လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

ဆရာတော်များ၏ဂုဏ်ကျေးဇူးများအားခြေတော်ဦးခိုက် ရှိခိုးကန်တော့ပါ၏ဘုရား

ဆရာလေးနှင့် သုကုမာရ

လယ်တီဆရာတော်ဘုရားကြီး၏ သုကုမာရဘာသာကို ဆရာလေးသီလရှင် ဝတ်တဲ့နှစ်မှာ စပြီးသင်ခဲ့ရပါတယ်၊သီလရှင်ဝတ်စတုန်းကတော့ မပျှော်ရင် ၁နှစ်တော့ဝတ်မယ်၊ ပျှော်ရင်တော့ ၃ နှစ်ဆိုပြီးတော့ပေါ့၊ သီလရှင်ဝတ်မယ်ပြောတော့ အားလုံးကသဘော မတူပါဘူး၊ အတိတ်ကရေစက်ကြောင့်လားတော့အသိဘူး၊ အခုသီလရှင်ဝါ- ၁၃-ဝါရှိသွား ပါပြီ၊ သုကုမာရဘာသာက မူလတန်းတုန်းကသင်ခဲ့ရတာပါ၊ အရမ်းစိတ်ဝင်စားတယ်၊ ဘာကြောင့်လည်းဆိုတော့ ကဗျာလေးတွေလိုကျက်ပြီး မှတ်ရလို့ပါ၊ စာပြန်တော့မယ်ဆို အလုအယက်ဘဲ ၊ဘယ်လောက်စိတ်ဝင်စားသလဲဆိုတော့ ၊ သီလရှင်ဘဝလေးမြဲသွား တာလဲ သုကုမာကြောင့်လို့ဘဲဆိုချင်ပါတယ်၊ အားလုံးလည်းသုကုမာရကို ဖတ်ဖြစ်အောင် ဖတ်စေချင်ပါတယ်။

သုခကာမီ ပညာရေးကျောင်း ကထိန်ပွဲ

2009년 4월 21일 화요일

ကောသလမင်း၏ အိပ်မက် (၁၆)ချက်

သိပြီးသားသူများလည်းထပ်မံလေ့လာနိုင်အောင်မသိသေးသောသူများလည်းသိရှိလာအောင် ကူးယူတင်ပြလိုက်ခြင်းဖြစ်ပါသည်။
(၁) အရပ်လေးမျက်နှာမှ လေးခုသော နွားလား ဥသဘတို့သည် လာလတ်၍ မင်းရင်ပြင်၌ ဝှေ့မည်ဟု တွန်မြည် ကြုံးဝါးလျက် မဝှေ့ပဲသာလျှင် ဖဲလေကုန်သည်ဟု မြင်မက်ပါသည်။
နောင်အခါ တရားမစောင့်သော မင်းတို့ လက်ထက်၌ အရပ်လေးမျက်နှာမှ မိုးတို့သည် ရွာအံသကဲ့သို့ ထစ်ကြိုးလျက် မရွာပဲသာလျှင် ပျောက်ပျက် ကုန်လတ္တံ့။ ထိုအခါ ကောက်ပဲသီးနှံတို့ ပျက်ဆီး၍ လူတို့၌ အစာရေစာ ရှားပါး ငတ်မွတ်ခြင်း ဖြစ်လတ္တံ့။

(၂) နုနယ်သေးငယ်စွာသော အပင်တို့သည် ပွင့်ကြ သီးကြသည်ကို မြင်မက်ပါသည်။
နောင်အခါ ဆုတ်ယုတ်သောကာလ လူတို့ အသက်တန်း တိုသော ကာလ၌ ယောင်္ကျား မိန်းမတို့သည် ထက်သန် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ငယ်ရွယ်စဉ် အခါ၌ပင် အိမ်ထောင်ပြုခြင်း၊ သားမွေးခြင်း တို့ကို ပြုကုန်လတ္တံ့။

(၃) နွားမကြီးတို့သည် မိမိတို့ မွေးစဖြစ်သော နွားမငယ်တို့၏ နို့ကို စို့သည်ဟု မြင်မက်ပါသည်။
နောင်အခါ ကြီးသောသူတို့အား အရိုအသေပြုခြင်း ပျောက်ကွယ်သော ကာလ၌ အမိအဖ၊ ယောက္ခမ စသူတို့သည် ကိုးကွယ်ရာ မရှိကုန်သည် ဖြစ်သဖြင့် မိမိတို့၏ သားသမီး သားမက် ချွေးမ စသူတို့ထံ၌ ကပ်ရပ်၍ ငြိုငြင် ညှိုးငယ်စွာ အသက်မွေးရကုန်လတ္တံ့။

(၄) လှည်းတို့၌ ဝန်ကို ဆောင်နိုင်သော နွားကြီးတို့ကို မကမူ၍ နွားငယ်တို့ကိုသာ ကစေကုန်၏။ နွားငယ်တို့လည်း ဝန်ကို မနိုင်၍ လှည်းတို့ကိုလည်း ဆွဲခြင်းငှာ မတတ်နိုင်သည်ကို မြင်မက်ပါသည်။
နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အသက်ကြီး ဝါကြီး ပညာရှိကုန်သော သူတို့အား အမတ်၊ တရားသူကြီး စသော ရာထူးစည်းစိမ်တို့၌ မခန့်ထားမူ၍ အသက်၊ ဝါ၊ ပညာ ငယ်ကုန်သော လူငယ်တို့အားသာ ခန့်ထားကြလတ္တံ့။ ထိုအခါ အခွင့်အရေးမသိ၊ မတော် မမှန်ဖြစ်၍ အမှု မပြီး၊ အကျိုးမပြီး ရှိသောအခါ လူငယ်တို့သည် မိမိတို့၏ ရာထူး စည်းစိမ်ကို စွန့်ကြလတ္တံ့။ လူကြီးတို့သည်လည်း ငါတို့မှာ ပြင်ပကသာ ဖြစ်၏ဟု လျစ်လျှုပြု၍ နေကြလကုန်လတ္တံ့။ သို့ဖြစ်၍ တရားမစောင့် အမှုမပြီးကြသည်နှင့် မင်းနှင့်တကွ တိုင်းပြည်ပါ ဆုတ်ယုတ် ပျက်ဆီးကြလတ္တံ့။

(၅) ခံတွင်း နှစ်ခုရှိသော မြင်းသည် ကျွေးလာသော မုယောစပါး စသည်တို့ကို ခံတွင်းနှစ်ခုဖြင့်ပင် စားသည်ဟု မြင်မက်ပါသည်။
နောင် တရားမစောင့်သော မင်းတို့လက်ထက်၌ တရားမစောင့်သော တရားသူကြီးတို့သည် နှစ်ဖက်သော အမှုသည်တို့မှ ပေးသော တံစိုးလက်ဆောင်တို့ကို စား၍ အမှုတို့ကို မမှန်မကန် ဆုံးဖြတ်ကြကုန်လတ္တံ့။

