- ဘုရားအလောင်းတော်တို့ နောက်ဆုံးဘဝ ပဋိသန္ဓေ တည်နေတော်မှုသော အခါတို့၌
ဖြစ်ပေါ်လာမြဲ ဓမ္မနိယာမ=ဓမ္မတာဖြစ်ကုန်သော အလွန်ထူးခြား ကြီးမားဆန်းကြယ်သော
အံ့သြဖွယ်ကောင်းလှသည့် ပညာရှိတို့အဖို့ ဘုရားအလောင်းတော် ပဋိသန္ဓေတည်နေပြီဟု
ကြိုတင်၍ သိနိုင်ကြောင်း ပုဗ္ဗနိမိတ်ကြီး(၃၂)မျိုးတို့သည် ထင်ရှားဖြစ်ပေါ်လာကြကုန်၏၊
ထိုပုဗ္ဗနိမိတ်ကြီး (၃၂)ပါးတို့ကို ဇာတ်အဋ္ဌကထာ နိဒါန်း၌လာရှိသောအတိုင်း ဖော်ပြရေးသား
အပ်ပါသည်။ ဘုရားအလောင်းတော်တို့ ပဋိသန္ဓေတည်နေသောအခါ
(၁) တစ်သောင်းသော စင်္ကြာဝဠာတိုက်တို့၌ မနှိုင်ယှဉ်နိုင်သော အလင်းရောင်ကြီး ပျံ့နှံ့၏။ - (၂) ဘုရားအလောင်းတော်၏ ဘုန်းအသရေတော်ကို ရှုမျှော်ဖူးမြင်လိုကြသည့် ပမာ မျက်စိ
နှစ်ကွင်း အလင်းမရနေခဲ့ကြရသော သူတို့သည် ထိုခဏ၌ မြင်ကြကုန်၏။ - (၃) နားပင်းကုန်သော သူတို့သည်လည်း နားအပင်းပျောက်ကာ အသံကို ကြားကြကုန်၏။
- (၄) အ-သဖြင့် စကားမပြောနိုင်သော သူတို့သည်လည်း ထိုခဏ၌ အ-အပျောက်ကာ စကား
ပြောလာကြကုန်၏။ - (၅) ကုန်း-ကွ-ကောက်-ခွင်သော ကိုယ်ရှိသောသူတို့လည်း ထိုခဏ၌ ဖြောင့်မတ်သောကိုယ်ရှိကြ
ကုန်၏။ - (၆) ခြေဆွံ့သောသူ(မသွားနိုင်သူ)တို့လည်း ထိုခဏ၌ အဆွံ့ပျောက်ကာ ခြေဖြင့် ကောင်းစွာ
သွားလာနိုင်ကြကုန်၏။ - (၇) နှောင်အိမ် အနှောင်အဖွဲ့(ထူး-ထိတ်-သံ ခြေကျဉ်းစသည်)၌ နှောင်ဖွဲ့ခြင်းကို ခံလျက်နေကြ
ရသော သူတို့သည်လည်း ထိုခဏ၌ ထိုနှောင်အိမ် အနှောင်အဖွဲ့ အမျိုးမျိုးတို့မှ ကျွှတ်လွတ်
ကြကုန်၏။ - (၈) အလုံးစုံသော ငရဲဘုံတို့၌ ငရဲမီး ငြိမ်အေးကုန်၏။
- (၉) ပြိတ္တာဘုံ(ပြိတ္တာလောက) ၌ ဆာလောင်ခြင်း ရေသိပ်(ရေငတ်)ခြင်း ကင်းစဲငြိမ်းအေး၏။
- (၁၀) တိရိစ္ဆာန်တို့အား ဘေးရန် တစ်စုံတရာမျှမရှိ၊(ဘေးခပ်သိမ်းမှ လွတ်ငြိမ်းကြရကုန်၏။
- (၁၁) ရောဂါရှိသော သတ္တဝါခပ်သိမ်းတို့ ထိုရောဂါဟူသမျှတို့မှ လွတ်ငြိမ်းပျောက်ကင်းကြကုန်၏။
- (၁၂) သတ္တဝါခပ်သိမ်းတို့သည် တစ်ဦးကိုတစ်ဦး ကြည်နှုးချစ်ခင်ဖွယ်ရာ စကားကိုသာပြောဆိုကြ
ကုန်၏။ - (၁၃) မြင်းတို့သည် ချိုးမြိန်သာယာစွာသော အခြင်းအရာဖြင့် ရွှင်လန်းမြူးတူးစွာ ဟီးကြကုန်၏။
- (၁၄) ဆင်တို့သည် ချိုးမြိန်သာယာစွာသော အခြင်းအရာဖြင့် ရွှင်လန်းမြူးတူးစွာ မြည်ကြကုန်၏
- (၁၅) စည်း စောင်းညှင်းစသော တူရိယာမျိုး ခပ်သိမ်းတို့သည် မတီးမမှုတ်အပ်ပါဘဲလျှက် မိမိတို့
အလိုလို မိမိတို့မြည်ကြသော အသံကို ရင့်သီးကျူးမြည်ကြကုန်၏။ - (၁၆) လူတို့၏ လက်ကောက်-ခြေကျဉ်း-အစရှိသော အဆင်တန်ဆာတို့သည် တစ်ခုနှင့်တစ်ခု
မထိမခိုက်မိကြပဲလျှက် အလိုအလျှောက် အသံမြည်ကုန်၏။ - (၁၇) အလုံးစုံသော အရပ်မျက်နှာ လဟာခပင်း ရှုမြင်ကွင်းတို့သည်သန့်ရှင်းကြည်လင်ကြကုန်၏
- (၁၈) သတ္တဝါတို့အား အေးမြချမ်းသာခြင်းကို ဖြစ်စေလျှက် နှုးညံ့သိမ်မွေ့သော လေပြည်
လေညှင်းတို့သည် ဖြည်းညှင်းသာယာ တိုက်ခတ်လာကုန်၏။ - (၁၉) အခါမဲ့ မိုးကြီးရွာသွန်းလာ၏။(မိုးရွာချိန်မဟုတ်ဘဲ အုတ်အုတ်သဲသဲ လွန်ကဲသည်းထန်စွာ
မိုးကြီး ရွာသွန်းလာ၏။ - (၂၀) မဟာပထဝီ ဤမြေကြီးမှလည်း ရေသည်အလိုလို စိမ့်ထွက်ကာထိုထိုဤဤ စီးသွားလေ၏
- (၂၁) ငှက်အများ ကောင်းကင်၌ ပျံသန်းခြင်းကိုမပြုကြ။(ထိုခဏ၌ ကောင်းကင်၌ ပျံသွားခြင်းမရှိ)
- (၂၂) တသုန်သုန် တသွင်သွင် အစဉ်မပြတ် စီးသွား စုန်ဆင်းမြဲဖြစ်သော မြစ်ရေအယဉ်တို့သည်
အရှင်ကငေါက်၍ ကြောက်ရွံ့ရပ်နားသည့် ကျွှန်အလား စီးသွားစုန်ဆင်းခြင်းမရှိဘဲ ပကတိ
ရပ်တန့်ငြိမ်သက်၍ နေကုန်၏။ - (၂၃) မဟာသမုဒ္ဒရာ၌ ပကတိက ငန်သည့်အရသာ ရှိသောရေသည် ထိုခဏ၌ ချိုမြိန်၍
လာပေ၏။ - (၂၄) အလုံးစုံသော အရပ်မျက်နှာတို့၌ အဆင်းသုံးဖြာ ကြာငါးမျိုးငါးပါးတို့ ဖြန့်လွှားဖုံးလွှမ်းလျက်
ရှိကုန်၏။(ရေကန်ရေအိုင်တိုင်း ကြာမျိုးငါးပါးဖြင့် ဖုံးလွှမ်းအပ်သော ရေမျက်နှာပြင်ရှိ၏။ - (၂၅) အလုံးစုံသော ကြည်းပန်း(ကုန်းပန်း) ရေပန်းတို့သည် ထိုခဏ၌ တပြိုင်နက်ပွင့်ကြကုန်၏။
