လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

ဆရာတော်များ၏ဂုဏ်ကျေးဇူးများအားခြေတော်ဦးခိုက် ရှိခိုးကန်တော့ပါ၏ဘုရား

ဆရာလေးနှင့် သုကုမာရ

လယ်တီဆရာတော်ဘုရားကြီး၏ သုကုမာရဘာသာကို ဆရာလေးသီလရှင် ဝတ်တဲ့နှစ်မှာ စပြီးသင်ခဲ့ရပါတယ်၊သီလရှင်ဝတ်စတုန်းကတော့ မပျှော်ရင် ၁နှစ်တော့ဝတ်မယ်၊ ပျှော်ရင်တော့ ၃ နှစ်ဆိုပြီးတော့ပေါ့၊ သီလရှင်ဝတ်မယ်ပြောတော့ အားလုံးကသဘော မတူပါဘူး၊ အတိတ်ကရေစက်ကြောင့်လားတော့အသိဘူး၊ အခုသီလရှင်ဝါ- ၁၃-ဝါရှိသွား ပါပြီ၊ သုကုမာရဘာသာက မူလတန်းတုန်းကသင်ခဲ့ရတာပါ၊ အရမ်းစိတ်ဝင်စားတယ်၊ ဘာကြောင့်လည်းဆိုတော့ ကဗျာလေးတွေလိုကျက်ပြီး မှတ်ရလို့ပါ၊ စာပြန်တော့မယ်ဆို အလုအယက်ဘဲ ၊ဘယ်လောက်စိတ်ဝင်စားသလဲဆိုတော့ ၊ သီလရှင်ဘဝလေးမြဲသွား တာလဲ သုကုမာကြောင့်လို့ဘဲဆိုချင်ပါတယ်၊ အားလုံးလည်းသုကုမာရကို ဖတ်ဖြစ်အောင် ဖတ်စေချင်ပါတယ်။

သုခကာမီ ပညာရေးကျောင်း ကထိန်ပွဲ

2009년 1월 15일 목요일

သံဝေဂရှစ်ပါး မြန်မာဆောင်ပုဒ်များ


(၁) နုနယ်ရုပ်ဆင်း၊ ပျိုမျစ်ခြင်းကား၊အိုမင်းနောက်ဆုံး ရှိချေ၏တကား။


(၂) ဥစ္စာဆင်မြင်း၊ ပေါများခြင်းကား၊ ယိုယွင်းနောက်ဆုံးရှိချေ၏တကား။


(၃) ချစ်ခင်ပေါင်းသင်း၊ ဆက်ဆံခြင်းကား၊ ကွေကွင်းနောက်ဆုံးရှိချေ၏တကား။


(၄) ဝိဥာဉ်ထင်လင်း၊ သက်ရှည်ခြင်းကား၊ သေမင်းနောက်ဆုံးရှိချေ၏တကား။


(၅) တက်ကြွားကြွကြွ၊ မြင့်လွန်းကလည်း၊ လျှောကျနောက်ဆုံးရှိချေ၏တကား။


(၆) ခင်မင်ခယ၊ ချစ်လွန်းကလည်း၊ သောကနောက်ဆုံး ရှိချေ၏တကား။


(၇) ပွဲလယ်ပြင်ပ၊ ချီးမွမ်းကြလည်း၊ ရှုတ်ချနောက်ဆုံး ရှိချေ၏တကား။


(၈) ကြည်သာရွင်ပျ၊ ချမ်းသာကြလည်း၊ ဒုက္ခနောက်ဆုံး ရှိချေ၏တကား။...


댓글 없음: