စိတ်ကောင်းရှိဖို့က ပထမပါ။
တရားတော်တွေကို စဉ်းစားနေရတာ စိတ်ချမ်းသာတယ်။
လောကကြီးအကြောင်း တွေးနေရတာ သံဝေဂဖြစ်တယ်။
ကိုယ့်စိတ်ကို ချမ်းသာအောင် မထားတတ်သေးဘူးဆိုရင်
မိမိမှာ ဘာပညာမှမတတ်သေးဘူးလို့မှတ်ပါ။
(မဟာဂန္ဓာရုံဆရာတော်- အရှင်ဇနကာဘိဝံသ)
ဆရာလေးနှင့် သုကုမာရ
လယ်တီဆရာတော်ဘုရားကြီး၏ သုကုမာရဘာသာကို ဆရာလေးသီလရှင် ဝတ်တဲ့နှစ်မှာ
စပြီးသင်ခဲ့ရပါတယ်၊သီလရှင်ဝတ်စတုန်းကတော့ မပျှော်ရင် ၁နှစ်တော့ဝတ်မယ်၊
ပျှော်ရင်တော့ ၃ နှစ်ဆိုပြီးတော့ပေါ့၊ သီလရှင်ဝတ်မယ်ပြောတော့ အားလုံးကသဘော
မတူပါဘူး၊ အတိတ်ကရေစက်ကြောင့်လားတော့အသိဘူး၊ အခုသီလရှင်ဝါ- ၁၃-ဝါရှိသွား
ပါပြီ၊ သုကုမာရဘာသာက မူလတန်းတုန်းကသင်ခဲ့ရတာပါ၊ အရမ်းစိတ်ဝင်စားတယ်၊
ဘာကြောင့်လည်းဆိုတော့ ကဗျာလေးတွေလိုကျက်ပြီး မှတ်ရလို့ပါ၊ စာပြန်တော့မယ်ဆို
အလုအယက်ဘဲ ၊ဘယ်လောက်စိတ်ဝင်စားသလဲဆိုတော့ ၊ သီလရှင်ဘဝလေးမြဲသွား
တာလဲ သုကုမာကြောင့်လို့ဘဲဆိုချင်ပါတယ်၊ အားလုံးလည်းသုကုမာရကို ဖတ်ဖြစ်အောင်
ဖတ်စေချင်ပါတယ်။
2008년 11월 30일 일요일
စိတ်စွမ်းအင်
လောကတွင် ရိုးစားသောစိတ်၊ ဖြောင့်မတ်သောစိတ်၊ တည်ငြိမ်သောစိတ်ကို
အဓိကပန်းတိုင်ထားရမည်၊ ထိုစိတ်ကို ပုံမှန်ထား၍ ကံ၊ ဥာဏ်၊ဝီရိယ စွမ်းအင်ကို
အခြေအနေအလျောက် အရင်းတည်ပြီး မနေမနား ကျိုးစားလေ့ရှိသူများသည်
ထန်းပင်၊ ပေပင်ကြီးများကဲ့သို့ အစဉ်တိုးတက်နေကြသည်။
မရိုးသားသူများအပါ် ကျော်တက်သွားမြဲဖြစ်သည်။
ရိုးသားဖြောင့်မတ်သူများသည် မရိုးသားသူများကို နောက်ချန်ထားခဲ့ကြမြဲဖြစ်သည်။
(တောင်တန်းသာသနာပြုဆရာတော်-ဦးဥတ္တမသာရ)
အဓိကပန်းတိုင်ထားရမည်၊ ထိုစိတ်ကို ပုံမှန်ထား၍ ကံ၊ ဥာဏ်၊ဝီရိယ စွမ်းအင်ကို
အခြေအနေအလျောက် အရင်းတည်ပြီး မနေမနား ကျိုးစားလေ့ရှိသူများသည်
ထန်းပင်၊ ပေပင်ကြီးများကဲ့သို့ အစဉ်တိုးတက်နေကြသည်။
မရိုးသားသူများအပါ် ကျော်တက်သွားမြဲဖြစ်သည်။
ရိုးသားဖြောင့်မတ်သူများသည် မရိုးသားသူများကို နောက်ချန်ထားခဲ့ကြမြဲဖြစ်သည်။
(တောင်တန်းသာသနာပြုဆရာတော်-ဦးဥတ္တမသာရ)
စိတ်သန့်ရှင်းပါစေ
ခန္ဓာကိုယ်ကြီး ဘယ်လောက်နာနာ စိတ်ကိုတော့ မနာကြစေနဲ့။
စိတ်ကို မထိခိုက် မနစ်နာအောင် ကျိုးစားရပါမယ်။
ခန္ဓာကိုယ်က မစင်ကြယ်သေးတဲ့ အရာတွေ ထားလိုက်ပါအုန်း၊
စိတ်၌ဖြစ်တဲ့ အညစ်အကြေးတွေကိုတော့ အရင်ဆေးကြောပါ။
