မောင်ငယ်ရင်သွေး၊ နာဘိသေးလော့
ရှေးသရောအခါ၊ ပြည်ဗာရာဝယ်
ကုဋ္ဋေကြွယ်သား၊ သဋ္ဌေးအားလျှင်
သားတစ်ယောက်ဖြစ်၊ ချစ်၍တစေ
အိမ်မှာနေ၍၊ စာပေမကျ
မိဘစုတေ့၊ ခန္ဓာရွေ့သော်
အရှေ့အနောက်၊ တောင်မြောက်ဘယ်ညာ
မသိပါငြား၊ သူဋ္ဌေးသားသည်
သိုထားမတတ်၊ အရပ်ရပ်၌
နှံအပ်ဥစ္စာ၊ ရှိသည်ငှာကို
များစွာကျွန်ပေါင်း၊ မကောင်းခိုးသူ
ယူ၍ပြေးရှောင်း၊ အိမ်ကိုရောင်း၍
ထောင်းထောင်းကြေလျှက်
ခွက်လက်စွဲကာ၊ တောင်းစားပါလည်း
နင်သာလူမိုက်၊ ဒုစရိုက်ဟု
ရိုက်ပုတ်လိုက်ကြ၊
ရွာမှထွက်လေ၊ တောမှာသေသည်
ကောင်သေလင်းတ ကျ၏တည်း။
(ဆားတုံဆရာတော်)
ဆရာလေးနှင့် သုကုမာရ
လယ်တီဆရာတော်ဘုရားကြီး၏ သုကုမာရဘာသာကို ဆရာလေးသီလရှင် ဝတ်တဲ့နှစ်မှာ
စပြီးသင်ခဲ့ရပါတယ်၊သီလရှင်ဝတ်စတုန်းကတော့ မပျှော်ရင် ၁နှစ်တော့ဝတ်မယ်၊
ပျှော်ရင်တော့ ၃ နှစ်ဆိုပြီးတော့ပေါ့၊ သီလရှင်ဝတ်မယ်ပြောတော့ အားလုံးကသဘော
မတူပါဘူး၊ အတိတ်ကရေစက်ကြောင့်လားတော့အသိဘူး၊ အခုသီလရှင်ဝါ- ၁၃-ဝါရှိသွား
ပါပြီ၊ သုကုမာရဘာသာက မူလတန်းတုန်းကသင်ခဲ့ရတာပါ၊ အရမ်းစိတ်ဝင်စားတယ်၊
ဘာကြောင့်လည်းဆိုတော့ ကဗျာလေးတွေလိုကျက်ပြီး မှတ်ရလို့ပါ၊ စာပြန်တော့မယ်ဆို
အလုအယက်ဘဲ ၊ဘယ်လောက်စိတ်ဝင်စားသလဲဆိုတော့ ၊ သီလရှင်ဘဝလေးမြဲသွား
တာလဲ သုကုမာကြောင့်လို့ဘဲဆိုချင်ပါတယ်၊ အားလုံးလည်းသုကုမာရကို ဖတ်ဖြစ်အောင်
ဖတ်စေချင်ပါတယ်။
댓글 1개:
Thanks, I m just looking this poem for some confirmation, and reached here.
댓글 쓰기