(၆) အဖိုးတသိန်း ထိုက်သော ရွှေခွက်ကို မြေခွေးဖိုအား ကျင်ငယ်စွန့်ရန် ပေး၏။ မြေခွေးလည်း ထိုရွှေခွက်၌ ကျင်ငယ်စွန့်သည်ဟု မြင်မက်ပါသည်။
နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အမျိုးမြတ်သော သူတို့သည် အချီးအမြှောက် မခံရ၊ ဆင်းရဲကြ၍ အမျိုးယုတ်သော သူတို့ အစိုးတရ ကြွယ်ဝ ချမ်းသာကြလတ္တံ့။ ထိုအခါ အမျိုးမြတ်တို့ အသက် မွေးခြင်းငှာ မတတ်နိုင်ကုန်သည် ဖြစ်၍ မိမိတို့ သမီးတို့ကို အမျိုးယုတ်တို့အား ပေး၍ အသက်မွေး ကြကုန်လတ္တံ့။

(၇) တယောက်သော ယောင်္ကျားသည် အင်းပျဉ်၌ ထိုင်လျက် လွန်ကို ကျစ်၍ ခြေရင်း၌ ထား၏။ ထို အင်းပျဉ်အောက်၌ရှိသော ဆာလောင်သော မြေခွေးမသည် ထိုယောင်္ကျား မသိစဉ်လျှင် ထိုလွန်ကို စား၏ ဟု မြင်မက်ပါသည်။
နောင်အခါ မိန်းမတို့သည် အစားအသောက်၊ အဝတ်၊ အနေအထိုင် စသည်တို့၌ လော်လည်ခြင်း ရှိ၍ မိမိတို့ လင်ယောင်္ကျားသည် ဆင်းရဲငြိုငြင်စွာ ရှာဖွေ စုဆောင်းအပ်သော ဥစ္စာ ပစ္စည်းတို့ကို အဝတ်အစား၊ အစားအသောက် တို့၌ လည်းကောင်း၊ သောက်စား ကစားခြင်းတို့၌ လည်းကောင်း၊ အပျော်အပါးတို့၌ လည်းကောင်း၊ သဘောက် လင်ငယ်ထားခြင်း တို့၌ လည်းကောင်း အရမ်းမဲ့လျှင် ဖြုန်းတီးလေလတ္တံ့။ ခွေးမသည် မသိ စဉ်းစား သကဲ့သို့ အိမ်သူ မိန်းမတို့သည် ဤသို့ တိတ်တဆိတ် ဖြုန်းတီး ခိုးစားကြလတ္တံ့။

(၈) ရေမရှိသော အိုးတို့ဖြင့် ခြံရံအပ်သော ရေပြည့်အိုးကြီး တလုံးကို မြင်ရ၏။ လူတို့သည် အရပ် ၈ မျက်နှာမှ ရေကို ယူလာကြ၍ ထိုရေပြည့်အိုးကြီး အတွင်းသို့သာလျှင် လောင်းထည့် ကြ၏။ လောင်းထည့်သော ရေတို့သည် ပြည့်လျှံ၍ ကျကုန်၏။ ဤသို့လျှင် အဖန် တလဲလဲ ရေပြည့်အိုးသို့သာ လောင်းလျှက် ရေမရှိသော အခြံအရံ အိုးတို့ အတွင်းသို့ကား မည်သူမျှ မလောင်း မထည့်ပဲ နေသည်ကို မြင်မက်ပါသည်။
နောင်အခါ မကောင်းသော မင်းတို့ လက်ထက်၌ မင်းနှင့်တကွ လူတို့ တရားပျက်ကွက်၊ သြဇာညံ့ဖျင်း၊ ဆင်းရဲခြင်းသို့ ရောက်ကြကုန်လတ္တံ့။ ထိုအခါ မင်းအစိုးရတို့သည် ဆင်းရဲသားတို့အား မင်း၏ အကျိုးစီးပွား အတွက်ကိုသာ လုပ်ကိုင်စေအံ။ ဆောင်ရွက် စေအံ။ ထမ်းရွက်စေအံ။ သို့ဖြစ်ရကား မင်းတို့၌သာ ပြည့်စုံ အကျိုးခံစားကြရ၍ ဆင်းရဲသားတို့မှာ ရေမရှိသော အိုးတို့ပမာ တစုံတရာ မရှိ ငတ်မွတ် ခေါင်းပါးခြင်းသို့ ရောက်ကုန်လတ္တံ့။

(၉) နက်ရှိုင်း ကျယ်ဝန်းသော ရေကန်ကြီး တခုတွင် သတ္တဝါတို့ ဆင်း၍ ရေသောက်ကြ၏။ ကန်၏ အလယ် ရေနက်ရာ၌ ရေသည် နောက်၍ ကန်နားဝန်းကျင် ရေတိမ်ရာ သတ္တဝါတို့ နင်းရာ၌ ရေသည် ကြည်လင်၏ဟု မြင်မက်ပါသည်။
နောင်အခါ တရားမစောင့်သော မင်းတို့သည် မတရား အုပ်စိုးခြင်း၊ တံစိုးစားခြင်း၊ လော်လည်ခြင်း၊ သနားညှာတာ ဂရုဏာ မဲ့ခြင်း၊ ကြမ်းကြုတ် ရက်စက်ခြင်းတို့ ရှိလျှက် လူတို့အပေါ်၌ အထူးထူး အပြားပြားသော အချင်းအရာဖြင့် အခွန်အတုတ်တို့ကို ခွဲခန့် ကောက်ယူလတ္တံ့။ ထိုအခါ လူတို့မှာ တစ်စုံတစ်ရာ မပေးဆောင်နိုင် ပင်ပန်းဆင်းရဲလျက် မြို့ကြီးရပ်ကြီးတို့၌ မနေနိုင်ပဲ ရပ်စွန် ပြည်နားသို့ သွားရောက်နေကြရသည် ဖြစ်လတ္တံ့။ ကန်အလယ်တွင်နောက်၍ ကန်ဘေးတွင် ကြည်သကဲ့သို့ မြို့လယ်ရွာလယ်၌ တိတ်ဆိတ်၍ ရပ်စွန်ပြည်နား၌ လူစည်ကားလတ္တံ့။

(၁၀) တစ်လုံးတည်းသော အိုးဖြင့် တချိန်တည်းချက်သော ထမင်းသည် အချို့ပျော့၏၊ အချို့ မနပ်၊ အချို့နပ်၏။ ဤသို့ မြင်မက်ပါသည်။
နောင် တရား မစောင့်သော မင်းတို့ လက်ထက်၌ မိုးကွက်ကြား ရွာလတ္တံ့။ ထိုအခါ အချို့နေရာ၌ မိုးရွာလွန်း၍ ကောက်ပဲသီးနှံ ပျက်အံ။ အချို့နေရာ၌ မရွာ၍ ပျက်အံ။ အချို့နေရာ တွင်ကား မိုးမှန်၍ ကောင်းအံ။ ဤသို့လျှင် ထမင်းအိုးတွင် မြင်သော ထမင်းကဲ့သို့ ကောက်ပဲသီးနှံ သုံးထွေ ပြားလတ္တံ့။

