှစ်ပါးမှ သမ္မာသတိမဂ္ဂင်တွင် အပါအဝင်ဖြစ်သော သတိမြဲစေအပ်သည့် ဘာဝနာလေးမျိုးကို သတိ
ပဋ္ဌာန်ဟုခေါ်သည်။ သတိပဋ္ဌာန်တရားလေးပါးတို့မှာ မဂ္ဂင်ရှစ်ပါးအကျင့်၌ အဓိကဖြစ်သောအကျင့်တရားများဖြစ်
ပေသည်၊ထိုတရားများကို ပွားများအားထုတ်ခြင်းသည် မဂ္ဂင်ရှစ်ပါးအားလုံးကိုကျင့်သည်မည်ပေတော့၏
ထိုသတိပဋ္ဌာန်တရားလေးပါးကို ပွားများအားထုတ်ခြင်းသည် အေးငြိမ်းရာဖြစ်သော ချမ်းသာသုခကိုရရှိ၍
နိဗ္ဗာန်သို့ရောက်ရှိစေနိုင်သည့်တစ်ခုတည်းသောလမ်းနှင့်တစ်ကြောင်းတည်းသောအကျင့်လမ်းမှန်ဖြစ်ပေသည်
သတိပဋ္ဌာန်ကျင့်စဉ်သည်သာ နိဗ္ဗာန်သို့ရောက်ရန်တစ်ကြောင်းတည်းသောလမ်းဟူ၍ ဗုဒ္ဓမြတ်စွာကဟောတော်
မူခဲ့သည် ၊
တကြောင်းတည်းသာဖြစ်သော ဤမဂ်ခရီးသည် သတ္တဝါတို့ကိုကိလေသာအညစ်အကြေးမှ စင်ကြယ်ခြင်း
ှငှါ။ စိုးရိမ်ငိုကြွေးခြင်းတို့ကို လွန်မြောက်ခြင်းငှါ။ ဆင်းရဲခြင်းနှလုံးမသာယာခြင်တို့မှ ချုပ်ငြိမ်းခြင်းငှါ။
အရိယာမဂ်ကိုရခြင်းငှါ။ နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းငှါဖြစ်၏၊ ထိုမ၈်ခရီးသည် လေးပါးသော သတိပဋ္ဌာန်တရား
ပင်တည်းဟု မြတ်စွာဘုရားသည် တပည့်သာဝကတို့အား ဟောကြားမိန့်မြွက်တော်မူခဲ့၏။