- (၂၆) သစ်ပင်တို့၏ ပင်လုံးပင်စည်တို့၌ ခန္ဓပဒုမခေါ် ပင်စည်ပန်းတို့ အဆန်းတကြယ် ပွင့်ကြ
ကုန်၏။ - (၂၇) သစ်ပင်တို့၏ အခက်တို့၌ သာခါပဒုမ-မည်သော အခက်ပန်းတို့ အဆန်းတကြယ်
ပွင့်ကြကုန်၏။ - (၂၈) သစ်ပင်တို့၏ အနွယ်တို့၌ လတာပဒုမ-မည်သော အနွယ်ပန်းတို့ အဆန်းတကြယ်
ပွင့်ကြကုန်၏။ - (၂၉) ဒဏ္ဍပဒုမ-မည်သော အရိုးတံ ပန်းတို့သည်လည်း ကုန်းမြေတခွင် ကျောက်ဖြာအပြင်တို့ကို
ဖောက်ထွင်းကာ ခုနစ်ဆင့်ဖြစ်၍ ပွင့်ထါန်းပေါ်ထွက် လာကုန်၏။ - (၃၀) ကောင်းကင်၌ ပဒုမာ ကြာပန်းတို့သည် အောက်သို့တူရှု မျက်နှာမှုလျက် တွဲရရွဲ
ဆွဲကြကုန်၏။ - (၃၁) အရပ်ထက်ဝန်းကျင်မှ ပန်းမိုးတို့ တဖြိုးဖြိုး ရွာသွန်းကုန်၏။
- (၃၂) ကောင်းကင်၌ နတ်ဖြစ် တူရိယာ တို့လည်း မတီးမမှုတ်ရပဲ အလိုအလျောက် အသံမြည်
ကြကုန်၏။
ဆရာတော်များ၏ဂုဏ်ကျေးဇူးများအားခြေတော်ဦးခိုက် ရှိခိုးကန်တော့ပါ၏ဘုရား
ဆရာလေးနှင့် သုကုမာရ
လယ်တီဆရာတော်ဘုရားကြီး၏ သုကုမာရဘာသာကို ဆရာလေးသီလရှင် ဝတ်တဲ့နှစ်မှာ
စပြီးသင်ခဲ့ရပါတယ်၊သီလရှင်ဝတ်စတုန်းကတော့ မပျှော်ရင် ၁နှစ်တော့ဝတ်မယ်၊
ပျှော်ရင်တော့ ၃ နှစ်ဆိုပြီးတော့ပေါ့၊ သီလရှင်ဝတ်မယ်ပြောတော့ အားလုံးကသဘော
မတူပါဘူး၊ အတိတ်ကရေစက်ကြောင့်လားတော့အသိဘူး၊ အခုသီလရှင်ဝါ- ၁၃-ဝါရှိသွား
ပါပြီ၊ သုကုမာရဘာသာက မူလတန်းတုန်းကသင်ခဲ့ရတာပါ၊ အရမ်းစိတ်ဝင်စားတယ်၊
ဘာကြောင့်လည်းဆိုတော့ ကဗျာလေးတွေလိုကျက်ပြီး မှတ်ရလို့ပါ၊ စာပြန်တော့မယ်ဆို
အလုအယက်ဘဲ ၊ဘယ်လောက်စိတ်ဝင်စားသလဲဆိုတော့ ၊ သီလရှင်ဘဝလေးမြဲသွား
တာလဲ သုကုမာကြောင့်လို့ဘဲဆိုချင်ပါတယ်၊ အားလုံးလည်းသုကုမာရကို ဖတ်ဖြစ်အောင်
ဖတ်စေချင်ပါတယ်။
သုခကာမီ ပညာရေးကျောင်း ကထိန်ပွဲ
2010년 1월 19일 화요일
ပုဗ္ဗနိမိတ်ကြီး ၃၂ ပါး (တစ်နည်း) အံ့ဖွယ်ကြီး -၃၂ ပါး အကြောင်း
피드 구독하기:
댓글 (Atom)
댓글 없음:
댓글 쓰기