(၁၁) အဖိုးတသိန်းထက်သော စန္ဒကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစားသည်ကို မြင်မက်ပါသည်။
နောင်အခါ ငါဘုရား၏ သာသနာတော် ဆုတ်ယုတ်သော ကာလတွင် လော်လည်၍ လာဘ်လာဘကို မက်မော ကုန်သော ရဟန်းအလဇ္ဇီ လူအလဇ္ဇီတို့သည် ဆွမ်း၊ ဆေး၊ ကျောင်း၊ သင်္ကန်း ဥစ္စာပစ္စည်း စသည် တို့ကို အလိုရှိကုန်သည် ဖြစ်၍ လမ်းခရီးဆုံ၊ အိမ်ဝ၊ အိမ်ကြို အိမ်ကြားတို့၌ ငါဘုရား၏ တရားတော်ကို ဟောကြားလတ္တံ့။ နိဗ္ဗာန် အလို့ငှာ ဟောတော် မူအပ်သော အလွန် မွန်မြတ်သော တရားတော်ကို တစ်ပဲ၊ တစ်မူး၊ တစ်ကျပ် စသည်တို့ အကျိုးငှာ ရောင်းစား ဟောပြော ကြသည် ဖြစ်၍ တသိန်းထိုက်သော စန္ဒာကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစား သကဲ့သို့ ဖြစ်ကုန်လတ္တံ့။

(၁၂) ဘူးတောင်းတို့သည် ရေ၌ နစ်သည်ဟု မြင်မက်ပါသည်။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ကိုသာ ရာထူး စည်းစိမ် ပေးသည် ဖြစ်၍ အမျိုးယုတ်တို့ တန်ခိုး အာဏာ ကြီးမား ထင်ပေါ် အရာရာတွင် တွင်ကျယ်လျက် ၄င်းတို့ စကားသာလျှင် ဘုးတောင်း နစ်သကဲသို့ နစ်၍ တည်ကုန်လတ္တံ့။

(၁၃) ကျောက်ဖျာကြီး ရေတွင်ပေါ်သည်ဟု မြင်မက်ပါသည်။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ တော်မှန် လိမ္မာ ပညာရှိသော သူတို့၏ စကားသည် မည်သည့် အရာ၌ မဆို လေးသော ကျောက်ဖျာ ရေတွင် ပေါ်သကဲ့သို့ နစ်တည် ခြင်းမရှိ၊ မခိုင်မမြဲ ရှိကြကုန် လတ္တံ့။

(၁၄) ဖားငယ်မ တို့သည် ကြီးစွာသော မြွေဟောက်ကြီးများကို စားမြိုသည်ဟု မြင်မက်ပါသည်။
နောင်အခါ လူတို့သည် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ကိလေသာ အလိုသို့ လိုက်လျက် ငယ်ရွယ်ကုန်သော မယားတို့၏ အလိုသို့ လုံးဝ လိုက်ကြကုန် လတ္တံ့။ အလုပ်အကိုင်မှု၊ ဥစ္စာ ပစ္စည်းမှု၊ ကျေးကျွန်မှု၊ စီမံခန့်ခွဲမှု စသော အရပ်ရပ်တို့၌ လင်ပေါ်တွင် လွှမ်းမိုး အုပ်စိုးခြင်းကို ပြုကြမည် ဖြစ်ရကား ဖားငယ်မသည် အဆိပ်လျင်သော မြွေကို စားမျိုသကဲ့သို့ ဖြစ်ကုန်လတ္တံ့။

(၁၅) မည်းနက် ရုပ်သွင်၊ အဆင်း ဆိုးဝါးသော ကျီးတို့ကို ရွှေ၏ အဆင်းနှင့် တူသော ရွှေဟင်္သာ တို့က ခြံရံ နေကြသည်ကို မြင်မက်ပါသည်။
နောင်အခါ အားနည်းသော မင်းတို့ လက်ထက်၌ ထိုမင်းတို့သည် ဆင်စီး မြင်းစီး စသော အတတ်တို့၌ မလိမ္မာ၍ စစ်ထိုးခြင်း၌ မရဲရင့်ဘဲ ဖြစ်ကြကုန်လတ္တံ့။ ထိုအခါ တိုင်းပြည် နိုင်ငံ ဆုံးရှုံးမည်ကို စိုး၍ တူသော ဇာတ်ရှိသော သူကောင်းသား တို့အား အစိုးရခြင်းကို မပေးမူ၍ မိမိတို့ထံ၌ ခစား ကြကုန်သော အမျိုး ယုတ်သော ကျေးကျွန်တို့အားသာ ပေးကုန်လတ္တံ့။ သို့ဖြစ်၍ အမျိုးကောင်းသားတို့ ကိုးကွယ်ရာ မရှိပဲ အစိုးရခြင်း၌ တည်ကုန်သော အမျိုးယုတ်တို့ထံ၌ ခစားကြကုန် လတ္တံ့။

(၁၆) ဆိတ်တို့သည် သစ်ကို သတ်စားကြသဖြင့် သစ်တို့သည် ကြောက်လန့်လျက် ဆိတ်တို့ကို အဝေးမှ မြင်လျှင်ပင် တောချုံရှိရာသို့ ပြေးကြသည်ကို မြင်မက်ပါသည်။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ အစိုးရ ကုန်သည် ဖြစ်၍ အမျိုးမြတ်သူတို့ မထင်ရှား ဖြစ်လတ္တံ့။ အမျိုးယုတ် သူတို့မှာ မင်းကျွမ်းဝင်သည် ဖြစ်၍ တရားရုံးတို့၌ သြဇာအာဏာ လွှမ်းမိုးလျက် အမျိုးမြတ်သူတို့၏ ဘိုးဘပိုင် လယ်မြေ ဥစ္စာ အရပ်ရပ်တို့ကို ငါတို့ လယ်မြေဥစ္စာ ဖြစ်သည်ဟု သိမ်းယူကြ၍ တရားတဘောင် ဖြစ်လျှင် တန်ခိုးမဲ့သူတို့အား ဖိနှိပ်ပုတ်ခတ် ခြိမ်းခြောက် နှင်ထုတ်လျက် အနိုင်ကျင့် ကြကုန်လတ္တံ့။ ထိုအခါ အမျိုးမြတ်သူတို့ ကြောက်လန့် စက်ဆုတ်ကုန်သည် ဖြစ်၍ လယ်ယာ ဥစ္စာတို့ကို ပေးအပ်ကုန်လျက် အိမ်သို့ပြန်၍ အိပ်နေကြကုန်အံ။ ထိုမှ တပါးလည်း အကျင့်သီလရှိသော ရဟန်းတို့သည် အကျင့်သီလမဲ့သော ရဟန်းတို့က ချုပ်ချယ် ဖိနှိပ်ကြလေသဖြင့် တောသို့ ပြေးဝင် ပုန်းအောင်း ကြကုန်လတ္တံ့။ ဤသို့လျှင် အမျိုးကောင်း၊ သူတော်ကောင်း တို့လည်း လွတ်ရာ ကျွတ်ရာ တောတောတောင်တောင် တို့ကို ပြေးပုန်း ကြကုန်လတ္တံ့။