ပုဂ္ဂိုလ်တဦးဦးသည်မိမိကိုယ်ခန္ဓာ၏ရုပ်အစုအဝေးကိုဖြစ်စေ။ခံစားမှုဝေဒနာကိုဖြစ်စေ။မှတ်သားမှုသညာကို
ဖြစ်စေ။ စိတ်အာရုံမျိုးစုံပြုပြင်မှုသခ်ါရကိုဖြစ်စေ။ အသိစိတ်ဝိညာဏ်ကိုဖြစ်စေ ခွဲစိတ်ပိုင်းခြား၍သော်၎င်း။
အခြားအနုစိတ်နည်းအားဖြင့်သော်၎င်း။ ခွဲခြမ်းစိတ်ဖြာ၍ကြည့်လျှင် အတ္တ ငါ ဆိုသည်မှာမည်သည့်နေရာမှာ
မျှ ရှာဖွေ၍မတွေ့မြင်နိုင်ကြောင်း နောက်ဆုံး၌အမှန်ကိုသိမြင်လာပေလိမ့်မည်၊မိမိထင်မြင်ယူဆခဲ့သည့် ငါ .
သို့မဟုတ် ကိုယ်အကောင် ဆိုသည်မှာ ကိုယ်ခန္ဓာရုပ်အစုအပေါင်း၏ အမည်သညာမျှသာဖြစ်သည်၊ဤအတ္တ
ငါ .ဟူသောသက္ကာယအစွဲမှာ သစ္စာအမှန်တရားကို တွေ့မြင်ရာလမ်းကြောင်းတွင် အလွန်တရာအများဆုံး
ပိတ်ဆို့နေသည့် စွဲလမ်းမှုအမြင်မှားပင်ဖြစ်သည်၊။
အချင်း ရောဟိတဿနတ်သား လောက၏ အဆုံးနိဗ္ဗာန်ကို မရောက်ဘဲ ဆင်းရဲ၏အဆုံးပြုခြင်းကို
လည်း ငါဟောတော်မမှုအချင်းနတ်သားစင်စစ်အားဖြင့်သညာလည်းရှိစိတ်လည်းရှိသော တလံ မျှလောက်သော
ဤခန္ဓာကိုယ်၌ လောက (ဒုက္ခသစ္စာ)ကို၎င်း လောက၏ဖြစ်ပေါ်ကြောင်း(သမုဒယသစ္စာ)ကို၎င်း လောက၏
ချုပ်ရာနိဗ္ဗာန်(နိရောဓသစ္စာ)ကို၎င်း လောက၏ချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်(မဂ္ဂသစ္စာ)ကို၎င်း
ငါပညတ်တော်မူ၏။ဟု သံယုတ် ၃.နာနာတိတ္တိယဝဂ် ၆။ရောဟိတဿသုတ်၌ တွေ့ရှိနိုင်ပါသည်။။
ဤစာအုပ်တွင် ကျေးဇူးရှင် တောင်ပုလုတောရ ကမ္ဘာဧဆရာတော်ဘုရားကြီးကိုယ်တိုင် အားထုတ်၍
ဟောကြားတော်မူသော ဆံပင်အစရှိသည့်ရုပ်အပေါင်၌ဖြစ်သော ကာယဂတာ သတိပဋ္ဌာန်ကျင့်စဉ်နည်းလမ်း
သည်၎င်း ။မြတ်စွာဘုရားဟောကြားတော်မူသည်။ အဂုင်္တ္တိုရ်ပါဠိတော် မြန်မာဘာသာပြန် ကာယဂတာသတိဝဂ်
နှင့်အမတဝဂ်ပါ သုံးဆယ့်နှစ်ကောဋ္ဌာသ ကာယဂတာ သတိပဋ္ဌာန်ပွားများခြင်းမှ အမှန်ဧကန်ရရှိသည့် ကျေးဇူးများကိုဖေါ်ပြသည့် ကောက်နုတ်ချက်များသည်၎င်း။ ပါရှိပါသည်။။ ပထဝိ ၂၀ နှင့် အာပေါ ၁၂ ပါဝင်သည်သုံးဆယ့်နှစ်ကောဋ္ဌာသကိုသုံးဆယ်သုံးစုခွဲစိတ်ပြီးပြထားရာ တစုတစုကိုအနည်းဆုံး ငါးရက်ကြာမျှ
ပွားများရမည်ဖြစ်ပါသည်။။ ပါဠိဘာသာဖြင့် ကောဋ္ဌာသဟုခေါ်သော ၃၂-ပါးသောကိုယ်ခန္ဓာအစိတ်အပိုင်း
အစုအပုံတို့ကိုဆံပင်ကစ ကျင်ငယ်ကျအောင်နှုပ်တိုက်ရအောင် ကောင်းစွာကျက်မှတ်ရန်ဖြစ်သည်။။ထို့ပြင်
ဆရာတော်ဘုရားကြီးဤစာအုပ်တွင်ရှင်းပြတော်မူသော ကမ္မဋ္ဌာန်းပွားများအားထုတ်ရန် စည်းကမ်းနည်းလမ်း
များကိုလည်း ကောင်းစွာလေ့လာရန်ဖြစ်သည်။။
ထိုကောဋ္ဌာသဟူသောကိုယ်ခန္ဓာအစိတ်အပိုင်းတို့ကို၎င်းတို့၏အဆင်းသဏ္ဍာန် တည်ရာအရပ်စသည်
အားဖြင့်စိတ်၌အတော်အသင့်ကွက်ကွက်ကွင်းကွင်းထင်မြင်လာသည့်တိုင်အောင်အသွားအပြန်နှုတ်ဖြင့်၎င်း
။စိတ်ဖြင့်၎င်း။ထပ်ကာထပ်ကာရွှတ်ဆိုပွားများနှလုံးသွင်းရန်လိုအပ်ပေသည်။။ထိုကဲ့သို့ထင်မြင်လာပြီးဤစာ
အုပ်တွင်ပြထားသောရှုပွားနည်းများကိုလေ့လာအားထုတ်ရန်ဖြစ်ပေသည်။။
ထိုသို့သရဇ္ဈာယ်ခြင်းအားဖြင့်စီးဖြန်းရှုပွားသော် ကမ္မဋ္ဌာန်း၏ကောဋ္ဌာသနိမိတ်တို့သည် ပိုသည်ထက်
ပိုပြီး ထင်လွယ်မြင်လွယ်ခြင်းအဖြင်သို့ရောက်ရှိလာ၏။။ ရွံရှာဖွယ်ဖြစ်သည့်ပျက်စီးတတ်သောခန္ဓာကိုယ်၏
သဘောကိုလည်း ပိုမိုပွားများရှုမြင်ခြင်းအဖြစ်သို့ရောက်ရှိလာ၏ ။စိတ်ကိုလည်းဟိုဟိုဒီဒီလွင့်ခြင်းမှတားမြစ်
ပြီးလျှင်ကောဋ္ဌာသတို့ကိုပိုမိုထင်မြင်လာစေတော့၏။။
သမာဓိကိုလျှင်မြန်စွာရရှိနိုင်ခြင်းအလို့ငှါမြတ်စွာဘုရားသည်ကာယာနုပဿနာ သတိပဋ္ဌာန်ကို မူလအ
ခြေခံကမ္မဋ္ဌာန်းအဖြစ်ဖြင့်အဓိကထား၍သွန်သင်ဟောကြားတော်မူလေသည်။။ ထိုကမ္မဋ္ဌာန်း၏ အနက်
အဓိပ္ပါယ်မှာကောဋ္ဌာသအပိုင်းအစိတ်ကို မပြတ်မလပ်ရှုပွားဆင်ခြင်ခြင်းဟူ၍မှတ်ယူရန်ဖြစ်သည်။။ထိုကော
ဋ္ဌာသ အပိုင်းအစိတ်တို့ကိုလည်း ပွားများအားထုတ်ရန်အလို့ငှါ ကမ္မဋ္ဌာန်းအာရုံများဟူ၍အမှတ်ပြုရန်ဖြစ်သည်။။
ံ
ဝေဒနာနုပဿနာ။စိတ္တာနုပဿနာ။ဓမ္မာနုပဿနာ။တည်းဟူသော အခြားသုံးပါးသောသတိပဋ္ဌာန်တရားတို့ကို
သီးခြားပွားများအားထုတ်ရန်အတွက်မလိုပေ။။ ထိုသုံးပါးသောသတိပဋ္ဌာန်တရားတို့သည်ဆက်ကာဆက်ကာ
အတူတကွယှဉ်တွဲ၍ အကျုံးဝင်ကာဖြစ်ပေါ်လာကြသည်။ တခုကိုရှုမှတ်ပွားများနေသောယောဂီသည်အခြား
နုပဿနာများကိုလည်း ဆက်လက် ရှုမှတ်ပွားများခြင်း ဖြစ်ပေါ်လာသည် ။။ အကြောင်းမူကား ထိုကာယနုပဿ
နာ သတိပဋ္ဌာန်ကိုရှုပွားခြင်းသည် ထိုဆိုခဲ့သည့် အခြားသုံးပါးသော သတိပဋ္ဌာန်တို့ကိုလည်း ဆက်လက်ရှုပွား
အားထုတ်ရန်ဖြစ်စေသော မူလအခြေခံကမ္မဋ္ဌာန်းကြီးဖြစ်လေသည်။။
ကိုယ်ကာယ၏ ကောဋ္ဌာသများကိုနှုတ်ဖြင့် ဆံပင်မှကျင်ငယ်အထိရွတ်ဆိုပွားများစဉ်အခါ၌ပင်စိတ်အာရုံဖြင့်
လည်းဥာဏ်ပေါ်နေအောင်နှလုံးသွင်း၍ ရှုပွားခြင်းကိုပြုရပေသည်။။ ထို့ကြောင့်စိတ်ဖြင့်နှလုံးသွင်းရန်ရရှိဘိုအာနိ
သင်အတွက် နှုတ်ဖြင့်ရွတ်ဆိုပွားများခြင်းသည်။။ လိုရင်းပဓာနအချက်ဖြစ်ပေသည်။။ နှုတ်ဖြင့်ရွတ်ဆိုပွားများသ
ရဇ္ဈာယ်ခြင်းသည်စိတ်ဖြင့်ရှုပွားရခြင်း၏အကြောင်းရင်းဖြစ်၏။။ စိတ်ဖြင့်ရှုပွားရခြင်းသည်ကောဋ္ဌာသများ၏ မတင့်