စိတ်ဟာ ကိလေသာ အညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်နေပြီဆိုရင်
ခန္ဓာကိုယ်ကြီး ပုတ်နေသော်လည်း အဲဒီစိတ်စင်ကြယ်နေတဲ့ ပုဂ္ဂိုလ်ဟာ
ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်ပါ။
ခန္ဓာကိုယ်၌ ရောဂါဖြစ်နေရင် အဲဒီရောဂါကို အသာထားပြီး
စိတ်၌ဖြစ်တဲ့ရောဂါကို အရင်ကုသဆုံးမပါ။
စိတ်ကို မထိခိုက် မနစ်နာအောင် ကျိုးစားရပါမယ်။
ခန္ဓာကိုယ်က မစင်ကြယ်သေးတဲ့ အရာတွေ ထားလိုက်ပါအုန်း၊
စိတ်၌ဖြစ်တဲ့ အညစ်အကြေးတွေကိုတော့ အရင်ဆေးကြောပါ။
စိတ်ဟာ ကိလေသာ အညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်နေပြီဆိုရင်
ခန္ဓာကိုယ်ကြီး ပုတ်နေသော်လည်း အဲဒီစိတ်စင်ကြယ်နေတဲ့ ပုဂ္ဂိုလ်ဟာ
ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်ပါ။
ခန္ဓာကိုယ်၌ ရောဂါဖြစ်နေရင် အဲဒီရောဂါကို အသာထားပြီး
စိတ်၌ဖြစ်တဲ့ရောဂါကို အရင်ကုသဆုံးမပါ။
2008년 10월 17일 금요일
ပျိုးခင်းနှင့် ပိုးတစ်သင်း

ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ၊ ဘာပင်ပျိုးပျိုး
ဘာမျိုးစိုက်စိုက်၊ ဖျက်ပိုးကိုက်မည်။
ဖျက်မည်စိုးထိတ်၊ ပိုးရိပ်မသန်း
ပိုးမလွှမ်းအောင်၊ ကြံဆောင်သိမ်းထုပ်
လုံအောင်လုပ်မလား?
သို့တည်းမဟုတ်၊ မျိုးပြုတ်အောင်ဝါး
ပိုးကပ်စားကို၊ ထောင်လွှားမထ
ချွှတ်ခြုံကျအောင်၊ နှိမ်ကြနင်းကြ
တိုက်ဖျက်ကြမလား?
ပဲပြောင်းနှမ်းပင်၊ ပိုးမဝင်အောင်
အပင်ပေါင်းစု၊ လုံအောင်ပြုသော်
လေထုမရ၊ နေခြည်မရဖြင့်
ခွေလျှနွမ်းနယ်၊ သေဖို့လွယ်လိမ့်
သာသနာ့ပျိုးခင်း၊ ရွှေရည်ဝင်းတွင်
ပိုးသင်းတစ်သိုက်၊ အငိုက်စောင့်စား
ကျွှတ်ကျွှတ်ဝါးလိမ့်၊ အမှားမခံ
နားမလျှံနှင့်၊ အားမာန်အပြည့်
စားခံမထိရေး၊ ဘာသာသွေးဖြင့်
တလေးတစား၊ စောင့်ရှောက်သွားမှ
ပိုးမွှားကင်းစွာ၊ သာသနာသည်
ရောင်ဝါလင်းသထက် လင်းပေမည်။
ထား သတိကြီး

မမြင်အပ်တာ မမြင်အပ်ပေဖို့
မြင်အပ်တာ မမြင်တတ်ကြလို့
အသွင်တရပ်
ပညတ်တွေက အထွေထွေ
တရားမကြိုက် သူတို့က
အမှားစရိုက်တွေနဲ့
ငါးနှိုက်ရာ မြွေကိုစမ်းသည့်နယ်
ဖမ်းတဲ့ပုံပေ။
အမှားအဆိပ် တက်ပြန်တော့
စိတ်ထဲမှာ တဝေဝေ
မပြေနိုင် ဒီအမှားကြီး
အမှန်တရာနဲ့
အမှန်ဘုရားကို အထင်မမှားလေနဲ့
သတ္တဝါတွေကို ရင်ဝယ်သားလိုပါ့
ကယ်ဆယ်တာ မရေနိုင်အောင် များခဲ့ပေါ့
အပါယ်ကို အလွယ်နဲ့ မသွားရလေအောင်
ထား သတိကြီး။
ဒီစာကို Select ပေးပြီးရေးပါ...