2009년 4월 11일 토요일

ငါးပါးသီလနှင့်မြောက်ကျွှန်းနေလူများအကြောင်း

ဥတ္တရကုရုခေါ်သော မြောက်ကျွှန်း၌နေထိုင်ကြသည့် လူတိုပသည် အမြဲ နိစ္စ

ငါးပါးသီလကို လုံခြုံကြသည်။ ယင်း ငါးပါးသီလလုံခြုံသူတို့၏ ဓမ္မတာသိဒ္ဓိကြောင့် အောက်ပါဝိသေသန

အကျိုးထူးများကို ခံစားကြရသည်။

၁။ အိုအိမ်တိုက်တာ

(နေစရာအတွက်အထူးဆောက်နေဖွယ်မလို၊သစ်ပင်များကနေထိုင်မှုအတွက်ကိစ္စပြီးစေသည်.။

၂၊ မြောက်ကျွှန်းနေလူတို့မှာ ရှည်ခြင်းပုခြင်းစသော အပြစ်မျိုးကင်းသည်၊လုံးရပ်သဏ္ဍာန်နှင့်ပြည့်စုံ၍

ကိုယ်လုံးကိုယ်ဖန် အရပ်အမောင်းတူညီကြသည်။

၃။ ဇရာရောဂါ အနှိပ်အစက်မခံရ၍ ဆံပင်ဖြူခြင်းသွားကျိုးခြင်း အရေတွန့်ခြင်း အင်အားကုန်ခမ်းခြင်းမရှိပေ။

၎။ အသက်မွေးဝမ်းကျောင်းအတွက် အဟာရပရိယေသန ဒုက္ခကင်းသည်။

၅။ မှက်၊ခြင်၊ယင်၊ကြမ်းပိုးစသော သတ္တဝါကိုက်ခဲမှုမခံရ။

၆။ စားသောက်မှုအတွက် ဝယ်ရ၊သွားရ၊ချက်ရသော ဒုက္ခမျိုးကင်းသည်၊ အခွံမပါ ဖွဲကင်းသောသလေးဆန်ကို

အာဟာရအဖြစ်သုံးဆောင်ရသည်၊ ပကတိထင်းမီးဖြင့် ချက်မနေရ၊ ဇောတိကမည်သော

ရတနာကျောက်တုံးပေါ်တင်လိုက်လျှင် ချက်ပြီးဖြစ်၏၊ဟင်းနှင့်ဟင်းလျှာအတွက်

သီးခြားစီမံနေစရာမလို၊စားလိုသု၏ူက အချဉ်တမ်းတလျှင်အချဉ် အချိုတမ်းတလျှင်အချို အရသာပေါ်လာ၏။

၇။ အထက်ဖော်ပြပါ အဟာရကိုမှီဝဲသောကြောင့်

နှုနာ၊ပွေး၊ညှင်း၊တင်းတိပ်နာ၊ချောင်းဆိုးပန်းနာ၊မြစ်ချောက်နာ၊အရှုးရောဂါနှင့်အိုနာများ ကင်းဝေသည်။

၈။ မြောက်ကျွှန်းနေလူအချင်းချင်း မနာလိုဝန်တိုစိတ်ကင်းရှင်းကြသည်။

၉။ ရာသီဥတုမျှတသည်။အပူလွန်ကဲမှု၊ အအေးလွန်ကဲမှု ရာသီဒဏ်မခံရ။

၁၀။ မြောက်ကျွှန်း၌ တန်ခိုးကြီးသော ဘုရားပစ္စေကဗုဒ္ဓါတို့ ဆွမ်းခံကြွမြဲ ဓမ္မတာဖြစ်၍ထူးခြားသည်။

၁၁။ မြောက်ကျွှန်း၌ ကုန်းသူ၊ကွသူ၊ ကောက်သူ၊ကွေးသူ၊ခွင်သူ၊

လေငန်းဆွဲသူ၊အင်္ဂါချို့တဲ့သူ၊ဣနြေ္ဒချို့တဲ့သူမရှိချေ။

၁၂။ အမျိုးသမီးများ ၆ပြစ်ကင်း၍ အရုပ်ဆိုးသူမရှိ၊၁၆နှစ်အရွယ်ထင်မှတ်ရသည်၊အမျိုးသားများ ၂၅

နှစ်အရွယ်မှာတည်သည်။

၁၃။ သားသမီးငယ်များက မိဘတို့ကိုနားပုနားဆာမလုပ်ကြ၊တွယ်ကပ်၍မနေကြ။

၁၄။ မြောက်ကျွှန်းနေလူတို့ ကာမကိစ္စ တစ်သက်လုံးမှာ (၇)ရက်သာခံစားကြသည်။

၁၅။ ကိုယ်ဝန်တည်ရခြင်းဒုက္ခ၊ လွယ်ရခြင်းဒုက္ခ၊ ဖွားရခြင်းဒုက္ခတို့မှလည်း ကင်းသည်။

၁၆။ မိဘတို့ကရင်သွေးငယ်အတွက် ကြောင့်ကြစိုက်နေစရာမလို၊ ကလေးများဆော့ကစားရာ

အိပ်ပျှော်ရာမှာထား၍ လိုရာသွားနိုင်သည်။ တွေ့သူက အစားကျွှေးနို့တိုက်သည်။ ကလေးများကံကြောင့်

လက်ညှိုးမှ နို့ထွက်သည်။

၁၇။ အဝတ်အတွက်ပူစရာမလို၊ ပဒေသာပင်မှရသည်။

၁၈။ ရေချိုးသည့်အခါ စုပေါင်းရေချိုးကြသည်၊အဝတ်ကိုစုပုံထားသည်၊ပထမရေချိုးပြီးသူက

အပေါ်ဆုံးမှအဝတ်ကို ယူဝတ်သည်။ငါ့ဟာ သူ့ဟာ ငြင်းခုံမှုမရှိ။

၁၉။ သေသူအတွက် ကျန်ရစ်သူများ ပူဆွေးသောကမဖြစ်၊ မငိုကျွှေးပေ။

၂၀။ အပုပ်နံ့မရှိ၊ သုသာန်သင်္ချိုင်း ထားစရာမလို၊သေသူ၏ရုပ်ကလာပ်ကို အဝတ်ဖြင့်ထုပ်ပတ်၍ ချထားရသည်၊

ကုသိုလ်ကံ အဟုန်ကြောင့် ဖြစ်ပေါ်လာသော ငှက်ကြီးများက တခြားကျွှန်ူသို့ ယူဆောင်သွားကြသည်။

၂၁။သေပြီးနောက် နတ်ပြည်ရောက်သည်၊ ငရဲ၊တိရစ္ဆာန်၊ပြိတ္တာမဖြစ်ချေ။

၂၂။ အနှစ်တစ်ထောင် သက်တမ်းမြဲသည်။

(သာရတ္ထဒီပနီဋီကာမှ)