တယ်သော အသုဘလက္ခဏာသဘောကို ထိုးထွင်း၍သိခြင်း၏ အကြောင်းရင်းဖြစ်၏ ဟူသော ဒေသနာ
စကားရပ်များနှင့်လည်းညီညွတ်ခြင်းဖြစ်ပေသည်။။
လေးပါးသောသတိပဋ္ဌာန်တရားတော်တွင် သက်ဆိုင်ရာကမ္မဋ္ဌာန်းများအနက် ဆံပင်မှကျင်ငယ်အထိ ကိုယ်
ကာယ၏အဓိကအစိတ်အပိုင်းဖြစ်သော ကောဋ္ဌာသအပေါင်းအစုတို့ကို ဆင်ခြင်နှလုံးသွင်းရသော ကာယဂတာ
သတိပဋ္ဌာန်သည်ထူးကဲမွန်မြတ်သော ကမ္မဋ္ဌာန်းဖြစ်သည်ဟူ၍အမှတ်ပြုရန်အရေးကြီးလေသည်။။ သုတ္တန်ဒေသ
နာတော်နှင့်အင်္ဂုတ္တိုရ်နိကာယ်များအရ မြတ်စွာဘုရားရှင်သည်၊၊ ထိုကမ္မဋ္ဌာန်းကိုမဂ္ဂင်ရှစ်ပါးအကျင့်၌လိုအပ်ဆုံး
သော ကျင့်စဉ်လုပ်ငန်းတခုအနေဖြင့်ဟောဖော်ညွှန်ပြတော်မူ၍ တပည့်သာဝကများဖြစ်ကြသော ရဟန်းပုဂ္ဂိုလ်
လူပုဂ္ဂိုလ်အားလုံးကိုခြင်းချက်မထားဘဲ ထိုကမ္မဋ္ဌာန်းကိုသင်အံလေ့လာပွားများအားထုတ်ကြရန်တိုက်တွန်း
တော်မူလေသည်။။
ကာယဂတာသတိကမ္မဋ္ဌာန်းသည်အခြားတပါးသောကမ္မဋ္ဌာန်းများကဲ့သို့ဘုရားမပွင့်သောသာသနာပအခါ
ကာလများ၌ဖြစ်ပေါ်ထင်ရှားခြင်းမရှိပေ။ဘုရားပွင့်တော်မူသောအခါကာလ သာသနာတော်အတွင်း၌သာ ထိန်
လင်းပျံ့နှံဖြစ်ပေါ်သော ကမ္မဋ္ဌာန်းဖြစ်လေသည်။။
ထိုကာယဂတာသတိ ကမ္မဋ္ဌာန်းသည် ကာယာနုပဿနာ သတိပဋ္ဌာန်၏အားလုံးသောပုဗ္ဗအပိုင်းတို့၌မူလ
အခြေခံကမ္မဋ္ဌာန်းဖြစ်ခြင်းကြောင့်တကြောင်း။ ထိုကမ္မဋ္ဌာန်းတမျိုးတည်းကို ပွားများအားထုတ်ခြင်းဖြင့်ပင် အရိ
ယာအဖြစ်သို့ ဧကန်မုချရရှိနိုင်ခြင်းကြောင့်တကြောင်း။ မြတ်စွာဘုရားသည် ထိုကာယဂတာသတိပဋ္ဌာန်ကို
(ဧကောဓမ္မော)တခုတည်းသောတရားဟူ၍ မြွက်ဟဟောကြားတော်မူလေသည်။။ ထိုကမ္မဋ္ဌာန်းကိုလည်း
ဘုရား၏ သာဝကဖြစ်ကြသောလူပုဂ္ဂိုလ်ရဟန်းပုဂ္ဂိုလ်များအားလုံးတို့ပွားများအားထုတ်ရမည့်ကမ္မဋ္ဌာန်းဟူ၍
ပြဋ္ဌာန်းတော်မူလေသည်။။
ထိုသို့သော သုတ္တန်ပါဠိတော်၌ ဘုရားရှင်မိန့်တော်မူသည်မှာ။ရဟန်းတို့ တခုတည်းသောတရားကို ပွားစေ
အပ်သည်ရှိသော်။ ကြီးမားစွာသောထိတ်လန့်မှုဖြစ်ခြင်းငှာ။ ကြီးမားစွာသောသံဝေဂကိုရရှိခြင်းငှာ။ ကြီးမားစွာ
သောအစီးအပွားအလိုငှာဖြစ်၏။။ သံယောဇဉ်အနှောင်အဖွဲ့မှ များစွာလွတ်ငြိမ်းပြတ်စဲစေရန်အလို့ငှာ။ ကြီးမား
စွာသောသတိသံမ္ပဇဉ်ကို ရရှိခြင်းအကျိုးငှာဖြစ်၏။။ ဝိပဿနာဥာဏ်ကိုရရှိခြင်းငှာ မျက်မှောက်သောကိုယ်၏
အဖြစ်၌ ချမ်းသာစွာနေရခြင်းငှာ။ မဂ်ဖိုလ်နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းငှာဖြစ်၏။။ ထိုတခုတည်းသောတရားဟူ
သည်အဘယ်နည်း။ ထိုကာယဂတာသတိကမ္မဋ္ဌာန်းပင်တည်း။။ အကြင်သူတို့သည်။ထိုကာယဂတာသတိကမ္မ