Type the rest of your post here.
ဒီစာကို Select ပေးပြီးရေးပါ...
Type the rest of your post here.
2008년 10월 13일 월요일
မမြဲခြင်းဟာ ဒုက္ခပါဘဲ

မမြဲတဲ့ အရာမှန်သမျှ
ဒုက္ခချည်းသာဖြစ်ပါတယ်။
ဒီကဗ္ဘာလောကကြီးမှာ
မြဲပါတယ်ဆိုတဲ့ အရာတခုခုကို
ရှာလို့တွေ့နိုင်ပါသလား?
ဖြစ်ရုံမျှသာဖြစ်ပြီးတော့
မပျောက်ပျက်တော့ဘူးဆိုတဲ့
အရာတစ်ခုခုကို
ရှာလို့တွေ့နိုင်ပါသလား?
အမြဲထာဝရ တည်တံ့တဲ့အရာဆိုတာ
ဘာမှမ၇ှိပါဘူး။
အရာခပ်သိမ်းဟာ
ချုပ်ခြင်း၊ ပျောက်ခြင်း၊ ပျက်ခြင်း
ရှိတာချည်းပါဘဲ။
အကြောင်းကတော့ ရှင်းရှင်းလေးပါ
အစဆိုတာရှိနေတယ်မဟုတ်လား?
အစရှိနေသမျှ ၊ အဆုံးဆိုတာ
ရှိနေပါတယ်
ဒါဟာ သဘာဝရဲ့
နိယာမ ဥပဒေသပါဘဲ
ဒီနိယာမကလဲ ဘယ်သူမှ
မလွှတ်မြောက်နိုင်ကြပါဘူး
ဒို့တတွေ အားလုံးဟာ
လူသားတွေအနေနဲ့
မွေးဖွားလာကြတယ်
လူသားတွေအနေနဲ့
ဘဝကိုစတင်ခဲ့ကြတယ်
အမြဲထာဝရ အသက်ရှင်နေမှာတော့
မဟုတ်ပါဘူး
ဘဝအစဆိုတာ ရလာရင်
ဘဝအဆုံးဆိုတာ ရှိနေပါတယ်
အစနဲ့အဆုံးရှိနေတဲ့
တစ်စုံတစ်ခုခုဟာ တည်မြဲမယ်လို့
ပြောလို့မရပါဘူး
ဒါဟာ အနိစ္စပါဘဲ
ဘုရားရှင် မိန့်တော်မှုတာကတော့
မတည်မြဲခြင်း အနိစ္စမှန်သမျှ
ဆင်းရဲခြင်း ဒုက္ခချည်းပါဘဲ
ဒီမတည်မြဲတဲ့ အရာမှန်သမျှကို
ဖြစ်ခြင်း၊ ပျက်ခြင်း၊ ချုပ်ပျောက်ခြင်းတို့က
ဖိနှိပ်လွှမ်းမိုးနေပါတယ်
နှိပ်စက်ချုပ်ကိုင်နေပါတယ်
အားလုံးသော ဓမ္မမိတ်ဆွေ
အပေါင်း မမြဲခြင်း
ဤဒုက္ခအပေါင်းမှ ကင်းဝေးသော
နိဗ္ဗန်ချမ်းသာမြတ်ကို
ပိုင်ဆိုင်နိုင်သူများ
ဖြစ်နိုင်ကြပါစေ။
피드 구독하기:
글 (Atom)