ရေအိုင်ပမာ ပုဂ္ဂိုလ် (၄) မျိုး


အခါတပါး၌ မြတ်စွာဘုရားရှင်သည် ရဟန်းတို့အား ရေအိုင် ၄-မျိုးကို ဥပမာပြု၍

ပုဂ္ဂိုလ်လေးမျိုးရှိကြောင်း ဟောကြားတော်မှုခဲ့ပါသည်။

ရဟန်းအပေါင်းတို့၊ ဤလောကတွင် ရေအိုင်၎-မျိုးရှိသည်။

ယင်းတို့မှာ

(၁) တိမ်လျှက်နက်ရောင်ရှိသောရေအိုင်

(၂) နက်လျှက်တိမ်ရောင်ရှိသောရေအိုင်

(၃) တိမ်လျှက်တိမ်ရောင်ရှိသောရေအိုင်

(၄) နက်လျှက်နက်ရောင်ရှိသောရေအိုင် တို့ဖြစ်သည်။

ထို ၄-မျိုးတို့တွင်

(၁) ရှေ့သို့သွားခြင်း၊ နောက်သို့ဆုတ်ခြင်း ၊ရှေ့သို့ကြည့်ခြင်း စသော အမှုအရာအားဖြင့်
ကြည်ညိုဖွယ်ရှိသော်လည်း သစ္စာလေးပါးတရားကို မသိသူသည် တိမ်လျှက်နက်ရောင်ရှိသော
ရေအိုင်နှင့်တူသူဖြစ်သည်။
(၂) ဆိုခဲ့သော အမှုအရာတို့အားဖြင့် ကြည်ညိုဖွယ်မရှိသော်လည်း သစ္စာလေးပါးတရားကို
သိမြင်သူသည် နက်လျှက်တိမ်ရာင်ရှိသော ရေအိုင်နှင့်တူသူဖြစ်သည်။
(၃) ဆိုခဲ့သော အမှုအရာအားဖြင့် ကြည်ညိုဖွယ်မရှိ၊ သစ္စာလေးပါးတရားကိုလည်း မသိမြင်သူသည်
တိမ်လျှက်တိမ်ရောင်ရှိသော ရေအိုင်နှင့်တူသူဖြစ်သည်။
(၄) ဆိုခဲ့သောအမှုအရာအားဖြင့် ကြည်ညိုဖွယ်ရှိ၏၊ သစ္စာလေးပါးကိုလည်းသိမြင်သူသည်
နက်လျှက်နက်ရောင်ရှိသော ရေအိုင်နှင့်တူသူဖြစ်သည်ဟု ဟောတော်မှုခဲ့သည်။
ကျမ်းကိုး။ ။ အင်္ဂုတ္တရနိကာယ်၊ စတုက္ကနိပါတ်၊ ဝလာဟကဝဂ်မှ

သာသနာတော်ထွန်းကာဖို့ညီညာညာလက်တွဲကြပါစို့

ိုသာသနာ ဆိုတာက ပါဠိစကားလုံးတစ်ခုပါ၊ မြန်မာလိုပြောပြရရင် အဆုံးအမပေါ့၊ အဲဒီအဆုံးအမဆိုတာ ဘယ်ဘာသာရဲ့အဆုံးအမကိုဖြစ်ဖြစ်၊ ဘယ်ဘာသာရဲ့တရားတော်ကိုဖြစ်ဖြစ် သာသနာ လို့ခေါ်ပါတယ်၊ မှတ်ရမှာက သာသနာ - ဆိုတာ အဆုံးအမတရားတော်။ ဆရာလေးတို့ကတော့ ဗုဒ္ဓသာသနာတော်အတွင်းက ဗုဒ္ဓ အဆုံးအမတော်တွင်းက သာသနာ့ဝန်ထမ်းပါ၊ သာသနာ့ဝန်ထမ်းဆိုတာကတော့ သာသနာတော်ရဲ့ဝန်ကို ထမ်းရွက်ထားကြတဲ့ သူတွေကို သာသနာ့ဝန်ထမ်းလို့ဆိုပါတယ်၊ အဲဒီဆရာလေးတို့ ထမ်းထားကြရတဲ့ ၀န်ဆိုတာကလည်း နှစ်မျိုးနှစ်စားရှိပါတယ်၊ တစ်ခုက ဂန္ထဓူရပါ၊ မြန်မာလိုပြောရရင်တော့ မြတ်စွာဘုရားရှင် ဟောကြားခဲ့တဲ့ အဆုံးအမသာသနာတော်လို့ခေါ်တဲ့ ဓမ္မတွေကို ဖတ် မှတ် ကျက် လေ့လာ၊ စာသင် စာဖတ်၊ စာကျက် စာအံဆိုပါတော့၊ ကိုယ်ကိုယ်တိုင် စာသင်စာကျက်ရတဲ့ ကျောင်းသားအဖြစ်ရယ်၊ ကိုယ်က သူများတွေကို ပြန်သင်ပေးရတဲ့ဆရာဖြစ်ရယ် အဲဒါကို ဂန္ထဓူရလို့ခေါ်ပါတယ်။ နောက် ၀န်တစ်ခုကတော့ ၀ိပဿနာဓူရပဲဖြစ်ပါတယ်၊ အဲဒါကတော့ မဂ်ဖိုလ်နိဗ္ဗာန်ကို အရောက်လှမ်းနိုင်ဘို့ ဗုဒ္ဓညွှန်ကြားပြသ ဆိုဆုံးမခဲ့တဲ့ သာသနာတွေထဲက နည်းလမ်းတွေအတိုင်း လိုက်နာ ကျင့်ကြံ ကြိုးကုတ် အားထုတ်ရတဲ့ အလုပ်ပါပဲ။ ...
အဲဒီအလုပ်နှစ်ခုသည်ပင် ဗုဒ္ဓသာသနာတော်တွင်းက သာသနာ့ဝန်ထမ်းတွေရဲ့ အလုပ်တာဝန်ပါ။ ဒီဓူရနှစ်ဖြာကိုထမ်းဆောင်တဲ့သူမှန်မှသာ သာသနာ့ဝန်ထမ်းလို့ခေါ်ပါတယ်။ အဲဒီလိုသာသနာ့ဝန်ကို ထမ်းဆောင်နိုင်ဘို့ရာအတွက်မှာ ဆရာလေးတို့လို သီလရှင်တွေချည်းသက်သက်ဖြင့်တော့ အောင်မြင်အောင် မစွမ်းဆောင်နိုင်ကြပါဘူး၊
အကြောင်းကတော့ ဆရာလေးတို့ဟာ ကိုယ် စိတ် နှလုံးသုံးပါးကို အပြည့်အ၀ပေးနိုင်ပေမယ့်၊ အဲဒီလို လုပ်နိုင်ဘို့ရာ စား ၀တ် နေရေးအတွက် ပစ္စည်းလေးပါးလို့ခေါ်တဲ့ သင်္ကန်း ဆွမ်း ကျောင်း ဆေးဆိုတာ လိုအပ်ပါတယ်။ လခစား စီးပွားရှာသူတွေ မဟုတ်လေတော့ အဲဒီ လိုအပ်တဲ့ပစ္စည်းလေးပါးကို ထောက်ပံ့ပေးလှူကြမယ့် ‘ဒကာ/ဒကာမတွေဆိုတာ လိုလာပါတယ်။ ပြောရရင် ဆရာနဲ့ဒကာပဲဆိုပါတော့။ ဆရာ/ဒကာ လက်တွဲညီညာမှသာလျှင် သာသနာဆိုတာ တည်တန့်နိုင်ပါတယ်။ တစ်ချို့ကတော့ တွေးကြမယ်ပေါ့၊ ဒီပရဟိတလုပ်ငန်းဟာ သာသနာ့ဝန်ထမ်းတွေနဲ့ ဘာဆိုင်လည်းပေါ့။ တကယ်တော့ ဆိုင်ပါတယ်၊ မြတ်စွာဘုရားရှင်က သာသနာပြုဘို့ ညွှန်ကြားတဲ့နေရာမှာ မိမိကိုယ်တိုင်ချမ်းသာဘို့ (အတ္တဟိတ) မိမိဆွေမျိုးမိဿင်္ဂဟတွေ ချမ်းသာစေဘို့ လောကကြီးချမ်းသာစေဘို့ (လူရော နတ်ပါချမ်းသာစေဘို့) (ပရဟိတ) အဲဒီရည်ရွယ်ချက်တွေနဲ့ သာသနာပြုကြဘို့မိန့်ကြားခဲ့တာ ဖြစ်ပါတယ်။ ဒီတော့ ဆရာလေးတို့အနေနဲ့ ကိုယ့်နိုင်ငံသားတွေ ကိုယ့်ဆွေမျိုးတွေထဲက ပညာမသင်နိုင်ကြတဲ့ ကလေးသူငယ်လေးတွေကို စာပေတတ်မြောက်စေလိုတယ်၊ ပညာတတ်ကလေးတွေဖြစ်ပြီး နိုင်ငံနဲ့လူမျိုးအတွက် အနာဂတ် ကြယ်စင်လေးတွေ ဖြစ်စေလိုတယ်၊ လမင်းကြီးမဟုတ်ရင်တောင်၊ လမင်းကြီးလောက် အလင်းရောင် မပေးဝေနိုင်လျှင်တောင် အဲဒီလမင်းကြီးဘေးနားက ကြယ်စင်လေးတွေလို သူတို့ကိုယ်ပိုင် စွမ်းအားတွေနဲ့ စုပေါင်းညီညာစွာဖြင့် ပြည်နိုင်ငံကို အကျိုးပြုအလင်းလေးတွေနဲ့ တောက်ပစေချင်ပါတယ်။
ဥယာဉ်မှူးတစ်ယောက် ပန်းကလေးတွေ ပွင့်လာစေအောင် ပန်းပင်လေးတွကိုပျိုးကြသလို၊ အဲဒီပန်းကလေးတွေ ပွင့်လာစေအောင် ကြိုးစားအားထုတ်ကြသလို ကူညီပြီး လုပ်ဆောင်ချင်တယ်၊ ကြိုးစားချင်တယ်၊ အားထုတ်ချင်တယ်၊ အဲဒီရည်ရွယ်ချက်တွေနဲ့ ခု ဒီပန်းခင်းကို ပြုစုနေပါတယ်၊ ပန်းလိုချင်ရင် အပင်ပျိုးတတ်မှဆိုသလို ပန်းကိုလိုချင်သော ဆရာလေးတို့ ခု ဒီသုခကာမီဆိုတဲ့ ပျိုးခင်းလေးကို ပျိုးတတ်အောင် ပန်းလှလှလေးတွေပွင့်လာအောင် အားထုတ်နေပါတယ်၊ အပင်ပျိုးတဲ့နေရာမှာ လိုအပ်တာလေးတွေ ရှိကောင်းရှိနိုင်ပါတယ်၊ လိုအပ်တဲ့အရာလေးတွေကို အကြံပေးဘို့ ထောက်ပြပေးဘို့ တစ်စုံတစ်ရာရှိလာခဲ့မယ်ဆိုရင် ပေးစေဘို့ ညွှန်ပြပေးဘို့ ဆရာလေးတို့က ဖိတ်ခေါ်ပါတယ်။ နောက်ပြီး ဆရာလေးတို့ရဲ့ ပန်းခင်းလေးဆီကိုလည်း အလည်အပတ် လာရောက်စေချင်ပါတယ်၊ လာခဲ့ကြပါဦးလို့လည်း ဖိတ်ခေါ်ပါတယ်... အရောက်လာမည့်သူများကို ကြိုဆိုလျက်

ပရဟိတဆိုတာပေးဖို့သက်သက်ပါ

*ကိုယ်ကျိုးမပါ ၊ သူ့တွက်သာငဲ့ကာဆောင်ရွက်ရ။*ကရုဏာထား ၊ မေတ္တာပွားစွမ်းအားဖြည့်ပေးရ။*သူ့ကိုစောင့်ရှောက်၊ ကိုယ့်ဂုဏ်မြောက်ထွန်းတောက်စွမ်းအားရ ပရဟိတဆိုတာ ကိုယ်ကျိုးကို မငဲ့ဘဲ သူ့အတွက် သက်သက်လုပ်ပေးတာပါ၊ သီးခြားအလှူဒါန ကြီးတွေလုပ်ကြတယ်ဆိုတာ သူ့အတွက်ပါတယ်ဆိုပေမဲ့ ကိုယ့်အတွက် ဦးတည်ပြီး လုပ်ကြတာပါ၊ကိုယ့်ရဲ့မဂ်ဖိုလ်နိဗ္ဗာန်ရရေးကို အဓိကဦးတည်တာပါ၊ ဒါကြောင့်သီလရှိတဲ့ မြင့်မြတ်တဲ့ အလှူခံပုဂ္ဂိုလ်တွေကို ရွေးချယ်ပြီး လှူကြတယ်၊ ကိုယ့်အတွက်ငဲ့ပြီး ရွေးချယ်တာပါ။ပရဟိတဆိုတာ သူ့ဆီက ဘာတစ်ခုမှမျှော်လင့်ချက်မထားဘူး၊ ငါတို့က ဒီလို ကူညီဆောင်ရွက် ပေးလိုက်ရင် သူတို့ကငါတို့ကိုအသိအမှတ်ပြုလိမ့်မယ် ၊ပေးကြလိမ့်မယ် ငါတို့လိုအပ်တဲ့အခါသူတို့က ပြန်ကူညီ စောင့်ရှောက်ပေးကြလိမ့်မယ် လို့လုံးဝ မျှော်လင့်ချက်မထားပါဘူး၊ ပရဟိတသဘောဆိုတာ ကိုယ့်ကြောင့် သူချမ်းသာလာရင်တော်ပြီပေါ့ကိုယ့်အတွက်မငဲ့မှ မြင့်မြတ်တဲ့ပရဟိတစိတ်ဖြစ်မှာပါ၊ မြတ်ဗုဒ္ဓကိုကြည့်ကြပါ၊ ကိုယ့်အတွက်ဘာမှမငဲ့ဘူး။ သဗ္ဗညုတဥာဏ်တော်ကြီးကို လိုချင်တာက လောကကြီးမှာကြွားချင်လို့မဟုတ်ပါဘူး၊ ဥာဏ်ကြီးကျယ်မှ အကြီးကျယ်ဆုံး ပရဟိတလုပ်ငန်းကို လုပ်နိုင်မှာဖြစ်လို့ လိုချင်တာပါ၊ များများသိမှ များများပေးနိုင်ပေးနိုင်မယ်၊ ကြီးကြီးသိမှ ကြီးကြီးလုပ်ပေးနိုင်မယ်၊ ကောင်းကောင်းသိမှလည်း ကောင်းကောင်းဖန်တီးပေးနိုင်မယ်၊ ဒါကြောင့် ကြီးကြီးကျယ်ကျယ် လုပ်ပေးချင်းလို့ ကြီးကျယ်တဲ့ဥာဏ်ကို ရဖို့အတွက် အကြီးကျယ်ဆုံး ပါရမီလုပ်ငန်းကို လုပ်ခဲ့တာပါ။ ပရဟိတဆိုတာမျိုးဟာပေးဖို့ သက်သက်ပါ၊ လှူတဲ့အခါသီလရှိတဲ့သူတွေ ရွေးချယ်ကြတာက ကိုယ့်အတွက်ငဲ့လို့ပါ၊ ပရဟိတကျတော့ အယုတ် အလတ် အမြတ်မရွေး ဘယ်သူ ဘယ်ဝှာ မရွေး အားလုံးရဲ့ အကျိုးအတွက်ပါ၊ သူတို့ဆီက ဘာတစ်ခုမှလဲ မျှော်လင့်ချက် မထားပါဘူး၊ ကိုယ့်ကြောင့် သူချမ်းသာသွားရင်ပြီးတာပါဘဲ။

ပန်းနှင့်ဥယာဉ်

ပန်းပွင့်တယ်ဆိုတာကတော့ သဘာဝပါဘဲလေ၊ ဒါပေမဲ့ပွင့်လာတဲ့ ပန်းကလေးတွေ၊ ပျိုးထားတဲ့ ပန်းကလေးတွေ ဘေးကင်းရန်ကင်းနဲ့ဖွံ့ဖြိုးစေဖို့ ရနံ့သင်းတဲ့ပန်းကလေးတွေ ပွင့်လာစေဖို့ကတော့ ဥယာဉ်မှူးရဲ့ ပြုစုပျိုးထောင်းတတ်မှူ့ ဂရုစိုက်မှူ့အပေါ်မှာတည်မှီနေပါတယ်။ အဲဒါကြောင့်မို့ဆရာလေးအနေနဲ့ ဆရာလေးတို့ပြုစုတည်ထောင်ထားတဲ့ "သုခကာမီ"ဆိုတဲ့ ဥယာဉ်လေးထဲမှာ ပန်းကလေးတွေက ဘေးကင်း၊ရန်ကင်းနဲ့ရှင်သန်စေချင်ပါတယ်၊ ရနံ့သင်းတဲ့ ပန်းကလေးတွေ ဖြစ်အောင်လည်း ဆရာလေးတို့ကျိုးစားရမယ်၊ အဲဒီပန်းကလေးတွေဖူးပွင့်လာတဲ့အခါရနံ့သင်းမယ်၊ အလှဂုဏ်တွေနဲ့ကြွယ်ဝနေမယ်ဆိုရင်ဆရာလေး ဒီဥယာဉ်လေးကို ပြုစုပျိုးထောင်ရကျိုးနပ်ပါပြီ၊ ဆရာလေးတို့ ရဲ့ ပရဟိတ(ဥယာဉ်မှူး)ဆိုတာ မျိုးက ပန်းကလေးတွေ ထံမဘာတစ်ခုမှမျှော်လင့်ထားတာမရှိပါဘူး၊ ဆရာလေးတို့ပြုစုပျိုးထောင်ပေးလိုက်တာ ပန်းကလေးတွေ ဘဝရှေ့ရေးကောင်းသွားဖို့ တခုတည်းအတွက်ပါဘဲ၊ တကယ်တော့ ပရဟိတဆိုတာလောဘကို တိုက်ရိုက်ဖြိုဖျက်ရတဲ့အလုပ်ဖြစ်ပါတယ်၊ မေတ္တာ၊ကရုဏာ၊ စေတနာတွေထားပြီးလုပ်ရတာပါ၊ ဆရာလေးကတော့ ရှားပါးလှတဲ့ လူ့လောကကြီးမှာ ရင်ဆိုင်တွေ့ကြုံနေရတဲ့ မိဘများကို ရင်နှင့်အမျှ ကရုဏာဖြစ်မိပါတယ်၊စီးပွားရေးက အဆင်မပြေ သားသ္မီးလေးတွေ ပညာတတ်အောင် ကျောင်းထားပေးချင် ထားစရာငွေကမရှိ ဘယ်လောက်များ စိတ်သောက ရောက်လိုက်လေမလဲလို့ စာဝင်ရောက်ဖတ်ရှု့သူများစဉ်းစားကြည့်ပါ၊ အဲဒီထဲမှာဖူးချင်ပွင့်ချင်တဲ့ ပန်းကလေးများဧကန်ရှိပါတယ်၊ ဒီပန်းကလေးတွေဖူးနိုင်ပွင့်နိုင်ဖို့အတွက် ဆရာလေးတို့ ဆရာတပည့်တိုင်ပင်ကြိုးစားခဲ့ကြတာပါ၊ ဆရာလေးက အခုလောလောဆယ်နိုင်ငံရပ်ခြားမှာရှိနေတော့ ငွေအင်အားမှလွဲပြီး မကူညီနိုင်သေးပါဘူး၊ ဆရာကြီး၊ ဆရာလေးများရဲ့ ဥာဏ်အင်အား၊ ခွန်အားတွေနဲ့လုပ်ဆောင်ပေးနေကြပါတယ်၊ ဆရာကြီးနှင့်တကွ ဆရာလေးများအားလုံးကိုလည်း အထူးကျေးဇူးတင်ကြောင်းပြောပါရစေ၊ ပရ(ဥယာဉ်မှူး) ဟာ တချိန်ကဆရာလေးရဲ့ အိပ်မက်ကလေးပါ၊ ဆရာလေးလည်း ဘဝကိုခက်ခက်ခဲခဲကျော်ဖြတ်ခဲ့ရသူမို့ ဆရာလေးရဲ့ ပန်းကလေးတွေကို ပန်းကောင်းလေးတွေဖြစ်အောင် ဘဝရပ်တည်မှုလေးတွေရသွားအောင် ဆရာလေးရဲ့အသက်နဲ့ ခန္ဓ္ဓာရှိနေသမျှဘယ်လို အခက်အခဲဘဲတွေ့တွေ့ရင်ဆိုင်မယ်၊ ကျိုးစားမယ်ဆရာလေးသန့်စင်တဲ့ စိတ်ထားနဲ့ကောင်းတာလုပ်တဲ့အတွက် ဆရာလေးရဲ့ ပန်းကလေးတွေ အပေါ်ထားတဲ့ စေတနာကဆရာလေးကို ပြစ်မထားဘူးဆိုတာယုံကြည်ပါတယ်၊ ကိုယ့်စေတနာဟာကိုယ့်ရဲ့ လုပ်ခဘဲမဟုတ်လား၊ ဆရာလေးကတော့ စဉ်းစားတိုင်း ပီတိဖြစ်မိတာ အမှန်ပါ။
ပန်းကလေးတိုင်း ဖူးပွင့်လန်းဖြာကြပါစေ။

ပန်းတိုင်းကိုပွင့်စေလိုသော ဆန္ဒ

ပရဟိတမျိုးဆက်သစ်လူငယ်ဆိုတဲ့ပန်းလေးတွေကိုနေရာတိုင်းမှာဆရာလေးတွေ့နေခဲ့ဘူးပါတယ်၊တွေ့လည်းတွေ့နေရတုန်းပါဘဲ၊
နောက်လည်းထပ်ကာထပ်ကာ တွေ့နေရဦးမှာဘဲလို့ ယုံကြည်နေမိပါတယ်၊ တကယ်တန်းဆိုရင်တော့
ပန်းလေးတွေရဲ့ ဘဝဟာ ဥယာဉ်မှူးရဲ့ အပေါ်မှာ တည်မှီနေရတယ် ဆိုတာကိုလည်း
ဆရာလေးကသိထာဲးပြီးဖြစ်နေပါတယ်။ ဥယာဉ်မှူးမဲ့တဲ့ ပန်းကလေးတွေကို တွေ့ရတဲ့အခါတိုင်း ဆရာလေး
တွေးမိတာက ဒီပန်းကလေးတွေကို ပြုစုပျိုးထောင်းပေးနိုင်ခဲ့ရင်၊ ပေးလိုက်မယ်ဆိုရင် ဒိပန်းကလေးတွေ
ဒီထက်ပိုလှလာလိမ့်မယ်၊ လန်းစန်းဝင့်ကြွားလာကြလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။အဲဒါကြောင့်
ဆရာလေးဒီ သုခကာမီ အမျိုးသ္မီးသင် ပညာရေးကျောင်းဆိုတဲ့ ဥယာဉ်ငယ်လေးကိုဆရာလေးရဲ့ ဥပဇ္ဈယ်
ဆရာကြီး ဒေါ်အဂ္ဂဥာဏီ နှင့်လက်တွဲပြီး (၇.၆.၂၀၀)မှာစတင်တည်ထောင်ဖွင့်လှစ်ခဲ့ပါတယ်။ လမ်းနဘေးမှာ
ပွင့်နေတဲ့ ပွင့်နိုင်စွမ်းရှိလျှက် မပွင့်လိုက်ရဘဲဘဝ သေသွားရတဲ့ ပန်းကလေးတွေအတွက် ဒီဥယာဉ်ငယ်လေးကို
အခု တည်ထောင်လိုက်ပါပြီ၊ ဆရာလေး စိုက်ပျိုးပါတော့မယ်၊ ပန်းကလေးတွေရဲ့ဘဝလေးအစဉ်
လှပစေဖို့တတ်နိုင်သမျှသောအင်းအားတွေနဲ့ ဆောင်ရွက်ပါတော့မယ်။ ဒီပန်းကလေးတွေကို ဆရာလေးနဲ့အတူ
လက်တွဲပြီး ပြုစုပျိုးထောင် ပေးကြလိုသော ပန်းချစ်သူ ဓမ္မမိတ်ဆွေများကိုလည်း လာရောက်လက်တွဲ
ပျိုးထောင်ပေးကြစေဖို့ဆရာလေးလက်ကမ်းပါရစေ၊ဆရာလေး နဲ့အတူ ပန်းကလေးများကို
ဖူးပွင့်လန်းစန်းစေကြရအောင်ပါလို့ ဆန္ဒပြု လိုက်ပါရစေ။
ဆရာလေး- မဥဇ္ဇောတိနီ(ခေတ္တကိုရီးယား)

လမ်းပြကြယ်များသို့

ပြာလဲ့လဲ့ မိုးကောင်းကင် တစောင်းတင်နေတဲ့ အနီရောင် နေမင်းကြီးကိုကြည့်ပြီး အိုင်တီ ခေတ်ကြီးထဲမှာ

ငယ်စဉ်အခါ ကျောင်းမနေရတဲ့ ကိုယ့်ဘ၀ကို ပြန်လှန်စဉ်စားမိခဲ့၊။ စိမ်းဖြူရောင် ၀တ်စုံလေးတွေနဲ့

ကျောင်းသွားနေတဲ့ ရွယ်တူ သူငယ်ချင်းတွေကို ကြည့်ပြီး ဘယ်သူမှ မသိအောင်းမျက်ရည်ဝဲခဲ့။

တက်ချင်ခဲ့တဲ့ ကျောင်း၊သင်ချင်ခဲ့တဲ့စာ ငါနဲ့ မဆိုင်သလိုရှိခဲ့၊ ကံ ကြမ္မာဆိုတာ

ငါမစဉ်းစားမိခဲ့၊လေးခွနဲလောက်စာ အပေါက်ပါတဲ့ ညစ်ထေထေ လွယ်အိတ်တစ်လုံးကိုလွယ်ပြီး နေ့စဉ်ဝ

မ်းစာအတွက် ငါရုန်းကန်ခဲ့ရ။ ဒုက္ခရောက်နေတဲ့ ခြေနှစ်ချောင်း မကယ်ကောင်း ဆိုတဲ့ စကားသံတွေ ခါးသီးစွာ

ကြားခဲ့ရ၊ ဒီလိုနဲ့ စခဲတဲ့ ငါဘ၀ သုညကမ္ဘာက ရုန်းမထွက်နိုင်ခဲ့။ ခေတ်တွေပြောင်း စနစ်တွေပြောင်း အသစ်တွေ

အဟောင်း အဟောင်းတွေ အသစ်ဖြစ်ခဲ့။ ငါမွေးခဲ့တဲ့ ငါမြေမှာ ဗက ဆိုတာ ပေါ်ခဲ့။အခမဲ့ ပညာရေး အစာလည်း

ကြွေး နေစရာ ပေးသတဲ့၊ ဒီအချိန်မှ စာသင်ရင် သူများအမြင် ငါ အရူးဖြစ်မတဲ့၊ ငါ ငယ်ငယ်က ဆိုရင် ဆိုတဲ့

အတွေးကြောင့် ငယ်စဉ်က မျက်ရည်များ ဆက်လက်စီးဆင်းသွားခဲ့၊။ကိုယ့်အရေး ကိုယ်မတွေး ပညာရေးကို

ဦးစားပေး၊ စာမတတ်သူ ပပျောက်ရေးနဲ့ ဘာသာ သာသနာအတွက် အားတက်စွာ ဆောင်ရွက်နေကြတဲ့ ဗက

ပညာရေး၊အလေးပေးဆောင်ရွက်နေသူ အားလုံးကို အနာဂတ် ကမ္ဘာ၊သာသနာအတွက် လမ်းပြကြယ်များဟုပင်

ကမ္ဖျည်းတင်ချင်ခဲ့။

လမင်းငယ်