ဋ္ဌာန်းကိုပွားများသောအားဖြင့်သုံးဆောင်ကုန်၏။။ ထိုသူတို့သည်သေခြင်းကင်းသောအမြိုက်နိဗ္ဗာန်၏အရသာ
ကိုသုံးဆောင်ရကုန်၏။။ ရဟန်းတို့အကြင်သူတို့သည်ထိုကာယဂတာသတိကမ္မဋ္ဌာန်းကိုပွားများသောအားဖြင့်
မသုံးဆောင်ကုန်။ ထိုသူတို့သည်သေခြင်းကင်းသော အမြိုက်နိဗ္ဗာန်၏အရသာကိုပွားများသောအားဖြင့်မသုံး
ဆောင်ကြရကုန်။အကြင်သူတို့သည် ထိုကာယဂတာသတိကမ္မဋ္ဌာန်းကိုပွားစီးခြင်း၌ ပြည့်စုံစေအပ်၏။။ ထိုသူ
တို့သည်သေခြင်းကင်းသော အမြိုက်နိဗ္ဗာန်၏အရသာကို သုံးဆောင်အပ်ကုန်ပြီ။ မယုတ်ညံ့။ မချွတ်ယွင်း။
မချွတ်ချော်ကြကုန်။။ အကြင်သူတို့သည်ကာယဂတာသတိကမ္မဋ္ဌာန်းကိုမပွားစီးကြကုန်။ ထိုသူတို့သည်သေခြင်း
ကင်းသောအမြိုက်နိဗ္ဗာန်၏အရသာကို မသုံးဆောင်အပ်ပြီ။ ယုတ်ညံ့လေပြီ။ ချွတ်ချော်ကြလေကုန်ပြီ။။
ထို့ကြောင့်ကာယ၏ အစိတ်အပိုင်းဖြစ်သော ကောဋ္ဌာသတို့ကိုအစဉ်အတိုင်း အသွားနည်း အပြန်နည်းအား
ဖြင့် ရက်စဉ်အတိုင်းပွားများသွားပါက ၁၆၅ -ရက်ပြည့်လျှင် ပွားစဉ်တကြိမ် ပြီးစီးသွားလေသည်။။ ဤသို့အား
ဖြင့် ထာဝစဉ်အမြဲ ပွားများအားထုတ်သွားရန်ဖြစ်လေသည်။။ ဥပမာ ဆံပင်။ မွေးညှင်း။ ခြေသည်း။ လက်သည်း။
သွား။အရေ။ဖြစ်သည့် တစပဉ္စက ကမ္မဋ္ဌာန်းကို ရှုပွားခြင်းအားဖြင့်ပင်မဂ်ဖိုလ်နိဗ္ဗာန် ရရောက်ကြကုန်သော
ပုဂ္ဂိုလ်များသည်အလွန်များပြားလှသဖြင့် ဂဏန်းနှင့်ပင်ရေတွက်ခြင်းငှာ မစွမ်းနိုင်။ ထိုသို့သရဇ္ဈာယ်ရှုပွားခြင်း
အားဖြင့် ပွားစီးသောကမ္မဋ္ဌာန်း၏ ကောဋ္ဌာသနိမိတတို့သည်ပိုသည်ထက်ပို၍ ထင်လွယ်မြင်လွယ်ခြင်းအဖြစ်သို့
ရောက်ရှိလာသော်စိတ်ကိုလည်း ထိုမှဤမှပြန့်လွင့်ခြင်းကို တားမြစ်နိုင်ပြီးလျှင်။ကောဋ္ဌာသတို့လည်းပိုမို၍
ဥာဏ်၌ထင်မြင်လာတော့၏။
ထိုပြင် မဟာသတိပဋ္ဌာနံပန ဝိပဿနုတ္တရံနာမကထိကံ ကာယဂတာသတိသုတ္တံ သမထုတ္တရံ(မဇ္ဈိမပဏ္ဏာ
သ။အဋ္ဌကထာ၃။၁၀)ဟူ၍ အဋ္ဌကထာဆရာမြတ် မိန့်ဆိုသည့်အတိုင်း မဟာသတိပဌာန်တရားကို ဝိပဿနာ
ကျင့်စဉ်တွင် အမြင်မြတ်ဆုံး ဖြစ်သည်ဟူ၍၎င်း။ ကာယဂတာသတိသုတ္တံကိုလည်း သမထကျင့်စဉ်တွင် အမြင့်
မြတ်ဆုံးဖြစ်သည်ဟူ၍၎င်း။ ဟောကြားတော်မူသည်။။သို့ဖြစ်ပါ၍ သွား။ရပ်။ထိုင်။လျောင်းက္ကရိယာပုတ်လေးပါး
နှင့်နေသည့်အခါကျွှန်ုပ်တို့သည် သတိတရားလက်ကိုင်ထား၍ သံသရာမှလွတ်မြောက်ရာကျင့်စဉ်ဖြစ်သော ကာ
ယဂတာ သတိပဋ္ဌာန်တရားကိုမြတ်စွာဘုရား၏နောက်ဆုံးတရားတော်နှင့်လျော်ညီစွာကျိုးစားအားထုတ်ပွား
များကြပါစို့။။

