စိတ်ကောင်းရှိဖို့က ပထမပါ။
တရားတော်တွေကို စဉ်းစားနေရတာ စိတ်ချမ်းသာတယ်။
လောကကြီးအကြောင်း တွေးနေရတာ သံဝေဂဖြစ်တယ်။
ကိုယ့်စိတ်ကို ချမ်းသာအောင် မထားတတ်သေးဘူးဆိုရင်
မိမိမှာ ဘာပညာမှမတတ်သေးဘူးလို့မှတ်ပါ။
(မဟာဂန္ဓာရုံဆရာတော်- အရှင်ဇနကာဘိဝံသ)
ဆရာတော်များ၏ဂုဏ်ကျေးဇူးများအားခြေတော်ဦးခိုက် ရှိခိုးကန်တော့ပါ၏ဘုရား
ဆရာလေးနှင့် သုကုမာရ
လယ်တီဆရာတော်ဘုရားကြီး၏ သုကုမာရဘာသာကို ဆရာလေးသီလရှင် ဝတ်တဲ့နှစ်မှာ
စပြီးသင်ခဲ့ရပါတယ်၊သီလရှင်ဝတ်စတုန်းကတော့ မပျှော်ရင် ၁နှစ်တော့ဝတ်မယ်၊
ပျှော်ရင်တော့ ၃ နှစ်ဆိုပြီးတော့ပေါ့၊ သီလရှင်ဝတ်မယ်ပြောတော့ အားလုံးကသဘော
မတူပါဘူး၊ အတိတ်ကရေစက်ကြောင့်လားတော့အသိဘူး၊ အခုသီလရှင်ဝါ- ၁၃-ဝါရှိသွား
ပါပြီ၊ သုကုမာရဘာသာက မူလတန်းတုန်းကသင်ခဲ့ရတာပါ၊ အရမ်းစိတ်ဝင်စားတယ်၊
ဘာကြောင့်လည်းဆိုတော့ ကဗျာလေးတွေလိုကျက်ပြီး မှတ်ရလို့ပါ၊ စာပြန်တော့မယ်ဆို
အလုအယက်ဘဲ ၊ဘယ်လောက်စိတ်ဝင်စားသလဲဆိုတော့ ၊ သီလရှင်ဘဝလေးမြဲသွား
တာလဲ သုကုမာကြောင့်လို့ဘဲဆိုချင်ပါတယ်၊ အားလုံးလည်းသုကုမာရကို ဖတ်ဖြစ်အောင်
ဖတ်စေချင်ပါတယ်။
သုခကာမီ ပညာရေးကျောင်း ကထိန်ပွဲ
2008년 11월 30일 일요일
စိတ်စွမ်းအင်
လောကတွင် ရိုးစားသောစိတ်၊ ဖြောင့်မတ်သောစိတ်၊ တည်ငြိမ်သောစိတ်ကို
အဓိကပန်းတိုင်ထားရမည်၊ ထိုစိတ်ကို ပုံမှန်ထား၍ ကံ၊ ဥာဏ်၊ဝီရိယ စွမ်းအင်ကို
အခြေအနေအလျောက် အရင်းတည်ပြီး မနေမနား ကျိုးစားလေ့ရှိသူများသည်
ထန်းပင်၊ ပေပင်ကြီးများကဲ့သို့ အစဉ်တိုးတက်နေကြသည်။
မရိုးသားသူများအပါ် ကျော်တက်သွားမြဲဖြစ်သည်။
ရိုးသားဖြောင့်မတ်သူများသည် မရိုးသားသူများကို နောက်ချန်ထားခဲ့ကြမြဲဖြစ်သည်။
(တောင်တန်းသာသနာပြုဆရာတော်-ဦးဥတ္တမသာရ)

စိတ်သန့်ရှင်းပါစေ
ခန္ဓာကိုယ်ကြီး ဘယ်လောက်နာနာ စိတ်ကိုတော့ မနာကြစေနဲ့။
စိတ်ကို မထိခိုက် မနစ်နာအောင် ကျိုးစားရပါမယ်။
ခန္ဓာကိုယ်က မစင်ကြယ်သေးတဲ့ အရာတွေ ထားလိုက်ပါအုန်း၊
စိတ်၌ဖြစ်တဲ့ အညစ်အကြေးတွေကိုတော့ အရင်ဆေးကြောပါ။
စိတ်ဟာ ကိလေသာ အညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်နေပြီဆိုရင်
ခန္ဓာကိုယ်ကြီး ပုတ်နေသော်လည်း အဲဒီစိတ်စင်ကြယ်နေတဲ့ ပုဂ္ဂိုလ်ဟာ
ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်ပါ။
ခန္ဓာကိုယ်၌ ရောဂါဖြစ်နေရင် အဲဒီရောဂါကို အသာထားပြီး
စိတ်၌ဖြစ်တဲ့ရောဂါကို အရင်ကုသဆုံးမပါ။

피드 구독하기:
글 (Atom)