ရဟန်းတို့သင်တို့အားယ္ခုငါဘုရားမိန့်မှာတော်မူခဲ့အဲ့။ ပြုပြင်အပ်သောသင်္ခါရတရားတို့သည် ပျက်စီးခြင်းသဘောရှိကုန်၏။။မမေ့မလျော့အပ်သောသတိတရားဖြင့်ပြည့်စုံစွာနေကြကုန်လော့။(ကိစ္စပြီးစီးအောင်အားထုတ်ကြကုန်လော့)ဟုသတိတရားကိုလက်ကိုင်ထားရန်မြတ်စွာဘုရားက နောက်ဆုံးမိန့်
ဖေါ်မှာကြားတော်မူခဲ့၏။။

2009년 2월 1일 일요일

သင်္ဂဟ ဝတ္ထုလေးပါး


ပေးကမ်းရက်ရော၊ အပြောချိုသာ
သူ့ကျိုးဆောင်ရွက်၊ မပျက်စေရာ

တန်းတူကိုယ်နှင့်၊ အသင့်ထားပါ၊

စည်းလုံးမှု၊ လေးခုသင်္ဂဟာ။

ဒါနကထာ ဒေသနာ

ချမ်းသာအပေါင်း၊ ရကြောင်းမှန်စွာ ၊

စည်းစိမ်းဘောဂ၊ မြစ်မတည်ရာ။

အောက်တန်းမကျ၊ ကယ်မသူမှာ

မြတ်ဒါန၊ စိတ်ချကိုးကွယ်ရာ။

သီလကထာ ဒေသနာ

သီလရနံ့၊ မွှေးပျံ့ကြိုင်စွာ၊

သီလဆင်သိုင်း၊ ရှုတိုင်းလှပါ။

သီလစောင့်ငြား၊ မလားပါယ်ရွာ၊

မြတ်သီလ၊ စိတ်ချကိုးကွယ်ရာ။...